Saturday, September 6, 2008

Video System

Hard Disc ထဲကို ရောက်သွားတဲ့အချိန်မှာ ဒီ Movie တစ်ခုရဲ့ Properties တွေထဲမှာဘာတွေပါလဲ။ နံပါတ်တစ်- File Name နဲ့ Extension ။ နံပါတ်နှစ် - သူရဲ့ Frame Size ။ Pixel Ratio - 720 x 480 (သို့မဟုတ်) 640 x 480 ။ Pixel တွေရဲ့ ဖွဲ့စည်းပုံ။ နံပါတ်သုံး - NTSC လား၊ PAL လား။ NTSC ဆိုရင် NTSC ၊ PAL ဆိုရင် PAL ။ မတူဘူးနော်။ ရိုက်ကတည်းက မတူဘူး။
အဲဒီ Format နှစ်ခုက ပြဿနာရှိတယ်။ NTSC က ကမ္ဘာမှာ နိုင်ငံလေးဆယ်လောက်ပဲသုံး တာ။ အမေရိကန်၊ ဂျပန်၊ မြန်မာ၊ နောက် အင်ဒိုနီးရှားပါတယ်။ PAL က တစ်ကမ္ဘာလုံးသုံးတာ။ ဒါပေမယ့်လည်း NTSC ကိုဘာလို့ရှောင်လို့မရတာလဲဆိုတော့ အမေရိကန် နဲ့ ဂျပန်ဟာ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေဖြစ်တယ်။ အီလက်ထရောနစ် ပစ္စည်းတွေကို ဦးဆောင်ထုတ်လုပ်နေတာ ဖြစ်တယ်။ အဲဒီအတွက် NTSC ကိုရှောင်လို့ မရဘူး။ အိန္ဒိယတို့၊ စင်္ကာပူတို့၊ ဘန်ကောက်တို့မှာ အီလက်ထရောနစ်ပစ္စည်းတွေလိုက်ဝယ်ရင် NTSC က အရမ်းရှားတယ်။ လမ်းဘေးမှာနော်၊ Digital Video Camera ဆိုတာ ယိုးဒယားမှာ လမ်းဘေးမှာရောင်းတာ။ ပလက်ဖောင်းတွေမှာ တာလပတ် စတွေခင်းပြီးတော့ အပုံလိုက်ရောင်းတာ။ သွားကြည့်လိုက်အကုန်လုံး PAL တွေချည်းပဲ။ သူတို့ နိုင်ငံရဲ့ Format က PAL ကိုး။ စလောင်းတွေတပ်နေကြတယ်။ ဆယ်ပေတို့၊ ရှစ်ပေတို့၊နှစ်ပေတို့။ စလောင်းတွေအားလုံးက PAL ပဲ။ စလောင်းတွေကို Domestic TV နဲ့ ကြည့်လို့မရဘူး။ 110 TV တွေ။ စလောင်းကြည့်လို့မရဘူး။ စလောင်းကလာတဲ့ Channel အများဆုံးဟာ PAL ပဲ။ NTSC နဲ့လာတာ နှစ်လိုင်းလား မသိဘူး။ ဒါပဲရှိတယ်။ CNN သတင်းလိုင်းက NTSC နဲ့လာတာ။ PAL နဲ့လည်းလွှင့်တယ်။ NTSC နဲ့လည်းလွှင့်တယ်။ ကျွန်တော်တို့ဟာ အဲဒီ Format အကြောင်းသိ ရမယ်။ Digital Video မှာ တကယ့်ကို Frame by Frame အတိအကျ အလုပ်လုပ်ရတာဖြစ်တဲ့ အတွက်။ Frame Rate တွေအကြောင်းကို သိရမယ်။ NTSC ရဲ့ Frame Rate က ဘယ်လောက် လဲ။ 29.97 ။ PAL က 25 ။ Film ကဘယ်လောက်လဲ။ 24 ။ Frame Rate လို့ခေါ်တယ်။ တစ်စက္ကန့်မှာသွားတဲ့ ပုံအရေအတွက်နှုန်း။ တစ်စက္ကန့်မှာ NTSC က 29.97 ပုံနှုန်း ပြနိုင်တယ်။ PAL က 25 ပုံနှုန်းပြနိုင်တယ်။ ရုပ်ရှင်က 24 ပုံပဲ ပြတယ်။ Frame Rate တွေအကြောင်းသိရမယ်။

No comments: