Wednesday, September 17, 2008

Analog & Digital Editing Natures

Post Production သမားအဖြစ် ခံယူလိုက်ပြီဆိုရင် ခုနက အရည်အချင်းတွေဟာ တဖြည်းဖြည်းနဲ့ လေ့ကျင့်ပြီးတော့ ယူသွားဖို့လိုအပ်ပါတယ်။ Pre-Production, Production, Post Production ဆိုတဲ့ လုပ်ငန်းစဉ်တွေအကြောင်း နားလည်သွားပြီဆိုရင် မြန်မာနိုင်ငံရဲ့ Post Production အကြောင်းကို ပြောပြ ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကအားဖြင့် ရုပ်သံထုတ်လွှင့်မှု ဌာနကြီးနှစ်ခု ရှိပါတယ်။ မြန်မာ့အသံ နဲ့ မြဝတီ ဖြစ်ပါတယ်။ မြန်မာ့အသံကို အရင်စပြီး ထူထောင်တာပါ။ မြန်မာ့အသံကို ၁၉၈၀ မှာစပြီး ထူထောင်ပါတယ်။ မြန်မာ့အသံကို ထူထောင်ဖို့အတွက် ဂျပန်ကနေ နည်းပညာအကူအညီ ပေးပါတယ်။ ဂျပန်နိုင်ငံရဲ့ အခြေခံအဆောက်အဦးတွေအားလုံးဟာ အမေရိကန်နည်းပညာစီးဆင်းမှု ရှိတာကိုတွေ့ရပါ တယ်။ မြန်မာ့အသံရဲ့ စက်ကိရိယာတွေနဲ့ နည်းပညာအားလုံးဟာ ဂျပန်ရဲ့နည်းပညာတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အမေရိကန်ရယ်၊ ဂျပန်ရယ်၊ မြန်မာနိုင်ငံရယ် တခြားသော နိုင်ငံသုံးလေးဆယ်ကို NTSC Standard သုံးတာတွေ့ရပါတယ်။ ကျန်တဲ့ ကမ္ဘာအနှံ့မှတော့ PAL စနစ်သုံးတာတွေ့ရပါတယ်။ မြန်မာ့ အသံကို ၁၉၈၀ မှာ မထူထောင်ခင်တုန်းက မြန်မာနိုင်ငံမှာ ဗီဒီယိုဆိုတာ မရှိပါဘူး။ Film လို့ခေါ်တဲ့ ရုပ်ရှင်ပဲရှိပါတယ်။ လူတွေဟာ ဖျော်ဖြေရေးကဏ္ဍမှာ ရုပ်ရှင်ရုံတွေဆီသွားပြီးတော့ ရုပ်ရှင်ကြည့်ကြရပါ တယ်။ TV ဆိုတာ မရှိပါဘူး။ ၁၉၈၀ မြန်မာ့အသံ စတင်ထုတ်လွှင့်တဲ့အခါမှာ Black & White TV တွေ ပေါ်လာပါတယ်။ ပြီးတော့မှ Color TV တွေ တဖြည်းဖြည်းနဲ့ ပေါ်လာပါတယ်။ ၁၉၈၃ ခုနှစ်လောက်ကျ တော့ မြန်မာရုပ်ရှင်ဒါရိုက်တာကြီးတွေဟာ ဗီဒီယိုနည်းပညာ ပေါ်ပေါက်လာပြီဖြစ်လို့ ဗီဒီယိုတွေကို ရိုက်ကူးထုတ်လုပ်ကြပါတယ်။ အဲဒီတော့ ၃၅ လမ်း၊ ၃၆ လမ်းမှာ ၁၉၈၃၊ ၁၉၈၄ လောက်ကစပြီးတော့ Analog Editing ကားဆက်ခန်းတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ Analog Editing ဟာအခုထိ ရှိပါတယ်။
Digital Editing ဘက်ကို ခေတ်ပြောင်းလာတာတွေ့ရပေမယ့် အတော်များများသော ဗီဒီယိုတွေ ဟာ Analog Editing နဲ့ လုပ်ကိုင်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ အဲဒီတော့ Analog Editing တစ်ခုရဲ့ ပုံစံကိုကြည့်မယ်ဆိုရင် အနည်းဆုံးအောက်စက်လို့ခေါ်တဲ့ Deck သုံးလုံးပါပါတယ်။ အဲဒီအောက်စက်တွေ ဟာ ကျွန်တော်တို့အိမ်မှာ Consumer Use လို့ခေါ်တဲ့ အိမ်မှာလက်ရှိ ပြည်သူလူထုဝယ်ယူကြည့်ရှုနေတဲ့ အောက်စက်တွေမဟုတ်ပါဘူး။ Professional လို့ခေါ်တဲ့ ကြေးစားအဆင့်မီတဲ့ အောက်စက်တွေဖြစ်ပါ တယ်။ သိပ်လည်း ဈေးကြီးပါတယ်။ များသောအားဖြင့် Analog Editing Device တွေကို JVC , SVHS အမျိုးအစားတွေ တွေ့ရပါတယ်။ အရှေ့မှာ VU Meter လို့ခေါ်တဲ့ အသံရဲ့နှုန်းထားပြတဲ့ ဒိုင်ခွက်လေးတွေ ပါပါတယ်။ သူ့ကို ကြိုးမဲ့ Remote တွေနဲ့ ဆက်သွယ်လို့မရပါဘူး။ Remote ဆိုရင် ကြိုးနဲ့ဆက်ထားတာ တွေ့ရပါတယ်။ သူ့ရဲ့ခလုတ်တွေဟာလည်း Touch Sensitive လို့ခေါ်တဲ့ ထိလိုက်ရုံနဲ့ Play တဲ့ခလုတ် တွေမဟုတ်ပါဘူး။ တော်တော်လေး အားစိုက်ပြီးတော့နှိပ်မှ သွားတဲ့ခလုတ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ Editing အတွက်ကို Device သုံးခုရှိမယ်။ အဲဒီ Device သုံးခုဟာလည်း Format အတူတူဖြစ်ရပါမယ်။ ဥပမာအားဖြင့် JVC , SVHS NTSC ဆိုရင် သုံးလုံးစလုံးဟာ JVC , SVHS NTSC ဖြစ်ရပါမယ်။ အဲဒီ Deck တစ်လုံးစီမှာ ထွက်လာတဲ့အရုပ်တွေကိုကြည့်ဖို့အတွက် Video Monitor သုံးလုံးလိုပါတယ်။ အိမ်မှာကြည့် နေကျ TV မျိုးနဲ့မတူပါဘူး။ Monitor ဆိုတာ ရုပ်သံ Quality အစစ်၊ သူ့ရဲ့အရောင်အမှန် True Color အမှန်ကို ရရှိဖို့အတွက်ကို သက်သက်ဖန်တီးထားတဲ့ TV လိုမျိုး Monitoring လုပ်တဲ့ Device တစ်ခုဖြစ်ပါ တယ်။ သူဟာလည်း သိပ်ဈေးကြီးပါတယ်။ အိမ်တွေမှာ သုံးလေးသုံးထရှိတာ မတွေ့ရပါဘူး။ ဒါပေမယ့် Monitor အစစ်ကို မဝယ်နိုင်ရင် TV ကိုအစားထိုးပြီးတော့ သုံးစွဲလို့ရပါတယ်။
