Thursday, August 28, 2008

Finding My Friends Around The World

ဘယ်ရောက်နေကြလဲ သူငယ်ချင်းတို့....
ငါ့ကိုဆက်သွယ်ကြပါဦး..ရောက်လေရာဘ၀က email ပို့ပါ
wunnamedia@gmail.com
စင်ကာပူရောက်ရင်လည်းဖုန်းဆက်ပါ။ (+65)(98804835)
စင်ကာပူမှာ မြတ်ကျော်(အမေရိကန်)၊ ခွန်ထက်၊ စီနီယာ ကိုကျော်ဇောထွန်း၊ ကိုနေအောင်ထွန်းတို့ ရှိတယ်။
ကျန်တဲ့သူငယ်ချင်းများကိုလည်းလက်ဆင့်ကမ်းပေးပါ။

ပျောက်နေသောငတိလေးများ

IWT အဖွဲ့
သက်အောင်စိုး (ဂျပု)
ကျော်ကျော်နိုင် (ငပျင်း)
လှိုင်နေအောင် (မီးသတိ)
သက်နိုင်ဦး (ငါး)
နိုင်ထွန်းလင်း
အစွယ်လေး
သာလျောင်း
မောင်မောင်သိုက်ကြည်ဦး (ငှက်)

5 Star အဖွဲ့
ဇင်မောင်အေး (ကြက်တော)
ပိုင်စိုးအောင် (ဖင်ကြီး)
ဝေဖြိုး (ခလောဘေး)

အထက(၂)ဗဟန်း အဖွဲ့
ဝင့်မောင်ထက်
ကျော်မင်းထွန်း (ကြွက်နီ)

Wednesday, August 27, 2008

Comrades From Media Industry

၁၉၉၉ မှ စတင်လက်တွဲခဲ့ကြသော
မီဒီယာလောကမှ ရောင်းရင်းများ

Nicolas Myint @ Adoe
Animator
32 Avenue RD, Middlesex
Southall UB1 3BW
London
Ph: (+44) (07890120966)
nicolasmyint@gmail.com

Yezarni @ Mg Ye
Motion Graphic Artist
Mandalay, Upper Myanmar
Ph: (+952) (33601)
yznzarni@gmail.com

Nay Myo Aung
Pianist
Gitamait Music School, Yangon.

Zaw Zaw Win
After Effects Artist
gusonghtel@gmail.com

Ko Hein @ Arafat
Music Composer
donalex68@gmail.com

Chan Mye Aung
After Effects Artist
MIKKO

Bo Bo Kyi
Animator
k.bobo14@gmail.com

Zin Myo Tun
Video Editor
Man Htet Chi Films

Kyaw Myo Thu
Video Editor
Phyo & Minn Films

Sunday, August 24, 2008

Sink

နွံ

မနက်စောစော
မုန့်ဟင်းခါးစားသူ
အာလူးစားသူ
ဆန်ပြုတ်စားသူ
ငိုသံနဲ့ဘ၀ကိုစခဲ့ကြ
စိတ်အမာရွတ်တွေကလည်း
ကျွဲပခုံးထလို့

ကြိုးတန်းပေါ်လမ်းလျှောက်ကြရတယ်
ခနော်ခနဲ့ယဉ်ကျေးမှုငြမ်း
ဆဋ္ဌမအသိစိတ်ဟန်ချက်
ကာမဂုဏ်ပုလင်းခွံများထဲ
လောကပရမတ္တတရား
ဘယ်လိုရှာရှာ
ဘယ်မှာတွေ့လိမ့်မလဲ

ပြည့်အင့်လေးလံလှတယ်
ကကြိုးပျက်အသိုက်အမြုံထဲ
နေ၀င်မိုးချုပ်
ခန္ဓာရုပ်အတွက်ရင်းစား
လိပ်ပြာမလှဘ၀ထွေထွေ

တတိယလှိုင်းလည်းဖြတ်ခဲ့ပြီ
သတီစရာစိုးစဉ်းရှိပေလိမ့်
မီးကူးခဲ့မောဟလောင်စာများ
တနေ့စာဟောကိန်းထုတ်ပုံငဲ့
ဇရာအလာ အခါနှောင်းခဲ့ကြ
ခဏ
တဘဝ
အနန္တ ။      ။
     ရေချမ်း
သြဂုတ် ၂၄ ၂၀၀၈

Morning

နံနက်ခင်း

ကမှုးရှုးထိုးပြေးလာတဲ့ရထားကို
ဘူတာကဇက်ကြိုးလှမ်းဆွဲလိုက်တယ်

အရှိန်မသတ်တတ်တဲ့ငါလည်းပါ
လိုဘစက္ကူစွန်ကိုအမြီးဆွဲသူလည်းပါ
မှင်မောင်းဝတ်ဆင်ထားသူလည်းပါ
အမှားတွေကိုကျယ်ပြန့်ဖို့ကြိုးစားသူလည်းပါ

အိပ်ပစ်လိုက်..အိပ်ပစ်လိုက်
အ၀ိဇ္ဇာကိုငှက်သိုက်နဲ့ကြိုသောက်ပစ်မယ်
ငါ့ရင်တွေပြိုယွင်းဆွေးမြေ့နေပြီလေ

ဟောဒီမှာ
ပစ်ချခဲ့တဲ့စည်းမျဉ်းတစ်ခု
ငါ့ပခုံးပေါ်က ၀ိစိကိစ္ဆာတစ်ခု
လမ်းမှားလာတဲ့ဝင်ရိုးစွန်းတစ်ခု

သက်ပြင်းချတတ်တယ်
ဝပ်တွားသွားတတ်တယ်
KIOSK တွေကိုကြိုက်တယ်
အမဲလိုက်တတ်တယ်

ဟင့်အင်း
ငါသိလို့မဖြစ်ဘူး
ကြိုးနဲ့သီပြီးရောင်းစားပစ်မှာ
ဒီမနက်ခင်းတွေကိုမုန်းတဲ့စိတ်နဲ့။     ။

                                              ရေချမ်း
မတ် ၁၇-၂၀၀၈

Thursday, August 21, 2008

Street Seller

ဈေးသည်

တဆိတ်ကိုတအိတ်လုပ်မယ်
လျှာဖျားမှာပဲစည်းကမ်းရှိမယ်
အတိတ်ကအကောင်းတွေနှိုက်ထုတ်မယ်
အဆိုးဆိုရင်ကံပုံချမယ်
နောက်ပြောင်ခြင်းနဲ့စိတ်အဆာဖြေမယ်
ငွေရဖို့အားလုံးကိုစတေးမယ်

လောဘနဲ့ကျန်းမာရေးလဲမယ်
လူမှုရေးနဲ့ဂုဏ်တည်ဆောက်မယ်
ရုပ်ရည်နဲ့ရိုးသားဟန်ဆောင်မယ်
အပြုံးနဲ့သဘောကောင်းပြမယ်

ငါကလွဲရင်အားလုံးမှားတယ်
ငါမှားတာလောကြီးသွားလို့
မင်းမှားတာအရည်အချင်းမရှိလို့
ငါပညာမတတ်တာစီးပွားရေးအားသန်လို့
မင်းပညာမတတ်တာမင်းမိဘမကောင်းလို့

ငါယူတာယူသင့်လို့
မင်းယူတာလောဘကြီးလို့
ငါမလုပ်နိုင်တာငါ့အလုပ်မဟုတ်လို့
မင်းမလုပ်နိုင်တာမင်းညံ့လို့

အတ္တတွေရမယ်...အတ္တတွေရမယ်
ဟင်အင်း..ကျနော့်ကိုယ်ပိုင်မဟုတ်ဘူး
ဘေးကလူဆီက
စေတနာနဲ့ယူရောင်းပေးတာ

လာနော်..လာနော်
အတ္တတွေရမယ်။     ။

ရေချမ်း
ဧပြီ ၂၃ ၂၀၀၈

Saturday, August 2, 2008

Inferiority

သိမ်ငယ်ခြင်း

ငါ..အိုပြီလား
ဆံပင်ထောင်တာကိုကြည့်မရဘူး
Over time ကိုမုန်းတယ်
Communist စနစ်ကိုနှစ်သက်နေတုန်းပဲ
ဗမာ့ရုပ်သေးကိုသိပ်ကြိုက်တယ်

ငါ..အိုပြီလား
Yummy Yummy ဆိုတာနားမလည်ဘူး
Multi-Level Marketing ကိုရှုံ့ချတယ်
ကိန်းခန်းကြီးတာကိုလက်ခံတယ်
Rock ဂီတကိုတပ်မက်တယ်

ငါ..အိုပြီလား
PS 2 မကစားတတ်ဘူး
ဈေးဝယ်မထွက်တတ်ဘူး
ဆေးပေါ့လိပ်သောက်တယ်
Clint East-wood ပြုံးသလိုပြုံးတယ်

ငါ..အိုပြီလား
နှစ်ယောက်တစ်ပြိုင်တည်းမချစ်တတ်ဘူး
Milk Shake မကြိုက်ဘူး
နိုင်ငံရေးစိတ်ဝင်စားတယ်
Canvas ဖိနပ်ပဲကြိုက်တယ်

ငါ..အိုပြီလား
နွဲ့နေတဲ့ယောက်ျားဆိုရွံတယ်
Modern ပန်းချီတွေမခံစားတတ်ဘူး
တိတ်ဆိတ်တဲ့နေရာမှာရွေးနေတယ်
Film ကင်မရာတွေပိုကြိုက်တယ်

ငါ..အိုနေလားလို့
တစ်နေ့၁၆ကြိမ်
၁ နာရီခြားစဉ်းစားကြည့်နေမိတယ်
နံရံပေါ်ကနာရီလက်တံတွေသွားနေတုန်း
ငါ..အိုပြီလား။     ။
ရေချမ်း
မေ ၁ ၂၀၀၈