အခြေခံသဘောတရားအားဖြင့် ခုနတုန်းကရိုက်လာတဲ့အခွေကို Deck 1 နဲ့ Deck 2 ထဲမှာအခွေ ကိုထည့်ပါမယ်။ အဲဒီ Deck 1 နဲ့ Deck 2 ထဲကအခွေကို တေ့ဆက်ဆက်ပြီးတော့မှ Deck 3ထဲ မောင်းထည့်ကြတယ်။ Deck 1 , Deck 2 နဲ့ Deck 3 ဆိုတဲ့ Device တွေကို ထိန်းချုပ်ဖို့အတွက် Controller ဆိုတဲ့ Unit တစ်ခုပါပါတယ်။ Controller ဟာ အဲဒီ Deck တွေကို တစ်ခုချင်းသွားနှိပ်နေစရာ မလိုပါဘူး။ A,B,C ဆိုပြီး Switch တွေကိုပြောင်းပြီးတော့ Device တွေကိုပြောင်းပြီးတော့ စေခိုင်းလို့ ရပါတယ်။ အဲဒီကြားထဲမှာ ကိုယ်ထည့်ချင်တဲ့ စာတမ်းတွေထိုးဖို့အတွက် Chrominance Keying လို့ခေါ် တဲ့ တူညီတဲ့အရောင်တွေကို ဖယ်ရှားဖို့အတွက် Transition လို့ခေါ်တဲ့ ကားကူးကားဆက်မှာ လှပအောင် Transition တွေထည့်ဖို့အတွက်ကို ကျွန်တော်တို့ဟာ Chroma keyer သော်လည်းကောင်း၊ Transition Device သော်လည်းကောင်း အဲဒါတွေကိုအားလုံးပေါင်းထားတဲ့ Video Mixer လို့ခေါ်တဲ့ ပစ္စည်းလေးကို တွေ့ရပါတယ်။ Switcher ဟာ အရင်တုန်းကတော့ Analog Switcher တွေရှိပါတယ်။ နောက်ပိုင်းကျ တော့ Digital Switcher လို့ခေါ်တဲ့ ဒီဂျစ်တယ်နည်းပညာကိုအခြေခံတဲ့ Switcher တွေဝင်လာတာတွေ့ရ ပါတယ်။ Controller ကနေ Device တွေကို ထိန်းချုပ်မယ်၊ ကိုယ်လိုချင်တဲ့ အရုပ်တွေ Deck 1, Deck 2 ထဲမှာရှာမယ်။ ပြီးရင် Deck 3 ထဲမှာ Master အဖြစ် Tape တစ်ခုထည့်ထားမယ်။ အဲဒီ Controller ကနေပြီးတော့ No.1,No.2 ထဲကအရုပ်တွေကို Final Decision အဖြစ် ဆုံးဖြတ်ပြီးတော့ ရီဟာဇယ်မောင်း ကြည့်လို့ရပါတယ်။ ရီဟာဇယ်ကိုကြိုက်ပြီဆိုရင် Deck 3 ထဲကိုမောင်းထည့်လိုက်ယုံပါပဲ။ အဲဒါဟာ Analog Editing တစ်ခုရဲ့ အခြေခံအကျဆုံးသော ပုံစံဖြစ်ပါတယ်။
Digital Editing ပေါ်လာတဲ့အခါကျတော့ အဲဒီလို Format တူ Device တွေသုံးခုရှိစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ Digital Editing ဟာ Online လို့ခေါ်တဲ့ အခုဒီအရုပ်ကိုကြည့်၊ ဒီအရုပ်ကိုအခုပဲ နေရာမှတ်သားပြီးတော့ Mastering လုပ်တဲ့ စနစ်မျိုးမဟုတ်ပါဘူး။ Offline လို့ခေါ်တဲ့ ကြားခံနေရာတစ်ခု ထဲမှာ Raw တွေကို အရင်ဆုံးစုဆောင်းပြီးတော့မှ အဲဒီ Raw တွေကို Final Decision ဖြစ်သွားအောင် တည်းဖြတ်ရတဲ့ပညာဖြစ်ပါတယ်။ ဒါကြောင့် Analog Editing ကို Online Editing လို့ခေါ်ပြီး Digital Editing ကို Offline Editing လို့ခေါ်ပါတယ်။ Digital Device တွေဖြစ်တဲ့ DV Player တွေကို ခုနလို Controller တွေနဲ့ချိတ်ပြီးတော့ ကားဆက်တယ်ဆိုရင်လဲ ဒါဟာ Digital ထဲမှာမှ Online Editing လို့မှတ်ယူလို့ရပါတယ်။ Analog Editing တစ်ခုမှာ ခုနပြောတဲ့ စက်ပစ္စည်းတွေအများကြီးရှိမယ်။ သူဟာ Electronic ကိုအခြေခံထားတဲ့ Electronic Base System ဖြစ်မယ်။ Digital Editing ကတော့ Computer ကိုအခြေခံထားတာဖြစ်မယ်။ Digital Editing မှာ ခုနအရုပ်တွေကို Computer ထဲဝင်လာဖို့အတွက် Video computer card ဆိုတဲ့ Device တစ်ခုလိုအပ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကြည့်လိုက်ရင် သူဟာ ချဲ့ထွင်ရင်ချဲ့ထွင်သလို ဈေးမြင့်တာကိုတွေ့ရမယ်။ Analog Editing ဟာလည်း သူ့ဈေးနဲ့သူ ဈေးကြီးပါ တယ်။ Digital Editing ဟာလည်း သူ့ဈေးနဲ့သူ တန်ဖိုးမြင့်မားအောင်လည်း ဆင်လို့ရပါတယ်။ ဈေးနှုန်း သက်သာအောင်လည်း ဆင်လို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်လုံးမှာ ကောင်းကျိုးနဲ့ဆိုးကျိုး ဆိုတာရှိပါတယ်။ ဘာကြောင့် အခုနောက်ပိုင်းမှာ Digital Editing တွေ ခေတ်စားလာရတာလဲဆိုတာ ရှင်းပြချင်ပါတယ်။ Analog Editing ရဲ့ ကောင်းကျိုးက ဘာလဲဆိုတော့ သူဟာ မြန်တယ်။ ဈေးနှုန်းအရ ဈေးသက်သာတယ်။ ပြီးတော့ အကြမ်းခံတယ်။ Air Con တွေဘာတွေနဲ့ ထားစရာမလိုပါဘူး။ ဖုန်တသော သောထဲမှာလည်း ထားလို့ရပါတယ်။ Digital Editing ဟာ Computer ကို အခြေခံထားတဲ့အတွက် အင်မတန်နုပါတယ်။ Aircon နဲ့ ထားရတယ်။ ဖုန်တွေဘာတွေဝင်လို့မရဘူး၊ ကိုင်တွယ်တဲ့သူကလည်း စည်းကမ်းရှိရပါတယ်။ Moisture တွေဘာတွေ ကပ်လို့မရဘူး။ သူ့ရဲ့ အားနည်းချက်အားသာချက်တွေရှိ ကြပါတယ်။
Quality ပိုင်းမှာ ကြည့်လို့ရှိရင် Camera ထဲမှာထည့်ရိုက်လာတဲ့အခွေဟာ ဒီရုပ်သွထုတ်လုပ်မှု တစ်ခုအတွက် တကယ့်အရေးကြီးဆုံးသော Master Quality ဖြစ်ပါတယ်။ သူ့လောက်ကောင်းတဲ့ Quality ဘယ်မှာမှမရှိပါဘူး။ ဒီရိုက်ခွေထဲကအရုပ်ကို No.1, No.2 ဆိုတဲ့ Deck တွေထဲမှာထည့်ပြီး No.3 Deck ထဲကို Master အဖြစ်မောင်းထည့်လိုက်တဲ့အခါမှာ သူဟာ တတိယအဆင့်ကိုကျသွားပါပြီ။ ဒါဟာ First Copy ဖြစ်ပါတယ်။ အဲဒီ First Copy Master ရတဲ့အခွေဟာ တီးလုံးသံမပါသေးပါဘူး။ အဲဒါကို Dubbing လုပ်ချင်ရင် Post Dub လို့ခေါ်တဲ့ အပြင်မှာ တီးလုံးတွေကိုတီးပြီးတော့မှ သူ့ကိုပြန်ပေါင်းရတဲ့အဆင့်ကို လုပ်ရပါတယ်။ အချို့က Post Dub ကို Master ဆွဲလို့ရတဲ့အခွေပေါ်မှာပဲ ထပ်နင်းပြီးထည့်ကြတာရှိတယ်။ အချို့က နောက် တစ်ဆင့်ပြန်ချပါတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့ နောက်တဆင့်ပြန်ချကို တွေ့ရပါတယ်။ ခုနတုန်းက Second Copy ကနေ Post Production လုပ်ပြီးအချော Quality ဟာ Third Copy အဖြစ်ကိုရောက်ပါပြီ။ သူဟာ ပထမရိုက်ခွေကတဆင့် Master ထဲကို၊ Master ထဲကမှတဆင့် Post Dub လုပ်တဲ့အခါမှာ သူဟာ အားလုံးပေါင်းသုံးဆင့် Third Generation လို့ခေါ်တဲ့ သုံးဆင့် Quality ကျသွားပါပြီ။ အဲဒီ Quality ဟာ ဗီဒီယိုဇာတ်ကားအတွက် တစ်ခုတည်းသော Master အခွေဖြစ်ပါတယ်။
အဲဒီ Master ခွေကို တိုင်းနဲ့ပြည်နယ်တွေကို RC ကြေးနဲ့ရောင်း၊ အဲဒီ တိုင်းနဲ့ပြည်နယ်တွေက RC ကြေးပေးပြီး Master ခွေကို လာဝယ်တယ်။ ဝယ်ပြီးတော့မှ သူတို့တိုင်းနဲ့ပြည်နယ်အောက်မှာရှိတဲ့မြို့ တွေနဲ့ဗီဒီယိုခွေဆိုင်တွေကို ပြန်ပြီးဖြန့်ကြပါတယ်။ ပြည်သူလူထုမျက်စိထဲကိုရောက်တဲ့ဗီဒီယိုရုံတစ်ခုမှာ ထိုးပြတဲ့ မြန်မာကားတစ်ခွေဟာ Quality အနည်းဆုံး Quality လေးငါးဆင့်လောက်ကျနေတာကို တွေ့ရ ပါတယ်။ ဒါကြောင့်မို့လို့ ဗီဒီယိုတိတ်သားနဲ့ အဆင့်ဆင့်ကူးယူတဲ့မြန်မာနိုင်ငံက System ဟာ နည်းနည်း ချို့ယွင်းချက်ရှိပါတယ်။ သူတို့ဆီမှာဆိုရင်တော့ ဒီလိုမျိုးဗီဒီယိုကို တစ်ခွေပြီးတစ်ခွေ တစ်ဆင့်ပြီးတစ်ဆင့် ပြန်ကူးတာကို လက်မခံပါဘူး။ Original Master ကနေပြီးတော့ ဆွဲချထားတဲ့ ပါကင်ပိတ်ဘူးတွေနဲ့ Master ခွေကိုသာ သူတို့က ပြည်သူလူထုကို ရောင်းချခြင်းဖြစ်ပါတယ်။ နိုင်ငံခြားမှာက Copy Right Law က ခိုင်မာပါတယ်။
Digital Editing ဘာလို့ ခေတ်စားလာတဲ့ကိစ္စကို ကြည့်လိုက်ရင် ခုနတုန်းက Quality ကျတယ်ဆို တဲ့ဟာကို ပညာရပ်အခေါ်အဝေါ်နဲ့ Generation Lost ဖြစ်တယ်လို့ခေါ်ပါတယ်။ Generation မျိုးဆက် Lost ကျဆင်းသွားတယ်။ အရုပ်ရဲ့ Quality ဟာ တဖြည်းဖြည်းကျဆင်းသွားတာကို Generation Lost လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် စဉ်းစားကြည့်လိုက်ကြရအောင်။ ရိုက်ခွေရဲ့အကောင်းဆုံးQuality ကို Video Capture Card ထဲကနေ Computer Hard Disk ထဲကိုမောင်းထည့်လိုက်တယ်။ ဒါဟာ ပထမတစ် ဆင့်ပဲကျပါသေးတယ်။ ပထမတစ်ဆင့်ကျတဲ့ Quality ဟာလည်း Deck to Deck သွားတုန်းကလိုမျိုး Generation Lost မှာ Percentage အရမ်းမများပါဘူး။ Deck to Deck သွားတဲ့အချိန်မှာ အရုပ်တစ်ခုဟာ တစ်ကော်ပီကူးလို့ရှိရင် ၅% ကျတယ်ဆိုရင် Digital မှာ ၃% လောက်ပဲကျတယ်လို့ ကျွန်တော်တို့မှတ် ယူနိုင်ပါတယ်။ အဲဒီတော့ ၁၀၀ % ရှိတဲ့ အရုပ်တစ်ခုဟာ ကွန်ပျူတာထဲရောက်တဲ့အချိန်မှာ ၉၇ % အခြေ အနေကိုရနိုင်ပါတယ်။ အဲဒီ ၉၇ % ရှိတဲ့အရုပ်ကိုမှ Software တွေအကူအညီနဲ့ ကျွန်တော်တို့တွေ တည်းဖြတ်ကြတယ်။ ဒီ Clip တစ်ခု ဒီအရုပ်တစ်ခုကို Software ထဲမှာဘယ်နှခါပြန်သုံးသုံး၊ ထပ်တလဲလဲ ပြန်သုံးသုံး သူဟာ အတူတူပဲဖြစ်ပါတယ်။ အရုပ်တစ်ခုကို နှစ်ခါသုံးခါပဲပြန်ပွားပွား၊ ဆယ်ခါပဲပြန်ပွားပွား Editing Software တွေပေါ်မှာရှိတဲ့ Timeline ထဲက အရုပ်တစ်ခုဟာအတူတူပဲ ဖြစ်ပါတယ်။ အဲဒီအရုပ်ကို မှ Editing Final ပြီးလို့ရှိရင် ဆင်ဆာအခွေတင်မယ်၊ ဆင်ဆာအခွေကြိုက်လို့ နောက်ဆုံး Master ကိုပေး ချင်တယ်ဆိုရင် ခုနလို Analog Tape တွေကနေ ပေးရင်တော့ ခုနက Analog Editing ပုံစံအတိုင်း တစ်ဆင့်တစ်ဆင့် ပြန်ကျနေဦးမှာပါ။ ဒါပေမယ့် Digital Editing ဖြစ်တဲ့အတွက် သူ့ရဲ့အားသာချက်က ဘာလဲဆိုတော့ Digital Media တွေဖြစ်တဲ့ VCD,DVD လို့ခေါ်တဲ့ မီဒီယာတွေဘက်ကိုဆင်းလို့ရပါတယ်။ ဥပမာအားဖြင့် DVD ခုတ်မယ်ဆိုရင် ၉၇ % ရှိတဲ့ Master Quality ကနေ DVD ကိုခုတ်တဲ့အခါမှာ နောက်ထပ်၃% ကျတယ်ဆိုရင်တောင် သူဟာ DVD ဘဝရောက်တဲ့အချိန်မှာ ဒီအရုပ်ရဲ့ Quality ဟာ ရိုက်ခွေထက် ၆ % ပဲကျမှာပါ။ Quality ဟာ ၉၄% ကျန်သေးတယ်လို့ မှတ်ယူလို့ရပါတယ်။
DVD ပေါ်ရောက်သွားတဲ့ အရုပ်တစ်ခုဟာ ဘယ်လောက်ထိ ကော်ပီပွားပွား သူဟာ ကော်ပီပွား တယ်လို့တောင် မခေါ်နိုင်ပါဘူး Duplicate လုပ်တယ်လို့ခေါ်ပါတယ်။ ဒါဟာ SCSI copy ဖြစ်တဲ့အတွက် ပုံယူပွားလိုက်ခြင်းသာဖြစ်ပါတယ်။ DVD တစ်ချပ်ကို အချပ်တစ်သိန်းပွားလည်း Quality အတူတူပါပဲ Master Quality နဲ့ အချပ်တစ်သိန်းရဲ့ Quality ကအတူတူပါပဲ။ ဒီအချပ်ရဲ့ အမျိုးအစားကိုမူတည်ပြီး ရေရှည်ခံမလား၊ မခံလားဆိုတဲ့ အပေါ်မှာပဲမူတည်ပြီးတော့ ဒီသက်တမ်းကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ပြည်သူလူထုလက်ထဲကို ရောက်တဲ့အချိန်မှာ ဒီ Digital လမ်းကြောင်းကနေ စီးဆင်းလာတဲ့အရုပ် တစ်ခု ဟာ Quality တော်တော်လေးကို ကောင်းအောင်လုပ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ အဲဒါကြောင့်မို့ အခုကားလတ်လို့ခေါ်တဲ့ DVD ရုပ်ရှင်ကားတွေ ရန်ကုန်မှာ စပြီးခေတ်စားလာတာတွေ့ရပါတယ်။ အဲဒီတော့ Analog မှာလည်း သူ့ရဲ့ကောင်းကျိုးဆိုးကျိုးတွေ ရှိပါတယ်။ Digital မှာလည်း ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိပါတယ်။ Digital ရဲ့ဆိုးကျိုးက ဘာလဲဆိုတော့ Analog လောက်မြန်မြန်ဆန် ဆန်လုပ်လို့မရဘူး။ သူဟာ Online Editing မဟုတ်တဲ့အတွက် အရုပ်ကြမ်းတွေကို အရင်ဆုံး ကွန်ပျူတာ ထဲကို Capture လုပ်ရပါမယ်။ အဲဒီ Capture လုပ်ထားတဲ့ File တွေကိုလည်း Master မထွက်မချင်း ဂရုတ စိုက်နဲ့ ထိန်းသိမ်းရမယ်။ Master ထွက်ခါနီးကျမှ ဒီ Hard Disk ပျက်သွားတာမျိုးဆိုရင် ကျွန်တော်တို့ဟာ အစကနေ ပြန်လုပ်ရမယ့် သဘောရှိပါတယ်။ ပြီးတော့ ကွန်ပျူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အချိန်မ ရွေး System Error , Hardware Error ဆိုတဲ့ အမှားအယွင်းမျိုးစုံ ရှိနိုင်ပါတယ်။ သူ့ကို ဂရုစိုက်ဖို့လိုအပ် ပါတယ်။ သူဟာ အချိန်အကြာကြီးလုပ်ရတဲ့အတွက်ကြောင့် ဈေးနှုန်းလဲပိုပြီးကြီးမြင့်ပါတယ်။ လုပ်နိုင်ကိုင် နိုင်စွမ်းရှိတဲ့ Possibility မှာသူဟာ Analog Editing ထက်အများကြီး သာသွားပါပြီ။ တစ် Frame ချင်းလို အပ်သလိုပြုပြင်လို့ ရပါတယ်။ အသံတွေကိုကြိုက်သလို ပြန်ပြီးတော့ အထပ်ထပ်အခါခါ လဲကြည့်လို့ရပါ တယ်။ အရုပ်တွေကိုလည်း Quality မကောင်းတာ၊ အရောင်မမှန်တာရှိရင် ပြန်ပြီးတော့ ညှိလို့ရတယ်။ Special Effect လို့ခေါ်တဲ့ အထူးပြုလုပ်ချက်တွေ ကျွန်တော်တို့ ထည့်ပေးလို့ရပါတယ်။ ဒါတွေကတော့ Digital Editing ရဲ့ အားသာချက်တွေပါ။ ရန်ကုန်မှာတော့ Analog Editing နဲ့ Digital Editing နှစ်ခုကို ဘက်မျှပြီး လုပ်နေကြတာကို တွေ့ရပါတယ်။

No comments: