Friday, September 26, 2008

3D Pianist


သုံးဖက်မြင် စန္ဒယားဆရာ

“အိုကေ၊ ရွေးချယ်ခံရတယ်ဆိုရင် ဒီဖုန်းနံပါတ်ကို ဆက်သွယ်လိုက်မယ်။ ဟုတ်ပြီလား”

နောက်ဆုံး အင်တာဗျူးဝင်လာသူ ကောင်လေးက ခေါင်းငြိမ့်ပြပြီး အခန်းထဲက ပြန်ထွက် သွားတယ်။ ရေချမ်းလည်း ကိုယ်ရေးရာဇဝင်ဖိုင်တွဲတွေကို စုထပ်လိုက်ပြီး အထက်ကိုတင်ပြဖို့ ရုံးခန်းထဲက ထွက်ခဲ့တယ်။ အပြင်ခုံတန်းနားရောက်တော့ လူငယ်လေးတစ်ယောက်က ရေချမ်းကို မျက်လုံးဝင့်ပြီး လိုက်ကြည့်နေတာကို သတိထားမိလိုက်တယ်။ သူဌေးကို ဖိုင်တွဲတွေပေးခဲ့ပြီး ကိုယ့်ရုံးခန်းကို ပြန်လာချိန် အထိ အဲဒီလူငယ်က ရေချမ်းကို ကြည့်နေဆဲမို့ မေးကြည့်မိလိုက်တယ်။

“ ငါ့ညီက ဘာစောင့်နေတာလဲ။ ”

“ ကျွန်တော် ဗီဒီယိုတည်းဖြတ်ဌာနအတွက် အင်တာဗျူးလာဖြေတာပါ ခင်ဗျာ။ ”

“ ဟေ၊ အခုပဲ အင်တာဗျူးပြီးသွားတာလေ။ ညီကဘာလို့ အခန်းထဲဝင်မလာတာလဲ။ ”

“ နာမည်ခေါ်သံ မကြားလို့ပါခင်ဗျာ။ ”

“ သြော်၊ အေး အေး ၊ လာ လာ။ ”

ရေချမ်းရုံးခန်းထဲရောက်တော့ စားပွဲပေါ်က စာရွက်စာတမ်းတွေထဲ ပြန်ရှာကြည့်တော့မှ သူ့ကိုယ် ရေးရာဇဝင်ကို အခြားဖိုင်တစ်ခုထဲ ညပ်နေတာတွေ့တယ်။ ညှိုးငယ်တဲ့ မျက်နှာနဲ့ အဲဒီလူငယ်ကို စိတ်အားငယ်သွားမှာစိုးလို့ ချက်ချင်းပဲ အလုပ်အတွက် နောက်ဆက်တွဲ အင်တာဗျူးလိုက်ပါတယ်။

နေမျိုးအောင်ကို ရေချမ်းစတွေ့ခဲ့တဲ့နေ့ကအကြောင်းပါ။ နေမျိုးအောင်က မြန်မာ အိန္ဒိယနယ်စပ် တမူးမြို့ကပါ။ ဖခင်ကျောင်းဆရာကြီး ဆုံးပါးပြီးတဲ့နောက် မိခင်ဖြစ်သူက သူတို့ညီအစ်ကိုနှစ်ယောက်ကို အိမ်မှာအပ်ထည်တွေလက်ခံပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ဖခင်ကြီးရဲ့ ပဲ့ပြင်မှုကြောင့် စာပေအနုပ ညာမှာ ဝါသနာထုံပြီး အထက်တန်းကျောင်းမှာတုန်းက ဒိုးပတ်အဖွဲ့ရဲ့ ပင်တိုင်ကီးဘုတ်သမားဖြစ်ခဲ့တယ်။ ဘက်ထရီလေးလုံးထည့်ရတဲ့ ကီးဘုတ်ခပ်သေးသေးနဲ့ မြန်မာသံတွေ Notes တွေမပါဘဲ တီးတတ်တယ်။ သူ့ပြောအရတော့ “ အသံထွက်မှန်ရင်ပြီးရော ဖြစ်သလိုတီးတာပေါ့” တဲ့။

၁၀တန်းအောင်တော့ အဖေထားခဲ့တဲ့ မောင်ဗမာစက်ဘီးနဲ့ အိန္ဒိယဘက်ကို ကယ်ရီပို့တယ်။ တောလမ်းတွေ တောင်ပတ်လမ်းတွေအတိုင်း အခေါက်ပေါင်းများစွာ ပို့ခဲ့တဲ့ လေ့ကျင့်ခန်းတွေကြောင့် နေမျိုးအောင်ဟာ သိပ်ကိုကျန်းမာတယ်။ ရေချမ်းနဲ့ အတူတူ အလုပ်လုပ်လာခဲ့ကြတဲ့ ၆နှစ်တာကာလ အတွင်း ၂ ခါလားပဲ ကိုယ်ပူပြီး ဖျားဖူးလေရဲ့။ ပြီးတော့ မုန့်ဖိုတွေဆီကို သစ်စက်က စွန့်ပစ်တဲ့ လွှစာမှုန့် တွေပို့တယ်။ အဲဒီလိုနဲ့ သတင်းစာထဲမှာ ရေချမ်းတို့ ကုမ္ပဏီက စတင်ထူထောင်ဖွင့်လှစ်တဲ့ ကွန်ပျူတာ အနုပညာ ဒီပလိုမာသင်တန်း ပထမအပတ်စဉ် ကြော်ငြာကိုတွေ့တော့ အလွန်ကို စိတ်ဝင်စားသွားတယ်။ ရန်ကုန်မြို့ကြီးမှာ အဆင့်မြင့်ပညာတွေ သွားရောက်သင်ကြားလိုတဲ့ဇောနဲ့ သင်တန်းကြေး ၅၀၀၀၀ိ/- ကို ၅၀၀၀ိ/- လို့မှားဖတ်မိတယ်။ စိတ်အားထက်သန်စွာနဲ့ အမေ့ကိုခွင့်တောင်းကြည့်တော့ အမေက သင်တန်း ကြေး ၅၀၀၀ တော့ တတ်နိုင်ပါတယ်။ သင်တန်းကာလ (၁) နှစ်အတွက် စားစရိတ်မတတ်နိုင်ဘူးလို့ ဖြေတယ်။ နောက်ဆုံးတော့ ငါယောက်ျားပဲ၊ ငါသားအကြီးဆုံးပဲ၊ ငါ့ဘဝငါကျောင်းနိုင်ရမှာပေါ့ ဆိုပြီး ရန်ကုန်ဆင်းလာခဲ့ပါတယ်။ မင်္ဂလာတောင်ညွန့်က ဘုန်းကြီးကျောင်းမှာ ကျောင်းသားဝင်လုပ်တယ်။ ဘုန်းကြီးဝေယျာဝစ္စလုပ်ပြီး စားမှုနေမှုကို ပြီးစေတယ်။

သင်တန်းအပ်လက်ခံတဲ့နေ့ရောက်လို့ အပြေးအလွှားသွားအပ်လေမှ သင်တန်းကြေး ၅၀၀၀၀ိ/- ဆိုတာသိရတယ်။ အလန့်တကြားဖြစ်ပြီး ပါလာတဲ့ ၅၀၀၀ိ/- ကို စရံအဖြစ်ပေး ၊ ကျန်ငွေကို သင်တန်းစ တက်တဲ့နေ့ သွင်းပါရစေလို့ ခွင့်တောင်းပြီး အပြေးအလွှား အမေ့ဆီစကားပါးရတော့တယ်။ အမေကြီး ခမျာလည်း ဆူပူကြိမ်းမောင်းရပေမယ့် သားကြီးအတွက်မရ ရအောင် ကျန်ငွေ ၄၅၀၀၀ိ/- ရှာပြီးပို့ပေး ရှာတယ်။ နေ့စဉ်နဲ့အမျှ ရွှေဂုံတိုင် (ရေခဲဆိုင်မှတ်တိုင်) မှာရှိတဲ့ ဒီပလိုမာသင်တန်းကို လမ်းလျှောက်လာ တယ်၊ လမ်းလျှောက်ပြန်တယ်။ ဘုန်းကြီးကျောင်းမှာ စောစောဆွမ်းခံကြွတာလိုက်ပေးရတယ်၊ ဝေယျာဝစ္စ လုပ်ပေးတယ်။ ကျောင်းမှာပဲ ထမင်းကြမ်းစားပြီး သင်တန်းလာတက်၊ သင်တန်းပြီးမှ ထမင်းပြန်စားတယ်။ မင်္ဂလာတောင်ညွန့်ကနေ ကန်တော်ကြီးပတ်လမ်းအတိုင်း ရေခဲဆိုင်မှတ်တိုင်ကို လမ်းလျှောက်လာတဲ့ နေမျိုးအောင်ဟာ သင်တန်းအားလပ်တွေချိန်ဆို စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ရွှေတိဂုံဘုရား အရှေ့ မုဒ်ကနေ ဘုရားအလယ်ပစ္စယံမှာ သွားနားနေစာဖတ်လေ့ရှိတယ်။ စာဖတ်အားအရမ်းကောင်းတဲ့အတွက် ကိုယ့်မှာလိုအပ်တဲ့ အရည်အချင်း ဗဟုသုတ စိတ်ဓါတ်အခြေခံကောင်းများကို အလွယ်တကူတည်ဆောက် လို့မရနိုင်မှန်း သိလာတယ်။ သူ့မှာလိုအပ်ချက်ဖြစ်တဲ့ အင်္ဂလိပ်စာကို မနားမနေကြိုးစားတယ်။ Forever Group မှာ အလုပ်ဆင်းခါစက ရေချမ်းက Cinema 4D လို့ခေါ်တဲ့ 3D Software (သုံးဖက်မြင်မိုဒယ်တည် ဆောက်လှုပ်ရှားတဲ့ပရိုဂရမ်) ရဲ့ Manual ကိုဖတ်ခိုင်းတယ်။ အခန်းထောင့်မှာထိုင်ပြီး တကုပ်ကုပ်နဲ့ဖတ် တယ်။ ရေချမ်းက Oxford Dictionary တစ်အုပ်ချပေးထားတယ်။ သုံးရက်လောက်ကြာတော့ “ ညီလေး- ပထမဆုံး အခန်းစဉ်ပြီးပြီလား” ဆိုတော့ “ပြီးပြီ” လို့ဖြေတယ်။ “ဘယ်လိုနားလည်မိသလဲ” ဆိုတော့ “လုံးဝနားမလည်လိုက်ဘူး” တဲ့ ကောင်းရော…..

အဲဒီကနေစပြီး နေမျိုးအောင် အင်္ဂလိပ်စာကို လက်လှမ်းမီသမျှ လေ့လာလိုက်တာ ခုဆို နိုင်ငံခြား သားတွေနဲ့ Concert တွေ စီစဉ်နိုင်တဲ့ အနေအထားအထိ ပြောနိုင်သွားပြီ။ စာဖတ်တဲ့နေရာမှာတော့ အစာ ငတ်ခံပြီးတော့ကို ဖတ်တယ်။ လက်ထဲမှာ ထမင်းစားဖို့ပိုက်ဆံ (ထမင်းတစ်ခါပြင်စာ) ရှိတာကို စာအုပ်ဝယ် ဖတ်ပြီး ခေါက်ဆွဲပြုတ်တစ်ထုပ်ကို ရေနွေးစိမ်ပြီး နေ့လည်စာကိုပြီးစေတယ်။

ဒီလိုနဲ့ နေမျိုးအောင်ဟာ ၂၀၀၃ ခုနှစ်လောက်မှာ ရေချမ်း ကာတွန်းကားရှည်ထုတ်လုပ်စဉ်က Background Artist အဖြစ်နဲ့ ကာတွန်းကားရဲ့ နောက်ခံရှုခင်းနဲ့ ဆက်တင်အားလုံးကို Cinema 4D Software နဲ့ တည်ဆောက်ပေးခဲ့တယ်။ ရေချမ်းဖွင့်တဲ့ သင်တန်းမှာ 3D ဘာသာရပ်ကို ဆရာအဖြစ်ပြန် သင်ခဲ့တယ်။ ကြုံရင်ကြုံသလို တွေ့သမျှ စန္ဒရားကို စမ်းတီးကြည့်ချင်တဲ့ နေမျိုးအောင်ကို မြန်မာပြည်မှာ ပထမဆုံး အမေရိကန်ဂီတဆရာမ (Ms. Kit Young) ဦးဆောင်ဖွင့်လှစ်တဲ့ ဂီတမိတ်သင်တန်းရဲ့ ဂီတဆရာ တစ်ဦးဖြစ်တဲ့ ကိုမိုးနိုင် အိမ်မှာ စန္ဒရားသင်ဖို့ ရေချမ်းထောက်ပံ့ခဲ့တယ်။ ဗိုလ်ချုပ်ဈေးထဲကနေ အတီးကျင့်ဖို့ Electronic Piano တစ်လုံးဝယ်ပေးလိုက်တယ်။ လေးလလောက် စန္ဒရားသင်ပြီးတဲ့အခါ ဂီတမိတ်သင်တန်း စတင်ဖွင့်လှစ်မယ့် အချိန်ရောက်လာခဲ့တယ်။ နေမျိုးအောင် ရေချမ်းကို ခွင့်တောင်းလာတယ်.. “ကျွန်တော့် ကို ဂီတမိတ်ကျောင်းက ကျောင်းအိပ်ကျောင်းစာ ပညာသင်ပေးဖို့ ကမ်းလှမ်းတယ်။ ကျောင်းရဲ့ ကိစ္စအဝဝ ကိုလည်းလုပ်ပေးရမယ်။ လခလည်းပေးမယ်။ ကျွန်တော်လိုင်းပြောင်းချင်ပါတယ်။ 3D ပညာက လောလော ဆယ်မှာ သိပ်ရှေ့မရောက်နိုင်သေးဘူးလို့ မြင်တယ်။ ဈေးကွက်လိုအပ်ချက်ကလည်း နည်းသေးတယ်။ စန္ဒရားပညာကို တစိုက်မတ်မတ် ခုကစပြီး လိုက်စားချင်တယ်။ ကိုရေချမ်းလုပ်ငန်းမှာ မထိခိုက်အောင် လည်း ဆရာအသစ်တွေကို လက်တွဲသင်ပေးခဲ့ပါ့မယ်။” အဲဒီကစပြီး နေမျိုးအောင် ဂီတမိတ်ကို ရောက်သွားခဲ့တာ ၂၀၀၇ ခုနှစ် စက်တင်ဘာလက ကရဝိတ်ဟော်တယ်မှာ လုပ်တဲ့ပွဲမှာ နေမျိုးအောင် စင်ပေါ်မှာ ဂန္တဝင်သီချင်းတွေ တီးခတ်တာကို ရေချမ်းနဲ့အတူ ပရိသတ် ၅၀၀ ကျော်က ထိုင်ခံစားနား ထောင်ရတဲ့ အဆင့်ကို ရောက်နေပါပြီ။ ဘန်ကောက်မှာ ပညာတော်သင်သွားဖို့ အရွေးခံရတယ်လို့လဲ နောက်ဆက်တွဲသိရပါတယ်။

ရေချမ်းမှာ တပည့်တွေရဲ့ သတင်းတွေကို အမြဲမပြတ် နားစွင့်နေရပါတယ်။ ၁နှစ်လောက် အဆက် အသွယ်ပြတ်သွားရင်ပဲ တွေ့သမျှလူလိုက်မေးနေရတာ အလုပ်တစ်ခုလိုပဲ.. ။ ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင် အစွမ်းအစ၊ အရည်အချင်း၊ ဇွဲလုံ့လဝီရိယ ရှိတဲ့သူနဲ့ မရှိတဲ့သူဟာ ရေရှည်မှာ တဖြည်းဖြည်းကနေ သိသိ သာသာ ကွာခြားလာကြတာကတော့ အသေအချာပါပဲ။

လူငယ်လေးများ မိဘပိုက်ဆံ ဖြုန်းခြင်းမှ ကင်းဝေးကြပါစေ

နေ့စဉ် အင်တာနက်မှာ Chatting လုပ်ကာ အချိန်ဖြုန်းခြင်းမှ ရှောင်ရှားနိုင်ကြပါစေ

တပါးသူ ပါးစပ်ဖျားတွင် မျောပါခြင်းမှ ကင်းဝေးကြပါစေ

ရေချမ်း စက်တင်ဘာ ၂၇ ၂၀၀၈

Thursday, September 18, 2008

နိဒါန်း

၁၉ ၉ ၉ မှ ၂၀၀၇ ခုနှစ်အထိ Digital Video Editing သင်တန်းတွင်

ဟောပြောပို့ချခဲ့သော သင်ခန်းစာများမှ ကောက်နှုတ်ချက်များ

ပို့ချသူ - ကိုဝဏ္ဏကျော်


ကျွန်တော်တို့ ဒီသင်တန်းရဲ့အမည်ကို Post Production လို့အမည်တပ်ပါတယ်။ ဒါပေမယ့် ရန်ကုန်မှာ လူသိများတာ Special Effect သင်တန်းလို့ လူသိများပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗီဒီယိုတွေထဲမှာ ကွန်ပျူတာအကူအညီနဲ့ Editing လုပ်မယ်၊ အထူးပြုလုပ်ချက်တွေ ထည့်သွင်းမယ်ဆိုတဲ့ ကိစ္စရပ်တွေကို ရန်ကုန်က လောကသား တော်တော်များများနဲ့ ပြည်သူလူထု တော်တော် များများက Special Effect လုပ်ငန်းစဉ်တွေလို့ပဲ လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ် လောက်ကတည်းက မှတ်ယူလာခဲ့တာပါ။ ဘာလို့ Post Production လို့ ခေါ်ရသလဲဆိုတော့ ရုပ်ရှင်၊ ဗီဒီယိုထုတ်လုပ်ရေးတစ်ခုမှာ အဆင့်ဆင့်ရှိပါတယ်။ Pre Production ရယ်၊ Post Production ရယ်ဆိုပြီးတော့ အဆင့်ဆင့်ရှိပါတယ်။ Production ဆိုတာကို ကျွန်တော်တို့က ထုတ်လုပ်ရေးလို့ မြန်မာလိုအဓိပ္ပါယ်ပြန်ကြပေမယ့် Producer ဆိုတဲ့အသုံးအနှုန်းကိုတော့ ထုတ်လုပ်ရေးမှူးလို့ အဓိပ္ပါယ်ပြန်ရပါမယ်။ ရန်ကုန်မှာတော့ Producer ကို ငွေအရင်းအနှီးစိုက်ထုတ်သူလို့ မှတ်ယူကြပါမယ်။ ဒီထုတ်လုပ်ရေးမှူးဆိုတဲ့စကားလုံးကို ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အသံလွှင့်ဌာနတွေဖြစ်တဲ့ မြဝတီ၊ မြန်မာ့အသံတွေမှာအများဆုံးတွေ့ရပါတယ်။ Producer တွေဟာအများအားဖြင့် အမျိုးသမီးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ Producer တစ်ယောက်ရဲ့အလုပ် ဟာဘာလဲဆိုတော့ ဒီရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေး တစ်ခုလုံးအတွက် သူဟာ တာဝန်ယူပြီးတော့ လုပ်ကိုင် ရတဲ့ သူမျိုးဖြစ်ပါတယ်။ သူဟာ ဇာတ်ညွှန်းနဲ့ ရိုက်ညွှန်းရေးသားတဲ့နေရာ၊ ရိုက်ကူးတဲ့နေရာ၊ တည်းဖြတ်ပြီး တော့အချောသတ် မီဒီယာတွေထုတ်လုပ်တဲ့နေရာအထိ အားလုံးကို နားလည်နေမှ သူဟာ Producer တစ်ယောက်ရဲ့အရည်အချင်းနဲ့ ပြည့်စုံတယ်လို့ ဆိုကြပါတယ်။

အဲဒီတော့ Pre-production ဆိုတဲ့အပိုင်းကဏ္ဍမှာ ဘာတွေပါမလဲဆိုတော့ ကြည့်လိုက်ကြရအောင်။ ဇာတ်လမ်းတစ်ခု ဆိုကြပါစို့၊ သူ့ရဲ့ရင်းမြစ်ဟာဘယ်ကစသလဲဆိုတော့ (story) ဆိုတဲ့ဝတ္ထုကနေစပါတယ်။ အဲဒီဝတ္ထုဟာစာပေနဲ့ရေးသားထားတဲ့၊ စာရွက်ပေါ်မှာ ရေးသားထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် ကြောင့်မို့လို့ အဲဒီဝတ္ထုအတိုင်းကို ကျွန်တော်တို့ဟာ ရုပ်ရှင်ဗီဒီယိုရိုက်ကူးလို့ မရပါဘူး။ အဲဒီတော့ ကျွန်တော်တို့ဟာ ပထမဆုံး Synopsis လို့ခေါ်တဲ့ ဇာတ်လမ်းအကျဉ်းတစ်ခု ကျွန်တော်တို့ထုတ်ရပါ တယ်။ အဲဒီဇာတ်လမ်းအကျဉ်းပေါ်မှာ မူတည်ပြီးတော့ Scene Serial လို့ခေါ်တဲ့ ဒီဇာတ်လမ်းတစ်ခုပေါ်မှာ Scene ဆိုတဲ့ အခန်းပေါင်း ဘယ်လောက်ပါမလဲဆိုတာကို အရင်ဆုံးဆွဲချပစ်ရပါတယ်။ Scene Serial မှာ ပုံစံအားဖြင့် အခန်း (၁) ဟာ နေ့လား၊ ညလား၊ Indoor လား၊ Outdoor လားဆိုတဲ့ အတွင်းအပြင်တွေကို အရင်ခွဲရပါတယ်။ ပါဝင်တဲ့ဇာတ်ကောင်တွေရယ်၊ အခန်း (၁) ရဲ့အသေးစိတ်အကြောင်းအရာလေးတွေကို ချရေးရပါတယ်။ Scene Serial အားဖြင့် ဇာတ်လမ်းတစ်ခုဟာ Scene ၅၀၊ ၆၀ လောက် ပါဝင်နေတယ်ဆို တာတွေ့ရပါတယ်။

Scene Serial ရပြီဆိုလို့ရှိရင် ဒီ Scene Serial နဲ့ ဇာတ်လမ်းအကျဉ်းပေါ်မှာ မူတည်ပြီးတော့ ဝတ္ထုကျောရိုးရဲ့ ပါဝင်နေတဲ့ အကြောင်းအရာတွေ မပျက်စီးစေပဲ ဇာတ်ညွှန်းလို့ဆိုတဲ့စာရွက်ပေါ်မှာ ဇာတ်လမ်းတစ်ခုကို မြင်သာထင်သာအောင် ရိုက်ကူးပြတဲ့ အနေအထားမျိုးအထိကို ဇာတ်ညွှန်းဆရာတွေ က ရေးဆွဲကြတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဇာတ်ညွှန်းဟာ ရိုက်ကူးထုတ်လုပ်ရေးမှာ ပါဝင်နေပေမယ့် ပညာရှင်အားလုံး နားလည်နိုင်လောက်တဲ့ အနေအထားထိတော့ မဟုတ်ပါဘူး။ ဒီဇာတ်ညွှန်းကိုကြည့်ခြင်း အားဖြင့်တော့ ရုပ်ရှင်တစ်ခုဟာ ရိုက်ကူးပြီးစီးသွားတဲ့အချိန်အထိ ဘယ်လိုအနေအထားမျိုးနဲ့ထွက်ပေါ်လာ မလဲဆိုတာ ဇာတ်ညွှန်းကိုကြည့်ပြီး သိနိုင်ပါတယ်။ အဲဒီဇာတ်ညွှန်းဟာ ရုပ်ရှင်ရိုက်ကူးဖို့အတွက် အရေးကြီး ဆုံးသောအပိုင်းမှာ ပါဝင်ပါတယ်။ ဇာတ်ညွှန်းဆရာများဟာ အများအားဖြင့် ဝတ္ထုရဲ့ ဇာတ်လမ်းကျောရိုးအ နေအထားတွေရယ်၊ ဝတ္ထုတစ်ခုရဲ့ တည်ဆောက်ပုံတွေရယ် ပြီးတော့ ရုပ်ရှင်သဘောတရားတွေရယ် အားလုံးကို နားလည်တတ်ကျွမ်းတဲ့လူမျိုးတွေ ဇာတ်ညွန်းကိုရေးသားကြတာ များပါတယ်။ ဇာတ်ညွှန်းရရှိပြီ ဆိုရင်တော့ ကျွန်တော်တို့ဟာ ရိုက်ကူးထုတ်လုပ်မယ့် ပညာရှင်အားလုံးသိသာအောင် ရိုက်ညွှန်းဆိုတဲ့ဟာ တစ်ခုထပ်ပြီးတော့ရေးရပါတယ်။

ဇာတ်ညွှန်းကိုတော့ အင်္ဂလိပ်လို Script လို့ခေါ်ပြီးတော့ ရိုက်ညွှန်းကိုတော့ Storyboard လို့ခေါ် ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ Storyboard ကို ရုပ်မြင်ကြော်ငြာတွေ ရိုက်ကူးတဲ့နေရာမှာပဲ သုံးတာတွေ့ရပါတယ်။ Storyboard ကတော့ ပိုပြီးအသေးစိတ်ကျပါတယ်။ Storyboard မှာဆိုရင် Visual လို့ခေါ်တဲ့ Cut by Cut ပုံတွေရယ်၊ သူ့ရဲ့ Cropping တွေ၊ သူ့ရဲ့ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေ၊ Camera Movement တွေအားလုံးကို ပညာရှင်တွေနားလည်နိုင်လောက်တဲ့ အသုံးအနှုန်း တွေနဲ့ ရေးသားထားပါတယ်။ Camera Frame ဘယ်လိုချမလဲ၊ ဇာတ်ကောင်က ဘယ်နေရာမှာနေမလဲ၊ Camera Movement ကဘယ်လိုယူမလဲ၊ ဒီဇာတ်ကောင်ဟာ ဘယ်ကနေဘယ်လို လှုပ်ရှားသွားမယ် ဆိုတာကို ပုံလေးတွေဆွဲရပါတယ်။ အဲဒီ Story Board ပေါ်မှာပုံဆွဲတဲ့ Story Board Artist ဆိုတဲ့ ကာတွန်းဆရာဟာ သက်သက်ရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ အဲဒီလိုခွဲထားတာ မတွေ့ရပါဘူး။ ကာတွန်းဆရာတွေ၊ ပန်းချီဆရာတွေဟာ ရုပ်ရှင်သဘောထား နားလည်တယ်ဆိုရင် Storyboard Artist အဖြစ် ရပ်တည်လို့ရပါတယ်။ အဲဒီ Visual မှာပါတဲ့ အသေးစိတ်အကြောင်းအရာတွေကို ကျွန်တော်တို့ ဟာ Animation သို့မဟုတ် Description လို့ခေါ်တဲ့ အသေးစိတ် အချက်အလက်အားဖြင့် စာနဲ့ပြန်ရေးရပါတယ်။ ပြီးရင် Props လို့ခေါ်တဲ့ အဲဒီရိုက်ညွှန်းရဲ့ အခန်းစဉ်နဲ့ Cut by Cut မှာပါမယ့် ခန်းဝင်ပစ္စည်းတွေ ရယ် သူ့ရဲ့ပါဝင်မယ့် Setting အခန်းအနားတွေကို ဘယ်လိုပြင်ဆင်ထားရမယ် ဆိုတာတွေကို ဘေးမှာ Props ဆိုပြီး ကဏ္ဍတစ်ခု ပါပါတယ်။ အဲဒီလိုအားဖြင့် ကျွန်တော်တို့ဟာ ရိုက်ညွှန်းတစ်ခုကို တည်ဆောက်ဖန်တီးကြပါတယ်။

ကျွန်တော့အတွေ့အကြုံအရ သုံးဆယ်စက္ကန့်စာ ကြော်ငြာတစ်ခုအတွက် Storyboard ဟာ အနည်းဆုံး ဆယ်ကွက်ကနေ အကွက်နှစ်ဆယ်လောက်အထိ ရေးကြတာတွေ့ရပါတယ်။ သူတို့ဆီမှာ တော့ ဇာတ်ကားကြီးတစ်ခုလုံးအတွက် Story Board ကိုအရင် ထုတ်ပါတယ်။ ပြီးတော့မှ အဲဒီ Story Board အတိုင်း အတိအကျရအောင် ရိုက်ကြပါတယ်။ အဲဒီ Story Board ကိုကြည့်လိုက်တာနဲ့ အဲဒီရုပ်ရှင် ဇာတ်ကားကြီးကို စာရွက်ပေါ်မှာ ရိုက်ပြီးသာဖြစ်တယ်ဆိုတာ အားလုံးက နားလည်ကြပါတယ်။ ပြီးတော့ အဲဒီ Story Board ကို ရင်းနှီးမြှုပ်နှံတဲ့သူရယ်၊ Director ရယ်၊ Camera Man ရယ်၊ မင်းသား မင်းသမီးတွေ ရယ် အကုန်လုံးဟာ reference လုပ်ပြီးတော့ သူတို့ဒီနေရာမှာ ဘာလုပ်ရမယ်၊ ဒီနေရာမှာ ဘယ်လိုသရုပ် ဆောင်ရမယ်၊ ဒီနေရာတွေကို ဘယ်လိုရိုက်ကူးရမယ်ဆိုတာတွေကို မှီငြမ်းကိုးကားပြီးတော့ ဖြည့်စွက်စရာ ရှိရင်လည်း ထပ်မံပေါင်းထည့်မယ်။ သူတို့လုပ်လို့ မရတာရှိရင်လဲ လုပ်လို့မရတဲ့အကြောင်းကို Director နဲ့ အငြင်းပွားမယ်။ အဲဒီလိုအားဖြင့် ကျွန်တော်တို့ဟာ Story Board တစ်ခုကို ဖန်တီးတာဖြစ်ပါတယ်။ Synopsis လို့ခေါ်တဲ့ ဇာတ်လမ်းအကျဉ်းရယ်၊ Script လို့ခေါ်တဲ့ ဇာတ်ညွှန်းရယ်၊ Story Board တစ်ခုရယ်ရပြီဆိုရင် ကျွန်တော်တို့ဟာ ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းစဉ်ကို သွားလို့ရပါပြီ။

ရုပ်ရှင်တစ်ကားကို ရိုက်ကူးထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေအားလုံး လုပ်ကြပြီဆိုလို့ရှိရင် ခုနက စာရွက်ပေါ်မှာ ရိုက်ကူးထားခဲ့တဲ့ အချက်အလက်တွေရယ်၊ ဘယ်နေရာမှာရိုက်မယ်၊ ဘာတွေ ဝတ်စားမယ်၊ ဘယ် Camera ကို ငှားမယ်၊ Transportation ကို ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ်အကြောင်းအရာ တွေကိုတော့ ရိုက်ကွင်းမန်နေဂျာတွေက စီစဉ်ပြီးတော့ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို လုပ်ကြပါတယ်။ ဘာကြောင့် Pre Production ကိုလုပ်ကြလဲဆိုလို့ရှိရင် ရိုက်ကူးထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ သိပ်ကိုကြီး ပါတယ်။ ရိုက်ကွင်းတစ်နေ့စာ ကုန်ကျစရိတ်ဟာ တော်တော်လေးကို တန်ဖိုးကြီးမားပါတယ်။ ရိုက်ကွင်းပေါ်ရောက်ပြီဆိုတော့မှ ကိုယ်က ဘာရိုက်ရမလဲ၊ ဘယ်လိုသရုပ်ဆောင်ရမလဲ၊ ဒီအခန်းမှာ ဘာတွေပါမလဲဆိုတာ ကြိုပြီးတော့ မသိခဲ့ဘူးဆိုရင် ဒီရိုက်ကွင်းစရိတ်တွေဟာ အဆမတန်ကြီးထွားသွားမှာ ဖြစ်ပါတယ်။ အဲဒီပြဿနာကို ကြိုတင်ဖြေရှင်းတဲ့အနေနဲ့ စာရွက်ပေါ်မှာ Pre Production လုပ်ငန်းကို လုပ်ကြရတာဖြစ်ပါတယ်။ ရိုက်ကူးကြပြီ။ ရိုက်ကူးထုတ်လုပ်တဲ့နေရာမှာ ရိုက်ကွင်းပေါ်မှာ ပညာရှင်တွေ ထပ်ပြီးပါလာပါတယ်။ မှတ်တမ်းပညာရှင်တွေ၊ Camera Man တွေ၊ Lighting Technician အလင်းပညာရှင်တွေက အစ အနိမ့်စားပညာရှင်တွေဖြစ်တဲ့ Gaffer တို့ Best Boy တို့ ရိုက်ကွင်းပေါ်မှာ ထပ်ပြီးတော့ ပါရပါတယ်။ Director ကနေ သူ့စိတ်ကြိုက်ရိုက်ကူးထုတ်လုပ်လိုက်တဲ့၊ နေ့စဉ်နဲ့အမျှတိုး တက်ဖြစ်ပေါ်နေတဲ့ ရိုက်ကွင်းအခြေအနေအားလုံးကို မှတ်တမ်းသမားကနေ တာဝန်ယူပြီးတော့ မှတ်သား ရပါတယ်။ သူဟာ စာအုပ်တစ်အုပ်ကိုင်ပြီး ဒီနေ့ ဘာရိုက်တယ်။ ဘယ်သူလာတယ်၊ ဘယ် scene ကိုရိုက် တယ်၊ ဘယ် Location မှာဖြစ်တယ်၊ ဘာအဝတ် ဝတ်ထားတယ်၊ ဘာစကားပြောတယ်၊ Camera ထဲမှာ ထည့်ထားတဲ့ အခွေက အခွေနံပါတ် ဘယ်လောက်ဖြစ်တယ်။ အဲဒီအခွေနံပါတ်ရဲ့ ဘယ်နေရာမှာ ဘာရှိ တယ် ဆိုတာကအစ မှတ်တမ်းသမားက ရေးသားရပါတယ်။ ဒီမှတ်တမ်းသမားရေးသားထားရခြင်းဟာ နောက်တဆင့်မှာလာမယ့် ကျွန်တော်တို့အပိုင်းဖြစ်တဲ့ Post Production သမားတွေ အလုပ်လုပ်ရတာ လွယ်ကူအောင် မှတ်သားရခြင်းဖြစ်ပါတယ်။ မှတ်တမ်းသမားဟာ Continuity ကိုပါ မှတ်ရပါမယ်။ Continuity လွဲနေရင် Editing မှာ Jump ဖြစ်ပါတယ်။

Production မှာလုပ် လာခဲ့တဲ့ Quality ကို မကျသွားအောင် Pre-Production မှာ စတင်ရေးဆွဲ လာခဲ့တဲ့ ဇာတ်ညွှန်းနဲ့ ရိုက်ညွှန်းရဲ့အရသာကို ပျက်မသွားအောင် Post Production သမားတွေမှာ အများ ကြီးတာဝန်ရှိပါတယ်။ ရိုက်ကူးထုတ်လုပ်လို့ ပြီးစီးသွားတဲ့အချိန်မှာ Raw အခွေ၊ ဖလင်ဆိုရင်လဲ ဖလင်အ လိပ်ပေါင်းများစွာ အကြမ်းဖလင်တွေအများကြီး ရရှိပါတယ်။ ဒီအကြမ်းဖလင်တွေနဲ့ ကျွန်တော်တို့ ခုနတုန်းက မှတ်တမ်းသမားမှတ်သားထားတဲ့ အချက်အလက်တွေနဲ့ပေါင်းပြီးတော့မှ Post Production သမားတွေဆီကို ရောက်လာကြတာဖြစ်ပါတယ်။ Editor ရဲ့လက်ထဲမှာ မှတ်တမ်းတွေရောက်လာပြီဆိုရင် တည်းဖြတ်သူတွေက ဘယ်ကတ်ကိုယူမယ်၊ ဘယ်Scene ထဲက Take လို့ခေါ်တဲ့ အထပ်ထပ်အခါခါ ပြန်ရိုက်တဲ့အခါမှာ တကယ်အသုံးပြုမယ့်အပိုင်းလေးကို ဘယ်အချိုးမှာစပြီးတော့ ယူမယ်ဆိုတဲ့ဟာတွေကို ကြည့်ပြီးတော့မှ Post Production သမားတွေက အလုပ်လုပ်ကြရတာဖြစ်ပါတယ်။

ဥပမာအားဖြင့် ကျွန်တော်တို့ဟာ ခွေနံပါတ် (၁) ထည့်လိုက်မယ်၊ ပထမဆုံးဟာ Scene နံပါတ် (၁၆) ဖြစ်မယ်၊ အဲဒီ Scene နံပါတ် ၁၆ ထဲက ပထမဆုံးယူတဲ့ကတ်ဟာ အထပ်ထပ်အခါခါပြန်ရိုက်ခဲ့ရ တယ် (သို့) ၅ ခါပြန်ရိုက်ရတဲ့အခါမှာ Take ၅ ဆိုပြီး အကြိမ်ရေ ၅ကိုယူမယ်ဆိုရင် အဲဒီဟာ Final Decision မှတ်သားထားမှာဖြစ်ပါတယ်။ အဲဒါကို Post Production သမားတွေက အဆင်သင့် Director တွေ ကားဆက်လို့ရအောင်လို့ ကျွန်တော်တို့တွေ သိမ်းဆည်းထားရပါတယ်။ ဒါဟာ Post Production သမားတစ်ယောက်မှာ အလိုလိုနားလည်ထားရမယ့် အချက်တွေဖြစ်ပါတယ်။ Post Production သမားလို့ ခေါ်တဲ့ Editing သမားတစ်ယောက်ဟာ ဘာတွေအရည်အချင်းလိုအပ်သလဲလို့ တွေးကြည့်ရင် သူဟာ Pre-Production တွေရဲ့ အကြောင်းကိုတော့ နားလည်ရမယ်။ Camera အခေါ်အဝေါ်တွေ၊ Camera Movement တွေရဲ့ အခေါ်အဝေါ်တွေကို သူနားလည်ရမယ်။ ပြီးရင် ကတ်တစ်ခုနဲ့တစ်ခုကို ဘယ်လို ပြောင်းလို့ရတယ်ဆိုတဲ့ Edit Theory ကိုလည်း နားလည်ရပါမယ်။ ဒါတွေဟာ Post Production သမားတစ်ယောက်မှာ လိုအပ်တဲ့အရည်အချင်းတွေအားလုံးဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ကို နဂိုကတည်းကရှိနေရမယ့် အရည်အချင်းတွေ ဖြစ်ပါတယ်။

အဲဒီတော့ Director လာပြီ၊ မှတ်တမ်းလာပြီ၊ အခွေကြမ်းလာပြီ၊ အဲဒီထဲကနေ အရုပ်တွေကောက် ကြတယ်။ အခွေကြမ်းထဲက လိုချင်တဲ့အပိုင်းတွေကို ဖြတ်ယူကြတယ်။ Director ရဲ့ညွှန်ကြားမှုနဲ့ ကျွန်တော်တို့ ကားဆက်တယ်။ အရင်တုန်းကတော့ Analog Editing လို့ခေါ်တဲ့ Computer ကိုအခြေခံမ ထားတဲ့ Electronic Base Editing တွေနဲ့လုပ်ကြတယ်။ အခု ကျွန်တော်တို့သင်ကြားမယ့် အပိုင်းကတော့ Digital Editing လို့ခေါ်တဲ့ Computer ကိုအခြေခံထားတဲ့ Editing ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တာဝန်တစ်ခု ထပ်ပိုလာပါပြီ။ Computer ကိုသုံးစွဲတတ်ဖို့ လိုအပ်လာပါပြီ။ Computer နဲ့ကိုင်တွယ်ပြီး တော့ အလုပ်လုပ်ရတဲ့လူတွေမှာ အခြေခံအားဖြင့် Computer ကို Hardware Knowledge, Software Knowledge တွေရှိထားဖို့ လိုပါတယ်။ ပြီးတော့မှ သူတို့ဟာ Editing Software တွေရဲ့ Tool တွေကို သိဖို့လိုအပ်ပါတယ်။ ဒါ့ပြင် အရုပ်တင်မက အသံပိုင်းဆိုင်ရာမှာပါ အခြေခံဗဟုသုတတွေရှိဖို့ လိုအပ်ပါ တယ်။ အဲဒီတော့ Post Production သမားတစ်ယောက်ရဲ့အလုပ်ဟာ နောက်ဆုံးရုံတင်ပြသလို့ရတဲ့အထိ၊ အခွေချောထုတ်ဖို့အထိ အဆင့်အားလုံးကို သူသိရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ Course ထဲမှာ Editing တည်းဖြတ်ခြင်းပညာ၊ 2D Animation နှစ်ဘက်မြင် လှုပ်ရှားမှုတွေပြုလုပ်တဲ့ပညာ၊ 3D Animation သုံးဘက်မြင် လှုပ်ရှားမှုတွေပြုလုပ်တဲ့ပညာ၊ Call Animation တွေ ဘယ်လိုပြုလုပ်သလဲ၊ Compression Theory နောက်ဆုံး အချောခွေထုတ်တဲ့အခါမှာ Computer နဲ့ အခြေခံပြီးလုပ်ကြတဲ့အတွက် Export Media မှာ VCD ခေါ်တဲ့ VCD အချပ်တွေ၊ DVD အချပ်တွေထုတ်ကြမယ်ဆိုရင် အဲဒီ VCD, DVD အချပ် တွေကို ဘယ်လိုရေးသားသလဲဆိုတဲ့ဟာတွေ၊ Professional ဖြစ်တဲ့ Drive and Format တွေ ဒါတွေအား လုံးကိုလည်း ကျွန်တော်တို့ သင်ကြားဖို့ ရည်ရွယ်ထားပါတယ်။


Wednesday, September 17, 2008

Analog & Digital Editing Natures

Post Production သမားအဖြစ် ခံယူလိုက်ပြီဆိုရင် ခုနက အရည်အချင်းတွေဟာ တဖြည်းဖြည်းနဲ့ လေ့ကျင့်ပြီးတော့ ယူသွားဖို့လိုအပ်ပါတယ်။ Pre-Production, Production, Post Production ဆိုတဲ့ လုပ်ငန်းစဉ်တွေအကြောင်း နားလည်သွားပြီဆိုရင် မြန်မာနိုင်ငံရဲ့ Post Production အကြောင်းကို ပြောပြ ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကအားဖြင့် ရုပ်သံထုတ်လွှင့်မှု ဌာနကြီးနှစ်ခု ရှိပါတယ်။ မြန်မာ့အသံ နဲ့ မြဝတီ ဖြစ်ပါတယ်။ မြန်မာ့အသံကို အရင်စပြီး ထူထောင်တာပါ။ မြန်မာ့အသံကို ၁၉၈၀ မှာစပြီး ထူထောင်ပါတယ်။ မြန်မာ့အသံကို ထူထောင်ဖို့အတွက် ဂျပန်ကနေ နည်းပညာအကူအညီ ပေးပါတယ်။ ဂျပန်နိုင်ငံရဲ့ အခြေခံအဆောက်အဦးတွေအားလုံးဟာ အမေရိကန်နည်းပညာစီးဆင်းမှု ရှိတာကိုတွေ့ရပါ တယ်။ မြန်မာ့အသံရဲ့ စက်ကိရိယာတွေနဲ့ နည်းပညာအားလုံးဟာ ဂျပန်ရဲ့နည်းပညာတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အမေရိကန်ရယ်၊ ဂျပန်ရယ်၊ မြန်မာနိုင်ငံရယ် တခြားသော နိုင်ငံသုံးလေးဆယ်ကို NTSC Standard သုံးတာတွေ့ရပါတယ်။ ကျန်တဲ့ ကမ္ဘာအနှံ့မှတော့ PAL စနစ်သုံးတာတွေ့ရပါတယ်။ မြန်မာ့ အသံကို ၁၉၈၀ မှာ မထူထောင်ခင်တုန်းက မြန်မာနိုင်ငံမှာ ဗီဒီယိုဆိုတာ မရှိပါဘူး။ Film လို့ခေါ်တဲ့ ရုပ်ရှင်ပဲရှိပါတယ်။ လူတွေဟာ ဖျော်ဖြေရေးကဏ္ဍမှာ ရုပ်ရှင်ရုံတွေဆီသွားပြီးတော့ ရုပ်ရှင်ကြည့်ကြရပါ တယ်။ TV ဆိုတာ မရှိပါဘူး။ ၁၉၈၀ မြန်မာ့အသံ စတင်ထုတ်လွှင့်တဲ့အခါမှာ Black & White TV တွေ ပေါ်လာပါတယ်။ ပြီးတော့မှ Color TV တွေ တဖြည်းဖြည်းနဲ့ ပေါ်လာပါတယ်။ ၁၉၈၃ ခုနှစ်လောက်ကျ တော့ မြန်မာရုပ်ရှင်ဒါရိုက်တာကြီးတွေဟာ ဗီဒီယိုနည်းပညာ ပေါ်ပေါက်လာပြီဖြစ်လို့ ဗီဒီယိုတွေကို ရိုက်ကူးထုတ်လုပ်ကြပါတယ်။ အဲဒီတော့ ၃၅ လမ်း၊ ၃၆ လမ်းမှာ ၁၉၈၃၊ ၁၉၈၄ လောက်ကစပြီးတော့ Analog Editing ကားဆက်ခန်းတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ Analog Editing ဟာအခုထိ ရှိပါတယ်။
Digital Editing ဘက်ကို ခေတ်ပြောင်းလာတာတွေ့ရပေမယ့် အတော်များများသော ဗီဒီယိုတွေ ဟာ Analog Editing နဲ့ လုပ်ကိုင်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ အဲဒီတော့ Analog Editing တစ်ခုရဲ့ ပုံစံကိုကြည့်မယ်ဆိုရင် အနည်းဆုံးအောက်စက်လို့ခေါ်တဲ့ Deck သုံးလုံးပါပါတယ်။ အဲဒီအောက်စက်တွေ ဟာ ကျွန်တော်တို့အိမ်မှာ Consumer Use လို့ခေါ်တဲ့ အိမ်မှာလက်ရှိ ပြည်သူလူထုဝယ်ယူကြည့်ရှုနေတဲ့ အောက်စက်တွေမဟုတ်ပါဘူး။ Professional လို့ခေါ်တဲ့ ကြေးစားအဆင့်မီတဲ့ အောက်စက်တွေဖြစ်ပါ တယ်။ သိပ်လည်း ဈေးကြီးပါတယ်။ များသောအားဖြင့် Analog Editing Device တွေကို JVC , SVHS အမျိုးအစားတွေ တွေ့ရပါတယ်။ အရှေ့မှာ VU Meter လို့ခေါ်တဲ့ အသံရဲ့နှုန်းထားပြတဲ့ ဒိုင်ခွက်လေးတွေ ပါပါတယ်။ သူ့ကို ကြိုးမဲ့ Remote တွေနဲ့ ဆက်သွယ်လို့မရပါဘူး။ Remote ဆိုရင် ကြိုးနဲ့ဆက်ထားတာ တွေ့ရပါတယ်။ သူ့ရဲ့ခလုတ်တွေဟာလည်း Touch Sensitive လို့ခေါ်တဲ့ ထိလိုက်ရုံနဲ့ Play တဲ့ခလုတ် တွေမဟုတ်ပါဘူး။ တော်တော်လေး အားစိုက်ပြီးတော့နှိပ်မှ သွားတဲ့ခလုတ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ Editing အတွက်ကို Device သုံးခုရှိမယ်။ အဲဒီ Device သုံးခုဟာလည်း Format အတူတူဖြစ်ရပါမယ်။ ဥပမာအားဖြင့် JVC , SVHS NTSC ဆိုရင် သုံးလုံးစလုံးဟာ JVC , SVHS NTSC ဖြစ်ရပါမယ်။ အဲဒီ Deck တစ်လုံးစီမှာ ထွက်လာတဲ့အရုပ်တွေကိုကြည့်ဖို့အတွက် Video Monitor သုံးလုံးလိုပါတယ်။ အိမ်မှာကြည့် နေကျ TV မျိုးနဲ့မတူပါဘူး။ Monitor ဆိုတာ ရုပ်သံ Quality အစစ်၊ သူ့ရဲ့အရောင်အမှန် True Color အမှန်ကို ရရှိဖို့အတွက်ကို သက်သက်ဖန်တီးထားတဲ့ TV လိုမျိုး Monitoring လုပ်တဲ့ Device တစ်ခုဖြစ်ပါ တယ်။ သူဟာလည်း သိပ်ဈေးကြီးပါတယ်။ အိမ်တွေမှာ သုံးလေးသုံးထရှိတာ မတွေ့ရပါဘူး။ ဒါပေမယ့် Monitor အစစ်ကို မဝယ်နိုင်ရင် TV ကိုအစားထိုးပြီးတော့ သုံးစွဲလို့ရပါတယ်။
အခြေခံသဘောတရားအားဖြင့် ခုနတုန်းကရိုက်လာတဲ့အခွေကို Deck 1 နဲ့ Deck 2 ထဲမှာအခွေ ကိုထည့်ပါမယ်။ အဲဒီ Deck 1 နဲ့ Deck 2 ထဲကအခွေကို တေ့ဆက်ဆက်ပြီးတော့မှ Deck 3ထဲ မောင်းထည့်ကြတယ်။ Deck 1 , Deck 2 နဲ့ Deck 3 ဆိုတဲ့ Device တွေကို ထိန်းချုပ်ဖို့အတွက် Controller ဆိုတဲ့ Unit တစ်ခုပါပါတယ်။ Controller ဟာ အဲဒီ Deck တွေကို တစ်ခုချင်းသွားနှိပ်နေစရာ မလိုပါဘူး။ A,B,C ဆိုပြီး Switch တွေကိုပြောင်းပြီးတော့ Device တွေကိုပြောင်းပြီးတော့ စေခိုင်းလို့ ရပါတယ်။ အဲဒီကြားထဲမှာ ကိုယ်ထည့်ချင်တဲ့ စာတမ်းတွေထိုးဖို့အတွက် Chrominance Keying လို့ခေါ် တဲ့ တူညီတဲ့အရောင်တွေကို ဖယ်ရှားဖို့အတွက် Transition လို့ခေါ်တဲ့ ကားကူးကားဆက်မှာ လှပအောင် Transition တွေထည့်ဖို့အတွက်ကို ကျွန်တော်တို့ဟာ Chroma keyer သော်လည်းကောင်း၊ Transition Device သော်လည်းကောင်း အဲဒါတွေကိုအားလုံးပေါင်းထားတဲ့ Video Mixer လို့ခေါ်တဲ့ ပစ္စည်းလေးကို တွေ့ရပါတယ်။ Switcher ဟာ အရင်တုန်းကတော့ Analog Switcher တွေရှိပါတယ်။ နောက်ပိုင်းကျ တော့ Digital Switcher လို့ခေါ်တဲ့ ဒီဂျစ်တယ်နည်းပညာကိုအခြေခံတဲ့ Switcher တွေဝင်လာတာတွေ့ရ ပါတယ်။ Controller ကနေ Device တွေကို ထိန်းချုပ်မယ်၊ ကိုယ်လိုချင်တဲ့ အရုပ်တွေ Deck 1, Deck 2 ထဲမှာရှာမယ်။ ပြီးရင် Deck 3 ထဲမှာ Master အဖြစ် Tape တစ်ခုထည့်ထားမယ်။ အဲဒီ Controller ကနေပြီးတော့ No.1,No.2 ထဲကအရုပ်တွေကို Final Decision အဖြစ် ဆုံးဖြတ်ပြီးတော့ ရီဟာဇယ်မောင်း ကြည့်လို့ရပါတယ်။ ရီဟာဇယ်ကိုကြိုက်ပြီဆိုရင် Deck 3 ထဲကိုမောင်းထည့်လိုက်ယုံပါပဲ။ အဲဒါဟာ Analog Editing တစ်ခုရဲ့ အခြေခံအကျဆုံးသော ပုံစံဖြစ်ပါတယ်။
Digital Editing ပေါ်လာတဲ့အခါကျတော့ အဲဒီလို Format တူ Device တွေသုံးခုရှိစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ Digital Editing ဟာ Online လို့ခေါ်တဲ့ အခုဒီအရုပ်ကိုကြည့်၊ ဒီအရုပ်ကိုအခုပဲ နေရာမှတ်သားပြီးတော့ Mastering လုပ်တဲ့ စနစ်မျိုးမဟုတ်ပါဘူး။ Offline လို့ခေါ်တဲ့ ကြားခံနေရာတစ်ခု ထဲမှာ Raw တွေကို အရင်ဆုံးစုဆောင်းပြီးတော့မှ အဲဒီ Raw တွေကို Final Decision ဖြစ်သွားအောင် တည်းဖြတ်ရတဲ့ပညာဖြစ်ပါတယ်။ ဒါကြောင့် Analog Editing ကို Online Editing လို့ခေါ်ပြီး Digital Editing ကို Offline Editing လို့ခေါ်ပါတယ်။ Digital Device တွေဖြစ်တဲ့ DV Player တွေကို ခုနလို Controller တွေနဲ့ချိတ်ပြီးတော့ ကားဆက်တယ်ဆိုရင်လဲ ဒါဟာ Digital ထဲမှာမှ Online Editing လို့မှတ်ယူလို့ရပါတယ်။ Analog Editing တစ်ခုမှာ ခုနပြောတဲ့ စက်ပစ္စည်းတွေအများကြီးရှိမယ်။ သူဟာ Electronic ကိုအခြေခံထားတဲ့ Electronic Base System ဖြစ်မယ်။ Digital Editing ကတော့ Computer ကိုအခြေခံထားတာဖြစ်မယ်။ Digital Editing မှာ ခုနအရုပ်တွေကို Computer ထဲဝင်လာဖို့အတွက် Video computer card ဆိုတဲ့ Device တစ်ခုလိုအပ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကြည့်လိုက်ရင် သူဟာ ချဲ့ထွင်ရင်ချဲ့ထွင်သလို ဈေးမြင့်တာကိုတွေ့ရမယ်။ Analog Editing ဟာလည်း သူ့ဈေးနဲ့သူ ဈေးကြီးပါ တယ်။ Digital Editing ဟာလည်း သူ့ဈေးနဲ့သူ တန်ဖိုးမြင့်မားအောင်လည်း ဆင်လို့ရပါတယ်။ ဈေးနှုန်း သက်သာအောင်လည်း ဆင်လို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်လုံးမှာ ကောင်းကျိုးနဲ့ဆိုးကျိုး ဆိုတာရှိပါတယ်။ ဘာကြောင့် အခုနောက်ပိုင်းမှာ Digital Editing တွေ ခေတ်စားလာရတာလဲဆိုတာ ရှင်းပြချင်ပါတယ်။ Analog Editing ရဲ့ ကောင်းကျိုးက ဘာလဲဆိုတော့ သူဟာ မြန်တယ်။ ဈေးနှုန်းအရ ဈေးသက်သာတယ်။ ပြီးတော့ အကြမ်းခံတယ်။ Air Con တွေဘာတွေနဲ့ ထားစရာမလိုပါဘူး။ ဖုန်တသော သောထဲမှာလည်း ထားလို့ရပါတယ်။ Digital Editing ဟာ Computer ကို အခြေခံထားတဲ့အတွက် အင်မတန်နုပါတယ်။ Aircon နဲ့ ထားရတယ်။ ဖုန်တွေဘာတွေဝင်လို့မရဘူး၊ ကိုင်တွယ်တဲ့သူကလည်း စည်းကမ်းရှိရပါတယ်။ Moisture တွေဘာတွေ ကပ်လို့မရဘူး။ သူ့ရဲ့ အားနည်းချက်အားသာချက်တွေရှိ ကြပါတယ်။
Quality ပိုင်းမှာ ကြည့်လို့ရှိရင် Camera ထဲမှာထည့်ရိုက်လာတဲ့အခွေဟာ ဒီရုပ်သွထုတ်လုပ်မှု တစ်ခုအတွက် တကယ့်အရေးကြီးဆုံးသော Master Quality ဖြစ်ပါတယ်။ သူ့လောက်ကောင်းတဲ့ Quality ဘယ်မှာမှမရှိပါဘူး။ ဒီရိုက်ခွေထဲကအရုပ်ကို No.1, No.2 ဆိုတဲ့ Deck တွေထဲမှာထည့်ပြီး No.3 Deck ထဲကို Master အဖြစ်မောင်းထည့်လိုက်တဲ့အခါမှာ သူဟာ တတိယအဆင့်ကိုကျသွားပါပြီ။ ဒါဟာ First Copy ဖြစ်ပါတယ်။ အဲဒီ First Copy Master ရတဲ့အခွေဟာ တီးလုံးသံမပါသေးပါဘူး။ အဲဒါကို Dubbing လုပ်ချင်ရင် Post Dub လို့ခေါ်တဲ့ အပြင်မှာ တီးလုံးတွေကိုတီးပြီးတော့မှ သူ့ကိုပြန်ပေါင်းရတဲ့အဆင့်ကို လုပ်ရပါတယ်။ အချို့က Post Dub ကို Master ဆွဲလို့ရတဲ့အခွေပေါ်မှာပဲ ထပ်နင်းပြီးထည့်ကြတာရှိတယ်။ အချို့က နောက် တစ်ဆင့်ပြန်ချပါတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့ နောက်တဆင့်ပြန်ချကို တွေ့ရပါတယ်။ ခုနတုန်းက Second Copy ကနေ Post Production လုပ်ပြီးအချော Quality ဟာ Third Copy အဖြစ်ကိုရောက်ပါပြီ။ သူဟာ ပထမရိုက်ခွေကတဆင့် Master ထဲကို၊ Master ထဲကမှတဆင့် Post Dub လုပ်တဲ့အခါမှာ သူဟာ အားလုံးပေါင်းသုံးဆင့် Third Generation လို့ခေါ်တဲ့ သုံးဆင့် Quality ကျသွားပါပြီ။ အဲဒီ Quality ဟာ ဗီဒီယိုဇာတ်ကားအတွက် တစ်ခုတည်းသော Master အခွေဖြစ်ပါတယ်။
အဲဒီ Master ခွေကို တိုင်းနဲ့ပြည်နယ်တွေကို RC ကြေးနဲ့ရောင်း၊ အဲဒီ တိုင်းနဲ့ပြည်နယ်တွေက RC ကြေးပေးပြီး Master ခွေကို လာဝယ်တယ်။ ဝယ်ပြီးတော့မှ သူတို့တိုင်းနဲ့ပြည်နယ်အောက်မှာရှိတဲ့မြို့ တွေနဲ့ဗီဒီယိုခွေဆိုင်တွေကို ပြန်ပြီးဖြန့်ကြပါတယ်။ ပြည်သူလူထုမျက်စိထဲကိုရောက်တဲ့ဗီဒီယိုရုံတစ်ခုမှာ ထိုးပြတဲ့ မြန်မာကားတစ်ခွေဟာ Quality အနည်းဆုံး Quality လေးငါးဆင့်လောက်ကျနေတာကို တွေ့ရ ပါတယ်။ ဒါကြောင့်မို့လို့ ဗီဒီယိုတိတ်သားနဲ့ အဆင့်ဆင့်ကူးယူတဲ့မြန်မာနိုင်ငံက System ဟာ နည်းနည်း ချို့ယွင်းချက်ရှိပါတယ်။ သူတို့ဆီမှာဆိုရင်တော့ ဒီလိုမျိုးဗီဒီယိုကို တစ်ခွေပြီးတစ်ခွေ တစ်ဆင့်ပြီးတစ်ဆင့် ပြန်ကူးတာကို လက်မခံပါဘူး။ Original Master ကနေပြီးတော့ ဆွဲချထားတဲ့ ပါကင်ပိတ်ဘူးတွေနဲ့ Master ခွေကိုသာ သူတို့က ပြည်သူလူထုကို ရောင်းချခြင်းဖြစ်ပါတယ်။ နိုင်ငံခြားမှာက Copy Right Law က ခိုင်မာပါတယ်။
Digital Editing ဘာလို့ ခေတ်စားလာတဲ့ကိစ္စကို ကြည့်လိုက်ရင် ခုနတုန်းက Quality ကျတယ်ဆို တဲ့ဟာကို ပညာရပ်အခေါ်အဝေါ်နဲ့ Generation Lost ဖြစ်တယ်လို့ခေါ်ပါတယ်။ Generation မျိုးဆက် Lost ကျဆင်းသွားတယ်။ အရုပ်ရဲ့ Quality ဟာ တဖြည်းဖြည်းကျဆင်းသွားတာကို Generation Lost လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် စဉ်းစားကြည့်လိုက်ကြရအောင်။ ရိုက်ခွေရဲ့အကောင်းဆုံးQuality ကို Video Capture Card ထဲကနေ Computer Hard Disk ထဲကိုမောင်းထည့်လိုက်တယ်။ ဒါဟာ ပထမတစ် ဆင့်ပဲကျပါသေးတယ်။ ပထမတစ်ဆင့်ကျတဲ့ Quality ဟာလည်း Deck to Deck သွားတုန်းကလိုမျိုး Generation Lost မှာ Percentage အရမ်းမများပါဘူး။ Deck to Deck သွားတဲ့အချိန်မှာ အရုပ်တစ်ခုဟာ တစ်ကော်ပီကူးလို့ရှိရင် ၅% ကျတယ်ဆိုရင် Digital မှာ ၃% လောက်ပဲကျတယ်လို့ ကျွန်တော်တို့မှတ် ယူနိုင်ပါတယ်။ အဲဒီတော့ ၁၀၀ % ရှိတဲ့ အရုပ်တစ်ခုဟာ ကွန်ပျူတာထဲရောက်တဲ့အချိန်မှာ ၉၇ % အခြေ အနေကိုရနိုင်ပါတယ်။ အဲဒီ ၉၇ % ရှိတဲ့အရုပ်ကိုမှ Software တွေအကူအညီနဲ့ ကျွန်တော်တို့တွေ တည်းဖြတ်ကြတယ်။ ဒီ Clip တစ်ခု ဒီအရုပ်တစ်ခုကို Software ထဲမှာဘယ်နှခါပြန်သုံးသုံး၊ ထပ်တလဲလဲ ပြန်သုံးသုံး သူဟာ အတူတူပဲဖြစ်ပါတယ်။ အရုပ်တစ်ခုကို နှစ်ခါသုံးခါပဲပြန်ပွားပွား၊ ဆယ်ခါပဲပြန်ပွားပွား Editing Software တွေပေါ်မှာရှိတဲ့ Timeline ထဲက အရုပ်တစ်ခုဟာအတူတူပဲ ဖြစ်ပါတယ်။ အဲဒီအရုပ်ကို မှ Editing Final ပြီးလို့ရှိရင် ဆင်ဆာအခွေတင်မယ်၊ ဆင်ဆာအခွေကြိုက်လို့ နောက်ဆုံး Master ကိုပေး ချင်တယ်ဆိုရင် ခုနလို Analog Tape တွေကနေ ပေးရင်တော့ ခုနက Analog Editing ပုံစံအတိုင်း တစ်ဆင့်တစ်ဆင့် ပြန်ကျနေဦးမှာပါ။ ဒါပေမယ့် Digital Editing ဖြစ်တဲ့အတွက် သူ့ရဲ့အားသာချက်က ဘာလဲဆိုတော့ Digital Media တွေဖြစ်တဲ့ VCD,DVD လို့ခေါ်တဲ့ မီဒီယာတွေဘက်ကိုဆင်းလို့ရပါတယ်။ ဥပမာအားဖြင့် DVD ခုတ်မယ်ဆိုရင် ၉၇ % ရှိတဲ့ Master Quality ကနေ DVD ကိုခုတ်တဲ့အခါမှာ နောက်ထပ်၃% ကျတယ်ဆိုရင်တောင် သူဟာ DVD ဘဝရောက်တဲ့အချိန်မှာ ဒီအရုပ်ရဲ့ Quality ဟာ ရိုက်ခွေထက် ၆ % ပဲကျမှာပါ။ Quality ဟာ ၉၄% ကျန်သေးတယ်လို့ မှတ်ယူလို့ရပါတယ်။
DVD ပေါ်ရောက်သွားတဲ့ အရုပ်တစ်ခုဟာ ဘယ်လောက်ထိ ကော်ပီပွားပွား သူဟာ ကော်ပီပွား တယ်လို့တောင် မခေါ်နိုင်ပါဘူး Duplicate လုပ်တယ်လို့ခေါ်ပါတယ်။ ဒါဟာ SCSI copy ဖြစ်တဲ့အတွက် ပုံယူပွားလိုက်ခြင်းသာဖြစ်ပါတယ်။ DVD တစ်ချပ်ကို အချပ်တစ်သိန်းပွားလည်း Quality အတူတူပါပဲ Master Quality နဲ့ အချပ်တစ်သိန်းရဲ့ Quality ကအတူတူပါပဲ။ ဒီအချပ်ရဲ့ အမျိုးအစားကိုမူတည်ပြီး ရေရှည်ခံမလား၊ မခံလားဆိုတဲ့ အပေါ်မှာပဲမူတည်ပြီးတော့ ဒီသက်တမ်းကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ပြည်သူလူထုလက်ထဲကို ရောက်တဲ့အချိန်မှာ ဒီ Digital လမ်းကြောင်းကနေ စီးဆင်းလာတဲ့အရုပ် တစ်ခု ဟာ Quality တော်တော်လေးကို ကောင်းအောင်လုပ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ အဲဒါကြောင့်မို့ အခုကားလတ်လို့ခေါ်တဲ့ DVD ရုပ်ရှင်ကားတွေ ရန်ကုန်မှာ စပြီးခေတ်စားလာတာတွေ့ရပါတယ်။ အဲဒီတော့ Analog မှာလည်း သူ့ရဲ့ကောင်းကျိုးဆိုးကျိုးတွေ ရှိပါတယ်။ Digital မှာလည်း ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိပါတယ်။ Digital ရဲ့ဆိုးကျိုးက ဘာလဲဆိုတော့ Analog လောက်မြန်မြန်ဆန် ဆန်လုပ်လို့မရဘူး။ သူဟာ Online Editing မဟုတ်တဲ့အတွက် အရုပ်ကြမ်းတွေကို အရင်ဆုံး ကွန်ပျူတာ ထဲကို Capture လုပ်ရပါမယ်။ အဲဒီ Capture လုပ်ထားတဲ့ File တွေကိုလည်း Master မထွက်မချင်း ဂရုတ စိုက်နဲ့ ထိန်းသိမ်းရမယ်။ Master ထွက်ခါနီးကျမှ ဒီ Hard Disk ပျက်သွားတာမျိုးဆိုရင် ကျွန်တော်တို့ဟာ အစကနေ ပြန်လုပ်ရမယ့် သဘောရှိပါတယ်။ ပြီးတော့ ကွန်ပျူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အချိန်မ ရွေး System Error , Hardware Error ဆိုတဲ့ အမှားအယွင်းမျိုးစုံ ရှိနိုင်ပါတယ်။ သူ့ကို ဂရုစိုက်ဖို့လိုအပ် ပါတယ်။ သူဟာ အချိန်အကြာကြီးလုပ်ရတဲ့အတွက်ကြောင့် ဈေးနှုန်းလဲပိုပြီးကြီးမြင့်ပါတယ်။ လုပ်နိုင်ကိုင် နိုင်စွမ်းရှိတဲ့ Possibility မှာသူဟာ Analog Editing ထက်အများကြီး သာသွားပါပြီ။ တစ် Frame ချင်းလို အပ်သလိုပြုပြင်လို့ ရပါတယ်။ အသံတွေကိုကြိုက်သလို ပြန်ပြီးတော့ အထပ်ထပ်အခါခါ လဲကြည့်လို့ရပါ တယ်။ အရုပ်တွေကိုလည်း Quality မကောင်းတာ၊ အရောင်မမှန်တာရှိရင် ပြန်ပြီးတော့ ညှိလို့ရတယ်။ Special Effect လို့ခေါ်တဲ့ အထူးပြုလုပ်ချက်တွေ ကျွန်တော်တို့ ထည့်ပေးလို့ရပါတယ်။ ဒါတွေကတော့ Digital Editing ရဲ့ အားသာချက်တွေပါ။ ရန်ကုန်မှာတော့ Analog Editing နဲ့ Digital Editing နှစ်ခုကို ဘက်မျှပြီး လုပ်နေကြတာကို တွေ့ရပါတယ်။

Tuesday, September 16, 2008

Video Compression

Online – Offline ဆိုတဲ့ ဝေါဟာရကို သုံးစွဲတဲ့နေရာမှာ ဝိဝါဒကွဲပြားနေတာ တွေ့ရပါတယ်။ အမှန် ကအဓိပ္ပါယ် နှစ်ခုစီရှိပါတယ်။ ပထမအဓိပ္ပါယ်က လက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရာကို ချက်ချင်းရိုက် ကူးတည်းဖြတ်ပြီး ထုတ်လွှင့်တာကို Online လို့ခေါ်ပြီး အကြောင်းရာတစ်ခုကို အချိန်ယူရိုက်ကူးပြီးမှ စိတ်ကြိုက်အချိန်ယူပြီး တည်းဖြတ်ကြတာကို Offline လို့ခေါ်တာ တွေ့ရပါတယ်။ ဒုတိယအဓိပ္ပါယ်က ခွေကြမ်း - သိမ်းဆည်းရာနေရာ - တည်းဖြတ်ခြင်း - အခွေချောထုတ်ယူခြင်းဆိုတဲ့ အခြေအနေလေးမျိုးကို သုံးသပ်ကြည့်ရာမှာ သိမ်းဆည်းရာနေရာရှိနေတဲ့ တည်းဖြတ်မှုပုံစံကို Offline လို့ခေါ်ပြီး ခွေကြမ်း - တစ်ပါတည်း တည်းဖြတ် - တစ်ချိန်တည်းအခွေချောပေါ်ရောက်သွားတဲ့ ပုံစံကို Offline လို့ခေါ်ကြတာ တွေ့ရပါတယ်။
မနေ့က Digital Editing တစ်ခုရဲ့ပုံစံကို ပြန်ပြီးကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့သည် ကွန်ပျူတာနဲ့အလုပ်လုပ်ကြတာ ဖြစ်တဲ့အတွက် ကွန်ပျူတာတစ်လုံးကတော့ မလွဲမသွေ လိုအပ်မှာဖြစ်ပါ တယ်။ ပြင်ပကနေ Format မျိုးစုံသော Device မျိုးစုံကနေ ပြီးတော့ Analog ရုပ်သံစီးကြောင်းနဲ့ Video, Audio တွေဟာ Video Capture Card ဆိုတဲ့ ပစ္စည်းတစ်ခုရဲ့ Breakout Box ထဲကိုအရင်ဆုံးဝင်တယ်။ အဲဒီတော့ ကွန်ပျူတာရှိမယ်၊ ကွန်ပျူတာထဲမှာ PCI Card ဆိုတဲ့ပစ္စည်းတစ်ခု ထပ်ပြီးတော့စိုက်ထားတယ်။ Audioအတွက်ကို Sound Card၊ ရိုးရိုး Video Output အတွက်ကို ကျွန်တော်တို့ Power Point တွေ ဘာတွေကို TV ပေါ်မှာတင်ပြီးတော့ပြတာ VGA Card ဆိုတာ တစ်ခုရှိသေးတယ်။ အဲဒီလိုမျိုးပဲ Video Capture Card ဆိုတဲ့ပစ္စည်းတစ်ခုကို ထပ်ပြီးတော့စိုက်ရတယ်။ Video Capture Card မှာ Unit နှစ်ခုပါ တယ်။ တစ်ခုက Internal ထဲမှာစိုက်ရတဲ့ Card ရယ်၊ အပြင်မှာထွက်နေတဲ့ Breakout Box ဆိုတဲ့ပစ္စည်း ရယ်။ အထဲမှာစိုက်ရတဲ့ Card က တကယ်အလုပ်လုပ်ရတာ။ Breakout Box ရဲ့အလုပ်ကဘာလဲဆိုတော့ ပြင်ပကဝင်ရောက်လာတဲ့ ရုပ်သံတွေအတွက်ကို Video, Audio Cable တွေ လက်ခံပြီးတော့ထားဖို့အ တွက်အလုပ်လုပ်တာ။
ကွန်ပျူတာလောကမှာ ရုပ်ရှင်ဖိုင်တွေ၊ Video Clip တွေဟာ File Size အကြီးဆုံးနဲ့ အရှုပ်ထွေဆုံး သော File အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ရိုးရိုး File လေးတွေ၊ PageMaker File လေးတွေဆိုတာ ဘာမှ ပြဿနာမရှိဘူး။ တစ်နေရာက တစ်နေရာကိုရွှေ့ပြောင်းလို့ရတယ်။ ဒီစက်မှာရိုက်ပြီးတော့ ဟိုစက်မှာသွား ဖွင့်ကြည့်လို့ရတယ်။ ဒီဘက်စက်မှာရိုက်ပြီးတော့ ဟိုဘက်စက်မှာ သွားပြီး Print ထုတ်လို့ရတယ်။ ပုံဆို လည်းဒီမှာလုပ်လိုက်တယ်။ ဟိုဘက်မှာဖွင့်လို့ရတယ်။ ဘာမှပြဿနာမရှိဘူး။ သူတို့ရဲ့ File Size လေး တွေဟာလည်း သေးသေးလေးတွေဖြစ်တယ်။
ဒီ Video Clip မှာ ရှုပ်ထွေးမှုများစွာရှိတယ်။ သူ့မှာပါဝင်တဲ့ Properties တွေ အများကြီးရှိတယ်။ Video File တစ်ခုရဲ့ Data ဖွဲ့စည်းပုံကို ပညာရပ်ဆိုင်ရာ အကုန်လုံးသိမှသာလျှင် ကိုယ် အလုပ်လုပ်တဲ့ အခါမှာ အဆင်ပြေလိမ့်မယ်။ Video File တွေဟာ လွယ်လွယ်ကူကူ ပေါ့ပေါ့သေးသေးမဟုတ်ဘူး။ တစ်နေရာနဲ့ တစ်နေရာကို ချက်ချင်းရွှေ့ပြီးတော့ အလုပ်လုပ်လို့မရဘူး။ သူဟာ တစ်သီးပုဂ္ဂလဆန်တဲ့ Format အကုန်လုံးရှိတယ်။ အဲဒါတွေကို နားလည်အောင် ဒီနေ့ ကျွန်တော်တို့ကြည့်ကြမယ်။ ခုနတုန်းက ရုပ်သံတွေဘယ်လိုလုပ် Data File ဖြစ်လာသလဲ ဆိုတဲ့ကိစ္စဟာ အပြင်ကနေပြီးတော့ Breakout Box ကနေဖြတ်ပြီးတော့ Card ကနေ Hard Disk ထဲကိုသွားတယ်။ အဲဒီလိုမျိုး Analog ရုပ်သံစီးကြောင်းတွေ ဟာCard ကနေ Hard Disk ထဲကို အဲဒီလိုမျိုးရောက်သွားတဲ့ အဆင့်ကို Compress လုပ်တယ်လို့ခေါ် တယ်။ ကျွန်တော်တို့တွေ Compressor ဆိုတဲ့စကားကို ကြားဖူးလား။ အပြင်လောကမှာ အဲဒီလိုအသုံး အနှုန်းကိုတွေ့ဖူးလား။ ဘယ်မှာတွေ့ရလဲ။ Compressor ဆိုတဲ့ပစ္စည်းကို Air Con တို့ ရေခဲသေတ္တာတို့ မှာတွေ့ရတယ်။ ရေစုပ်စက်တို့ဘာတို့မှာ တွေ့ရတယ်။ အဲဒီလို Compressor ဆိုတဲ့ပစ္စည်းဟာ လေ (သို့) ရေ ကို ဖိနှိပ်ပြီးတော့မှ သူက တွန်းကန်အားတစ်ခုနဲ့ပြန်လွှတ်တာ။ ပြင်ပမှာ အဲဒီလို Device ကို Compressor လို့ခေါ်တယ်။
ကျွန်တော်တို့ဆီမှာလည်း အဲလိုနည်းတူပဲ သိပ်ပြီးတော့မကွာဘူး။ ပြင်ပကဝင်လာတဲ့ ရုပ်သံစီး ကြောင်းတွေကို ဒီလိုဖိနှိပ်ပြီး၊ Format တစ်ခုအနေနဲ့ Hard Disk ထဲကို ပြန်ပြီးသွတ်သွင်းလိုက်တာပဲ။ ဒါပေမယ့် ကျွန်တော်အခုပြောတဲ့ ကျွန်တော်တို့ဆီမှာပါတဲ့ Compressor သည် ပစ္စည်းမဟုတ်ပါ။ လက်နဲ့ ထိတွေ့ကိုင်တွယ်လို့မရဘူး။ သူသည် Programming နည်းပညာနဲ့ရေးထားတဲ့ System File လေးတစ်ခု သာလျှင်ဖြစ်ပါတယ်။ System File လို့ခေါ်ပေမယ့် Second party Software လို့ခေါ်တဲ့ Photoshop တို့ Premiere တို့လို ဖွင့်ပြီးအလုပ်လုပ်ရတဲ့ သူ့ကို Third party Software လို့ခေါ်တယ်။ကတ်တစ်ခု ဝယ်လို့ရှိရင် ကတ်နဲ့အတူ နဂိုအလိုအလျောက်ရှိပြီးသား File စနစ်တစ်ခုသာဖြစ်တယ်။ ဒီလို Compressor တွေရဲ့ အကူအညီနဲ့ အဲဒီလိုရုပ်သံတွေဟာ Hard Disk ထဲကို Compress လုပ်ပြီးတော့ Data File အဖြစ်ရောက်သွားတယ်။ အခု Premiere ထဲမှာ မြင်နေရတဲ့ Clip တွေအားလုံး အဲလိုနည်းပညာ နဲ့ Hard Disk ထဲကို Storage လုပ်ထားတဲ့ ဟာတွေပဲဖြစ်တယ်။ ဒီလုပ်ငန်းစဉ်ကို Compress လို့ခေါ် တယ်။ တနည်းအားဖြင့် တချို့ကလည်း အဲဒါကို Convert လို့ခေါ်တယ်။ Convert ဟာ ပြောင်းလဲတာ။ ဘယ်ကနေ ဘယ်ကိုပြောင်းလဲတာလဲဆိုရင် Analog ကနေ Digital ကိုပြောင်းလဲတာ။ တချို့က အဲဒါကို Convert လို့ခေါ်တယ်။ ဒါပေမယ့် Compress ဆိုတဲ့ စကားလုံးက ပိုပြီးအသုံးများပါတယ်။ Hard Disk ထဲကို ဝင်သွားပြီ Data အဖြစ်နဲ့။ အဲဒီ Data File တွေကိုမှ ကျွန်တော်တို့ ယူငင်သုံးစွဲမယ်။ Editing လုပ်မယ်။ Export ပြန်ထုတ်မယ်။ TV ပေါ်ပြန်တင်မယ်။
ကြည့်လိုက်လို့ရှိရင် mov file တစ်ခု၊ ကျွန်တော် ထောက်ကြည့်လိုက်တယ်။ Ferry mov ထောက် ကြည့်လိုက်တယ်။ Right Click နဲ့ Properties ကိုဖွင့်ကြည့်လိုက်တယ်။ အပေါ်ဆုံးက စာကြောင်းကိုဖတ် ကြည့်ရအောင် File Path ဘယ်ထဲမှာ ရှိသလဲပေါ့။ သူ့ရဲ့နာမည်က Ferry.mov ။ Ferry ကဘာလဲ။ Ferry က File name ပါ။ ကြိုက်သလိုပေးလို့ရတယ်။ ပြဿနာမရှိပါဘူး။ mov ကဘာလဲ။ အဲဒါ Extension ပါ။ mov ဆိုတာ movie လို့ပြောလို့ရပေမယ့် အဲဒါ Extension ပါ။ Computer အခြေခံရှိဖို့လိုတယ်လို့ သင်တန်းလက်ခံတုန်းက ကျွန်တော်ပြောခဲ့တာ အဲဒါကြောင့်ပဲ။ ဒါကိုမြင်လိုက်ရင် Extension ဆိုတာ သိနေရမယ်။ ဘာရဲ့ Extension လဲ။ သူဟာ Format တစ်ခုရဲ့ Extension ပဲ။ ဘာ Format ရဲ့ Extension လဲ။ QuickTime mov လို့ခေါ်တဲ့ File စနစ်တစ်ခုရဲ့ Extension သာဖြစ်ပါတယ်။ AVI ဒါလည်းပဲ Extension ပဲ။ ဘာ Format ရဲ့ Extension လဲဆိုရင် Microsoft Video သို့မဟုတ် Video for Window ဆိုတဲ့ File စနစ်တစ်ခုရဲ့ Extension တစ်ခုသာဖြစ်ပါတယ်။ ပိုပြီးတော့နားလည်အောင်ပြောရရင် QuickTime movie ဆိုတဲ့ File စနစ်ဟာ Pentium ကနေ စတင်ခဲ့တာမဟုတ်ပါဘူး။ Apple Macintosh ကနေ စတင်တီထွင်တာဖြစ်ပါတယ်။ သူဟာ ဗီဒီယိုတည်းဖြတ်တဲ့လုပ်ငန်းတွေ၊ Graphic လုပ်ငန်းတွေ Pentium ထက် အများကြီးစောပါတယ်။ လက်ရှိမှာလည်း ကမ္ဘာမှာ၊ နိုင်ငံတကာမှာ Apple Macintosh သို့မဟုတ် Silicon Graphic လို့ခေါ်တဲ့စက်တွေ Super Machine တွေနဲ့ပဲ ဒီလုပ်ငန်းကြီးတွေကို လုပ်ကြ တာပါ။ သူတို့ဆီမှာ တကယ်လို့ Pentium 4 တွေနဲ့လုပ်ကြမယ်ဆိုရင်တောင် Turnkey System လို့ခေါ်တဲ့ စက်ကိုစပြီး Manufacture လုပ်ကတည်းက Video Editing လုပ်ဖို့အတွက်ကို Pentium ကို Super Machine တစ်ခါတည်းဆင်တာ။ Processor နဲ့ Hard Disk ဆိုလည်း Space ကအများကြီးနဲ့၊ Hard Disk တွေ၊ Raid တွေကလည်း တွဲထားသေးတယ်။ Memory ဆိုလည်း Gigabyte Memory အများကြီးနဲ့၊ Video Capture Card ကိုလည်း သူနဲ့တွဲဖက်မယ့် Mother Board နဲ့ တစ်ခါတည်း တပ်ပြီး တော့မှ Turnkey System ဆိုပြီးရောင်းတာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလို တရုတ်ပြည်ကနေ Hard Disk တွေဝယ်၊ ကိုရီးယားကနေ Monitor တွေဝယ်၊ မြန်မာပြည်က Keyboard တွေ ထုတ်လုပ်၊ လျှောက် တပ်၊ ဟိုဟာနဲ့ဆင်၊ ဒီဟာနဲ့ဆင် မရှိဘူး။ ဒီ Apple Macintosh ကုမ္ပဏီကနေထုတ်လုပ်လိုက်တဲ့ QuickTime mov ဆိုတဲ့ Format လေးကို နောက်ပိုင်းမှာ Pentium ကနေပြီးတော့ Macintosh Format တွေကို နားလည်အောင်ဆိုပြီးတော့ လိုက်တီထွင်ပြီးထုတ်လုပ်တော့ ကျွန်တော်တို့ Pentium ထဲမှာ .mov ဆိုပြီးတော့ ထွက်လာတယ်။
ဒီနေရာမှာ Compress နဲ့ Convert နှစ်ခု ကွာခြားချက်ကို ပြောပါမယ်။ Compress လုပ်တယ်ဆို တာက Analog Video Signal ကို Digital Clip များအဖြစ် ပုံစံပြောင်းပေး လိုက်တာ ကိုခေါ်လေ့ရှိကြပြီး Convert ဆိုတာက နဂိုမူရင်း Digital Video Clip ကို Digital Clip များအဖြစ် ပြောင်းပေးလိုက်တာကို ခေါ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အခုသင်ကြားနေကြတဲ့ CIB File ထဲမှာ Classroom in Book ဆို တဲ့ CIB ဟာ Macintosh နေစပြီး ထွက်တာပါ။ Adobe ကုမ္ပဏီဟာ Macintosh Computer တွေ မှာသုံးဖို့အတွက်ကို အဓိကထားပြီးထုတ်တာဖြစ်တယ်။ အဲဒီ CIB တွေကို Pentium ကသုံးလို့မရ တဲ့အတွက် Pentium ကနေပြီးတော့ Microsoft ဟာ Quick Time mov တွေဆိုပြီးတော့ သက်သက်ထပ်ပြီးတော့ ထုတ်ထားတာပါ။ AVI ဆိုတဲ့ Format ကိုကျတော့ Pentium တွေမှာ အများဆုံးတွေ့ရပါတယ်။ ကျွန်တော်တို့တွေဟာ Pentium 4 တွေနဲ့အလုပ်လုပ်ကြတဲ့အခါမှာ ထွက်လာတဲ့ mov ရဲ့ ၉၉% ဟာ .AVI ဖြစ်ပါလိမ့်မယ်။ Microsoft Video သို့မဟုတ် Video for Window ရဲ့ Extension ကို တွေ့ရပါလိမ့်မယ်။ ပြန်ကြည့်လို့ရှိရင် Ferry ဆိုတာဘာလဲ။ mov ဆို တာ Extension တစ်ခုကို ကိုယ်စားပြုတာ။ Page Maker ကို Extension တစ်ခုနဲ့ ကိုယ်စားပြုရင် ဘယ်လိုလာမလဲ။ pmd ဆိုပြီးလာမယ်။ Photoshop ဆိုရင် ဘာလာမလဲ။ psd နဲ့လာတယ်။ JPEG, TIFF, MPG ဒါတွေဟာ သူ့ရဲ့ Format တစ်ခုစီကို ကိုယ်စားပြုထားတဲ့ Extension တွေ သာဖြစ်ပါတယ်။ Quick Time mov ဆိုတဲ့ Format နဲ့ Video for Window ဆိုတဲ့ Format တွေ ရောက်ရှိလာအောင်လို့ အဓိကအားဖြင့် တွန်းပို့ပေးလိုက်တဲ့ ပစ္စည်းဟာဘာလဲဆိုတော့ Compressor ပဲ။
အဲဒီတော့ ကျွန်တော်တို့ဟာ Theory တစ်ခုချကြည့်လိုက်လို့ရှိရင် Compressor ရဲ့စေ့ ဆော်မှုကြောင့် ပုံစံမတူတဲ့ Format တွေထွက်လာကြတယ်။ အဲဒီ Format တွေကို Extension တွေနဲ့ ကိုယ်စားပြုတယ်။ Ferry.mov ဆိုတဲ့ Movie လေးတစ်ခုရလာအောင်ဘယ်လိုကနေ လာတာလဲ။ သူသည် Quick Time Movie ကိုဖြစ်စေနိုင်တဲ့ Compressor တစ်ခုရဲ့ တွန်းပို့မှု ကြောင့် သူဟာ Quick Time Movie ဆိုတဲ့ Format တစ်ခုထွက်လာတယ်။ အဲဒီ Format ကို .mov Extension တစ်ခုက ကိုယ်စားပြုတယ်။ ကျွန်တော်တို့ဟာ အဲဒီလို ပြောင်းပြန်ပြန်လိုက်ရ တယ်။ Extension ကိုအရင်ကြည့်တယ်။ Extension ကဘာလဲ။ Extension ကိုကြည့်ပြီးတော့ ဘာ Format ဆိုတာ သိသာနိုင်တယ်။ အဲဒီ Format ကိုဖြစ်စေအောင်ဘယ် Compressor ကလုပ် ထားတယ်ဆိုတာ တွေ့နိုင်တယ်။ အဲဒီ Compressor ရဲ့နာမည်ဟာ Properties ထဲမှာပါတယ်။ ဟိုအောက်မှာ Compressor ရဲ့နာမည် Sorenson Video တဲ့။ ကျွန်တော်တို့တွေ လက်ရှိအလုပ် လုပ်နေကြတဲ့ လောကထဲမှာ Format နှစ်မျိုးရှိတယ်။ တစ်ခုက Individual ဆိုတဲ့တစ်သီးပုဂ္ဂလ ဆန်တဲ့ Format တွေနဲ့ Universal Format ဆိုတဲ့ ကြိုက်တဲ့နေရာမှာ ဆွဲသုံးနိုင်တဲ့ Format ဆိုပြီး နှစ်ခုရှိတယ်။ Individual Format ကသိပ်ပြီး တစ်သီးပုဂ္ဂလဆန်လွန်းတယ်။ ကိုယ့်စက်မှာ Create လုပ်လိုက်ပြီးလို့ရှိရင် အခြားစက်မှာပြောင်းပြီး သုံးဖို့မလွယ်ဘူး။ Universal Format ဆိုတဲ့ဟာက ကိုယ့်စက်မှာလုပ်ပြီးပေမယ့် ကြိုက်တဲ့စက်မှာ သုံးစွဲလို့ရတယ်။ ကျွန်တော်တို့ Editing လောကမှာ Individual Format တွေကိုသာ တွေ့ရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Professional လုပ်တဲ့ အလုပ်မှန်သမျှကို သူတို့ဟာ သူတို့ကုမ္ပဏီရဲ့ စက်ပစ္စည်းတွေရောင်းရဖို့အတွက် လုပ်ထားတယ်။ ဥပမာပြောရရင် Sony TV ကို Sony Remote နဲ့မှဖွင့်လို့ရသလိုမျိုးပဲ။ သူတို့ဟာ သူတို့ရောင်းချ လိုက်တဲ့ Video Capture Card တွေရဲ့ တစ်သီးပုဂ္ဂလဆန်မှုကို မူတည်ပြီးတော့ သူတို့စက်ပစ္စည်း တွေကိုရောင်းချကြတယ်။
သူငယ်ချင်းသုံးယောက်ဒီအလုပ်ကို အတူလုပ်ကြတယ်။ အရင်ဆုံးတစ်ယောက်ကစပြီး တော့ Video Capture Card တစ်ခုဝယ်လိုက်တယ်။ ကုမ္ပဏီနာမည်က Canopus ကုမ္ပဏီကနေ ပြီးတော့ Model မြင့်တဲ့ Video Capture Card တစ်ခုကို ဝယ်လိုက်တယ်။ သူဟာ သုံးစွဲရတာ အဆင်ပြေတယ်။ အိမ်နီးနားချင်းသူငယ်ချင်းနှစ်ယောက်ကလဲ ဒီသင်တန်းကိုတက်ပြီး ဒီအလုပ်ကို အတူလုပ်ချင်ကြပြီ။ အဲဒီနှစ်ယောက်ဟာ သူ့ကိုအတုယူပြီးတော့ သေချာပေါက် အဲဒီ Canopus Card ကိုလိုက်ဝယ်လိမ့်မယ်။ နောက်နှစ်ယောက်ကလိုက်ဝယ်တယ်။ သုံးယောက်လုံးဝယ်လိုက် တယ်။ အဲဒီသုံးယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ကူးလူးဆက်ဆံပြီးတော့ အလုပ်လုပ်လို့ ရတယ်။ ဒါကြောင့်မို့ဝယ်တာ။ တစ်ယောက်မှာအဆင်မပြေဘူး။ နောက်တစ်ယောက်ဆီမှာ File ကိုယူပြီး အလုပ်လုပ်လို့ရတယ်။ တစ်ယောက်က Canopus ကိုဝယ်တယ်။ နောက်တစ်ယောက်က Matrox ဝယ်တယ်။ နောက်တစ်ယောက်က Pinnacle ကိုဝယ်တယ်။ ဒီ Card သုံးမျိုးဟာ တစ်ခု နဲ့တစ်ခု မတူကြဘူး။ အဲဒါဆိုရင် တစ်ခုနဲ့တစ်ခု ကူးလူးဆက်ဆံပြီး အလုပ်လုပ်လို့မရဘူး။ Canopus File ကို Matrox ကနားမလည်ဘူး။ Matrox ကို Pinnacle ကနားမလည်ဘူး။ အဲဒီတော့ သူတို့ဟာ Individual Format ဖြစ်သွားအောင်၊ သူတို့စက်ပစ္စည်းရောင်းလို့ရအောင် လုပ်ထား ကြတယ်။ မြန်မာနိုင်ငံမှာ Motion Media House အကြီးကြီး ၁၀ ခုလောက်ရှိတယ်။ အသေးလေး ကအခု ၅၀လောက်ရှိတယ်။ အားလုံးပေါင်း Media House ၆၀ လောက်ရှိတယ်ဆိုရင် အဲဒီ ၆၀ လုံးမှာ စာရင်းကောက်ကြည့်လိုက်။ သူတို့သုံးစွဲနေတဲ့ Card အမျိုးအစားမတူတဲ့ ကုမ္ပဏီ ငါးခုပဲ ရှိတယ်။ နံပါတ်တစ်က Media 100 လို့ခေါ်တယ်။ ဈေးကြီးတယ်။ အများဆုံး Macintosh မှာ အလုပ်လုပ်တယ်။ နောက်တစ်ခုက DPS လို့ခေါ်တယ်။ DPS Velocity , DPS Reality နာမည် လေးတွေကြားဖူးသွားအောင်။ နောက်တစ်ခုက Pinnacle လို့ခေါ်တယ် Pinnacle DV 500 , DC 1000 , DC 2000 တို့ဘာတို့။ နောက်တစ်ခုက Matrox လို့ခေါ်တယ်။ နောက်တစ်ခုက Canopus လို့ခေါ်တယ်။ အဲဒီငါးခုကနေ လုံးဝပြေးမလွတ်ဘူး။ ဘာကွာသွားလဲဆိုတော့ ဝယ်ယူ ထားတဲ့ခုနှစ်ပေါ်မှာ မူတည်ပြီးတော့ Model လောက်ပဲကွာသွားတယ်။
Compressor ကို တီထွင်ရတဲ့ အကြောင်းအရင်းကို ပြောပြမယ်။ ရုပ်ရှင်၊ ဗီဒီယိုလောကမှာ လူတွေတန်ဖိုးထားပြီးတော့ ပြိုင်ဆိုင်ကြတဲ့အရာဟာ ဘာလဲဆိုတော့ နံပါတ်တစ်က Quality ကောင်းရမယ်။ နံပါတ်နှစ်က File Size သေးရမယ်။ သူတို့ရဲ့အသက်ဟာ အဲဒါပဲ။ Quality ကောင်းဖို့ရယ်၊ File Size သေးဖို့ရယ်။ ဥပမာတစ်ခုပြောပြမယ်။ Duration တစ်မိနစ်စာရှိတဲ့ Movie File တစ်ခုကို Matrox နဲ့ Capture ဖမ်းလိုက်တဲ့အခါမှာ Matrox ဟာ 200 MB ထွက်တယ်။ Canopus နဲ့ Capture ဖမ်းလိုက်တဲ့အခါမှာ 150 MB ထွက်တယ်။ Duration ချင်းက အတူတူပဲ။ ဒါပေမယ့် 200 MB ရှိတဲ့ File ရယ်။ 150 MB ရှိတဲ့ File ရယ်၊ အဲဒီနှစ်ခုကို TV ပေါ်မှာ ပြိုင်တူတင်ကြည့်လိုက်တယ်။ TV နှစ်လုံးပေါ်မှာ ယှဉ်ကြည့်လိုက်တယ်။ Quality ကအတူတူပဲ။ ဘာမှမကွာဘူး။ 200 MB ကနေ ထွက်လာတဲ့အရုပ်ကလည်း ဒီအရုပ်ပဲ။ 150MB ကနေ ထွက်လာ တဲ့အရုပ်ကလည်း ဒီအရုပ်ပဲ။ အဲဒီလိုဆိုရင် ကျွန်တော်တို့ ဝယ်ဖို့စဉ်းစားတဲ့အခါ ဒီကုမ္ပဏီနှစ်ခုမှာ ဘယ်သူ့ကိုဝယ်မလဲ။ Canopus ကိုဝယ်မယ်။ ဘာကြောင့်ဝယ်မှာလဲ Size သေးလို့။ အဓိက အကြောင်းအရင်းက အဲဒါပဲ။ Size သေးတော့ အလုပ်များများလုပ်လို့ရတယ်။ ကိုယ့် Hard Disk မှာ နေရာအများကြီးပိုတဲ့အတွက် အလုပ်တွေများများ လုပ်လို့ရတယ်။ Quality အတူတူပဲလေ။ Matrox ကို ဘယ်လောက်ပဲ နာမည်ကြီးတယ်ပြောပြော Canopus ဆိုတဲ့ ကုမ္ပဏီအသစ်လေးက Quality ဟာ Matrox နဲ့ အတူတူပဲဖြစ်တဲ့အပြင် သူဟာ သူ့ရဲ့ Compression Rate က သေးတယ်ဆိုရင် ဒါဟာ သူ့ရဲ့အောင်မြင်မှုပဲ။ အဲဒီတော့ Matrox ဟာနောက်ကျန်ခဲ့မယ်။ Canopus ကိုလူတွေလိုက်ဝယ်လိမ့်မယ်။ Canopus ကို တစ်နှစ်လောက်သုံးပြီးတဲ့အခါမှာ Matrox 100 ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုပေါ်လာပြီးတော့ အဲဒီ Quality အတိုင်း တစ်မိနစ်စာဖမ်းလိုက်တဲ့အ ချိန်မှာ 100 MB ပဲကျန်တော့တယ်။ အဲဒီတော့ Canopus ဟာကျန်ခဲ့ပြီ။ Media 100 ကိုလိုက်ဝယ် ကြလိမ့်မယ်။ အဲဒါဘာကြောင့်လဲဆိုတော့ သူတို့ကုမ္ပဏီကနေ တီထွင်ထုတ်လုပ်လိုက်တဲ့ Compressor တွေရဲ့ အရည်အသွေးကြောင့်ပဲ။
အခုနောက်ပိုင်းဟာ IT ခေတ်ဖြစ်ပါတယ်။ Internet ပေါ်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ချိတ်ဆက်ပြီးတော့ သုံးစွဲနေကြတယ်။ Internet ပေါ်မှာ ရုပ်ရှင်တောင်ကြည့်လို့ရတယ်။ Streaming Movie ဆိုတာ MPEG 4 ဆိုတဲ့ Format နဲ့ ထွက်လာတာ။ အဲဒီလို Internet ရဲ့ သွားလာမှုမြန်ဆန်ဖို့အတွက်ကို Compressor ဆိုတာ တစ်နေ့ထက်တစ်နေ့ တစ်ခုပြီးတစ်ခု ထွက်နေတယ်။ ဥပမာပြောရရင် Sony ရဲ့ Website တစ်ခုနဲ့ Panasonic ရဲ့ Website ဆိုပြီးနှစ်ခု ရှိပါတယ်။ Website ဆိုတာ အမှန်ကတော့ ကြော်ငြာပါပဲ။ Interactive ကြော်ငြာပါပဲ။ မဂ္ဂဇင်းတစ် ခုကိုလှန်ပြီးတော့ ကိုယ်လိုချင်တဲ့ ကြော်ငြာကိုလှန်ပြီး ဖတ်သလိုပဲ။ Internet ဆိုတာလည်း ကမ္ဘာ အနှံ့မှာရှိတဲ့ ကိုယ်လိုချင်တဲ့ ကြော်ငြာစာမျက်နှာကို ကြည့်တဲ့သဘောပါပဲ။ အဲဒီ Web Site မှာ Content တွေရှိတယ်။ Graphic တွေ၊ Movie တွေ၊ Audio တွေ။ အဲဒီ Content တွေဟာ Sony မှာပါဝင်တဲ့ Content တွေဟာ Size ကကြီးနေတယ်။ Panasonic မှာပါဝင်တဲ့ Content တွေဟာ Size က သေးနေတယ်။ Sony ရော၊ Panasonic ရော နှစ်ခုလုံးဟာ ဂျပန်နိုင်ငံကနေဖြစ်ပါတယ်။ သူတို့ရဲ့ Server တွေကို ဂျပန်နိုင်ငံမှာ တည်ထောင်ထားပါတယ်။ မြန်မာပြည်ရဲ့ ရုံးခန်းတစ်နေရာ ကတော့ Sony Web Site ရော၊ Panasonic Web Site ရော နှစ်ခုလုံးကို ပြိုင်တူ ဖွင့်ပြီးတော့ ကြည့်ပါတယ်။ ရည်ရွယ်ချက်ကတော့ TV တစ်လုံးကို ဝယ်ချင်တာ။ Internet ပေါ်တက်ပြီးတော့ Sony နဲ့ Panasonic ဘယ်ဟာပိုကောင်းလဲ၊ ဘယ်ဟာ ဈေးသက်သာလဲဆိုတာ ကြည့်လိုက်ဦး မယ်ဆိုပြီး နှစ်ခုလုံးကို ပြိုင်တူဖွင့်တယ်။ ဖွင့်တဲ့အချိန်မှာ ဂျပန် Server မှာရှိတဲ့ Sony Web Site ရဲ့ Content တွေဟာ Loading တအားကြီးနေပြီးတော့ Panasonic Web Site ရဲ့ Content တွေဟာ Loading က အရမ်းနည်းနေတဲ့အခါမှာ Sony ရဲ့ရောက်လာမှုဟာ Panasonic ထက်နောက်ကျနေ တယ်။ ဒီနှစ်ခုကို ပြိုင်ဖွင့်တဲ့အခါမှာ Panasonic က အရင်ပွင့်လာတယ်။ Sony ကနောက်မှတက် တယ်။ Web Site ဆိုတာ ချက်ချင်းမတက်ဘူး။ ခဏစောင့်ရတယ်။ အဲဒီတော့မှ သူရဲ့ Content တွေဟာ ကျွန်တော်တို့ရဲ့ ကွန်ပျူတာထဲကို စီးဝင်လာတယ်။
အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ ဘယ် TV ကိုဝယ်ဖြစ်သွားမလဲ။ Panasonic ကိုဝယ်ဖြစ် သွားမယ်။ အရင်ဆုံးတွေ့တဲ့ Web Site ကဆွဲဆောင်သွားမယ်။ Sony ကိုစောင့်မနေတော့ဘူး။ Panasonic က သူတို့ဆီမှာ နောက်ဆုံးထုတ်တဲ့ Flat TV အရမ်းကောင်းတယ်။ ရန်ကုန်ဘယ်နေ ရာမှာ Show Room ဖွင့်ထားတယ်။ သွားဝယ်လို့ရတယ်ဆိုရင် Sony ကိုစောင့်မနေတော့ဘူး။ စက်ကိုပိတ်ပြီး သွားဝယ်ကြမယ်။ Quality တူတယ် File Size ကသေးသွားတယ်။ ကျွန်တော်တို့ ဗီဒီယိုမှာလည်း အတူတူပဲ။ အဲဒီ ရည်ရွယ်ချက်တွေနဲ့ Quality တူတယ် File Size ကိုချုံ့နိုင်သမျှ ချုံ့ဖို့ အပြိုင်အဆိုင် ကြိုးစားရင်းနဲ့ နောက်ဆုံး Compressor တွေပေါ်လာတယ်။ ဒီ Compressor ရဲ့အလုပ်ကဘာလဲ။ Format တစ်ခုဖြစ်အောင် သူတို့က တွန်းပို့ပေးတယ်။ အဲဒီ Format ဟာ Quality ကောင်းရမယ်၊ File Size သေးရမယ်။ အဲဒီ Format ကို Extension ကကိုယ်စားပြုမယ်။
အခုစက်ထဲမှာရောက်နေတဲ့ Ferry.mov ဆိုတဲ့ mov လေးဟာ Sorenson Video လို့ နာမည်ရတဲ့ Compressor လေးတစ်ခုရဲ့ တွန်းပို့မှုကြောင့် Quick Time Movie Format ဖြစ်သွား ရပါတယ်။ သူ့ကို .mov ဆိုတဲ့ Extension နဲ့ ကိုယ်စားပြုထားပါတယ်။ ဒါပေမယ့် အဲဒီဟာက Universal Format ဖြစ်ပါတယ်။ ဘာကြောင့်လဲ ကျွန်တော့ကွန်ပျူတာမှာ ရိုးရိုး Pentium 4 တစ်လုံးကလွဲလို့ အခြားဘာအပိုပစ္စည်းမှ မပါဘူး။ Video Card မပါဘူး။ ဒါပေမယ့် ဒီကွန်ပျူတာ ထဲမှာ Ferry.mov ကို အကုန်လုံးမြင်နိုင်စွမ်းရှိတယ်။ အလုပ်လုပ်လို့ရတယ်။ အဲဒီသဘောပဲ။ ဒါပေမယ့် အဲဒီဟာကို TV ကနေထုတ်ပြီးတော့ အခွေသွင်းလို့ မကောင်းဘူး။ မြန်မာ့အသံမှာ လွှင့်လို့မရဘူး။ သင်တန်းသားတွေ သုံးလို့ရအောင်ပဲ လုပ်ပေးထားတဲ့ Universal Format ဖြစ်ပါတယ်။

Monday, September 15, 2008

Time Code

နောက်တစ်ခု ဆက်ကြည့်ရအောင် File Size တဲ့။ ဘယ်လောက်ရှိလဲ။ 6.25 Megabyte ရှိတယ်။ ဒါပြဿနာမရှိဘူး။ သူကြိုက်သလိုဖြစ်နိုင်တယ်။ Total Duration ကဘယ်လောက်လဲ 00: 00: 00: 28 တဲ့။ Time Code ကိုပြောတာ။
အခုကျွန်တော်သင်နေတဲ့ လမ်းကြောင်းဟာ Digital Video Editing တစ်ခုတည်းလုပ်ဖို့ သက်သက်မဟုတ်ပါဘူး။ 2D Effect တွေပဲလုပ်လုပ်၊ 3D Animation တွေပဲလုပ်လုပ်၊ တစ်နေရာ နဲ့ တစ်နေရာကို File တွေကို ဘယ်လိုပဲသယ်သယ်၊ ဘယ်လိုပဲပို့ပို့ Technology တွေ Theory တွေကို တကယ်နားလည်တယ်ဆိုရင် အခက်အခဲဆိုတာ မရှိနိုင်တော့ပါဘူး။
Duration ကဘာတဲ့လဲ။ 00: 00: 00: 28။ ၄ပိုင်း။ ကျွန်တော်တို့ နာရီကြည့်တဲ့အခါမှာ နာရီနဲ့ မိနစ် နှစ်ကန့်ပဲပါတယ်။ ရှေ့ဆက်ပြီး အလုပ်လုပ်ကြတဲ့အခါမှာ အဲဒီပုံစံနဲ့ အလုပ်လုပ်ကြ ရပါမယ်။ ဒီဟာကို SMPTE Time Code လို့ခေါ်ပါတယ်။ အချိန်ကိုမှတ်သားတဲ့စနစ်ပါ။ SMPTE စနစ်ပါ။ သူ့မှာ နာမည်ရှိပါတယ်။ SMPTE Time Code ဆိုရင် အကန့်၎ကန့်ခွဲရေးတာကို ပြေးမြင် ရပါမယ်။ SMPTE ဆိုတာ Society of Motion Picture & Television Engineers လို့ခေါ်တဲ့ ရုပ်ရှင်နည်းပညာ အင်ဂျင်နီယာအဖွဲ့ကနေ တီထွင်ထုတ်လုပ်လိုက်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ သူကဘာပြောလဲဆိုရင် ဒီလောကသားတွေ ဒီစနစ်နဲ့ အလုပ်လုပ်လို့ရှိရင် အရမ်းအဆင်ပြေပါ တယ်တဲ့။ ဒီစနစ်မှာ နောက်ဆုံးဟာဘာလဲဆိုတော့ Frame လို့ခေါ်တယ်။ နောက်တစ်ခုက Second နောက်တစ်ခုက Minute ၊ နောက်တစ်ခုက Hours ။ ပြင်ကလူတစ်ယောက်ဟာ Frame ဆိုတာကို မသိနိုင်ပါဘူး။ အနည်းဆုံး Second လောက်ပဲသိနိုင်ပါတယ်။ သူတို့ဟာ အချိန်ရဲ့ခွဲခြား သတ်မှတ်မှုကို Second အထိပဲ သိနိုင်ပါတယ်။ ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာ တစ်စက္ကန့် ဆိုတာအရမ်းများနေပါတယ်။ Second ရဲ့နောက်ကွယ်မှာ Frame ဆိုတာရှိပါတယ်။ Frame ဆို တာဘယ်လိုဖွဲ့စည်းထားသလဲဆိုတော့ ၃၀နဲ့ဖွဲ့စည်းထားပါတယ်။ Second ဆိုတာ ၆၀ နဲ့ဖွဲ့စည်း ထားပါတယ်။ Minute ကလည်း ၆၀ နဲ့ ဖွဲ့စည်းတယ်။ နာရီကတော့ Infinity အဆုံးအဆမရှိ ဖွဲ့စည်းနိုင်တယ်။ ၂၄ နာရီကို တစ်ရက်လို့မပြောတော့ဘူး။ နာရီက ကြိုက်သလိုသွားလို့ရတယ်။
စက္ကန့်ခြောက်ဆယ်မှာ တစ်မိနစ်၊ မိနစ်ခြောက်ဆယ်မှာ တစ်နာရီ။ ဒီစက္ကန့်ခြောက်ဆယ် ထဲက တစ်စက္ကန့်စာဟာ Frame ၃၀ စာနဲ့ညီမျှပါတယ်။ အဲဒါဟာ ရုပ်ရှင်သဘောတရားကို အခြေခံပြီးတော့ ထွက်လာတာပါ။ ရုပ်ရှင်ရဲ့ သဘောတရားကဘာလဲဆိုတော့ လက်လှုပ်တဲ့လှုပ် ရှားမှုကို မြင်ကြည့်လိုက်ပါ။ ဒါဟာ တစ်စက္ကန့်ကြာချင်ကြာမယ်။ ဒါပေမယ့် လက်လှုပ်တဲ့လှုပ်ရှားမှု ဟာ ဘာလဲဆိုတော့ တစ်ဆက်တစ်စပ်တည်းဖြစ်သော ရုပ်သေပုံပေါင်း ၃၀ ကို အစီအစဉ်တကျ ဆက်ထားတာဖြစ်တယ်။ အဲဒီလို တစ်ဆက်တည်းလုပ်လိုက်တဲ့အခါမှာ ရုပ်ရှင်တစ်ခုဖြစ်သွားတယ်။ တစ်စက္ကန့်စာလှုပ်ရှားမှုဖြစ်သွားတယ်။ တစ်စက္ကန့်စာမှာ အစီအစဉ်တကျဖြစ်သော ရုပ်သေပုံပေါင်း ၃၀ ဆက်ထားတာဖြစ်တယ်။ Frame ဆိုတာ အဲဒါကိုပြောတာ။ ရုပ်ရှင်ဆိုတာလည်း ရုပ်သေကို အခြေခံတာဖြစ်တယ်။ ဒါဟာ Time Code ဖြစ်ပါတယ်။ Time Code ကိုမှတ်သားတဲ့အခါမှာ Go To ၄ မိနစ်၊ ၁၅ Second နဲ့ ၁၈ Frame ကိုသွားချင်တယ်ဆိုရင် တကယ်တမ်းကျတော့ ၄ မိနစ်၊ ၁၅ စက္ကန့်နဲ့ ၁၈ ဖရိန်ဆိုတာ Time Code နဲ့ရေးလို့ရှိရင် ဒီလိုထွက်ပါတယ်။ ဒါပေမယ့် Go To မှာ 00 တွေသွားရိုက်နေစရာမလိုဘူး။ Go To မှာ 4. 15. 18 လို့ရိုက်ထည့်လိုက်တာနဲ့ ၄ မိနစ်၊ ၁၅ စက္ကန့်နဲ့ ၁၈ ဖရိန် ကိုသွားပါတယ်။ တကယ်လို့များ 18 လို့ နှစ်လုံးထဲရိုက်လိုက်ရင် Frame ကို ရည်ညွှန်းပါတယ်။ 18. 0 ဆိုရင် Second ကိုရည်ညွှန်းပါတယ်။ 18.0.0 ဆိုရင် Minute ကိုရည်ညွှန်းပါတယ်။ 18.0.0.0 ဆိုရင် Hour ကိုရည်ညွှန်းပါတယ်။ ကိုယ်သွားမယ့်နေရာဟာ စက္ကန့်လား၊ မိနစ်လား၊ ဖရိန်လား ဆိုတာသတိထားရမယ်။ ရုပ်ရှင်မှာတော့ နှစ်နာရီကျော်တာရှားပါ တယ်။ နာရီကိုထည့်မစဉ်းစားနဲ့။ စက္ကန့်တွေ၊ မိနစ်တွေ၊ ဖရိန်တွေကိုတော့ အတိအကျသွားနိုင်မှ အလုပ်လုပ်လို့ဖြစ်မယ်။
ဒါပေမယ့် ခုနပြောတဲ့ တစ်စက္ကန့်စာကို ဖရိန် သုံးဆယ်ခွဲခြားလိုက်တယ်ဆိုတဲ့ဟာက ရုပ်ရှင်နည်းပညာရဲ့အခြေခံအကျဆုံး ခွဲခြမ်းမှုတစ်ခုပဲဖြစ်တယ်။ လှုပ်ရှားမှုတိုင်းမှာ ပုံသုံးဆယ်ရှိ တယ်လို့ မှတ်ယူလို့မရဘူး။ အဲဒါဘာပြောတာလဲဆိုတော့ Base လုပ်တယ်လို့ခေါ်တယ်။ Base on 30 Frame Per Second လို့ခေါ်တယ်။ တစ်စက္ကန့်မှာ ဖရိန်သုံးဆယ်ပါတယ်ဆိုတဲ့ Base ထား တာ။ ပြောရရင် ရုပ်ရှင်ပြနေတဲ့ ဖလင်ပေါ့။ သမ္မတတို့၊ နေပြည်တော်တို့မှာပြနေတဲ့ ဖလင်။ ကျွန်တော်တို့ ဒီမှာကြည့်နေတဲ့ NTSC ဗီဒီယိုခွေ၊ PAL ဗီဒီယိုခွေပေါ့။ အဲဒါတွေကို ကွန်ပျူတာနဲ့ တွက်ချက်ကြည့်လို့ရှိရင် ရုပ်ရှင်ဟာ တစ်စက္ကန့်စာကို ၂၄ ဖရိန်စာရှိပါတယ်။ 24 Frame Per Second ရှိပါတယ်။ အသေမှတ်ပါ။ မြန်မာပြည်ရဲ့ Professional ဗီဒီယိုလမ်းကြောင်းဖြစ်တဲ့ NTSC ဟာ 29.97 Frame Per Second ရှိပါတယ်။ PAL ဟာ 25 Frame Per Second ရှိပါတယ်။ လူသုံး တအားနည်းတဲ့ SECAM ဆိုတဲ့ စနစ်လေးဟာလည်း 25 Frame Per Second ရှိပါတယ်။
ဒီလိုအချိန်တွေကို ခွဲခြားထားတဲ့စနစ်ကို Frame Rate လို့ခေါ်ပါတယ်။ တစ်စက္ကန့်မှာပါဝင် နေသောနှုန်းထားပေါ့။ ဖလင်က တစ်စက္ကန့်မှာ ၂၄ ပုံရှိတယ်။ တစ်စက္ကန့်စာမြင်ရတိုင်း ၂၄ပုံသွား တယ်။ NTSC ဟာ ခုန ၃၀ ကို အခြေခံပြီးတော့ အမီလိုက်ဖို့ကြိုးစားပေမယ့် နောက်ဆုံးဖရိန်မှာ .၃ ပြတ်ကျန်ခဲ့ပြီးတော့ 29.97 ဆိုတဲ့ Frame Per Second ကိုရရှိပါတယ်။ PAL နဲ့ SECAM ဟာ PAL အောက်စက်ထဲမှာ SECAM ခွေထည့်ဖွင့်ကြည့်ရင် Color မပါပါဘူး။ Black & White ဖြစ်နေ တတ်တယ်။ ဒါပေမယ့် သိပ်ကိုနည်းပါတယ်။ ဒါပေမယ့် ကျွန်တော့်တစ်သက်မှာ တောင်အာဖရိက ကလာတဲ့ ဆေးပညာနဲ့ပတ်သက်တဲ့ SECAM ခွေ တစ်ခွေပဲတွေ့ဖူးပါတယ်။ တစ်စက္ကန့်မှာ ဖရိန် ပေါင်း ၃၀ ရှိတဲ့ ဖွဲ့စည်းမှုနဲ့ တစ်စက္ကန့်မှာ ပုံပေါင်း ၂၄ ပုံရှိတဲ့ ဖွဲ့စည်းမှု ဘယ်ဟာက ပိုပြီးတော့ လှုပ်ရှားမှု ပိုပြီးတော့ ညက်ညောနိုင်သလဲ။ တကယ်လို့ တစ်စက္ကန့်ကို 5 Frame ပဲရှိတယ်ဆိုရင် လှုပ်ရှားလိုက်တဲ့ လှုပ်ရှားမှုတစ်ခုဟာ ချောချောမွေ့မွေ့မမြင်ရတော့ဘူး။ တစ်စက္ကန့်ရဲ့လှုပ်ရှားမှု ကို ငါးပုံပဲမြင်ရမှာ။ အဲဒီလှုပ်ရှားမှုက ထစ်သွားတာပေါ့။ သုံးဆယ်ပေါ်မှာ အခြေခံထားတဲ့ စနစ်တစ် ခုမှာ ဖလင်ပေါ်မှာ ၂၄ ပုံပဲမြင်ရတဲ့အခါကျတော့ ခြောက်ပုံတောင်လျော့သွားတယ်။ ဒါပေမယ့် ဖလင်ကို လှုပ်ရှားမှုညက်ညောပါ့မလားလို့ တွက်လို့မရဘူး။ ဖလင်ဟာလည်း သူ့ဟာသူ လှုပ်ရှား မှုတွေ ညက်ညောတာပဲ။ ဥပမာပြောရရင် မီးလုံးတစ်ခုကို မျက်စိနဲ့ စိုက်ကြည့်လိုက်တယ်။ ပြီးတော့ မျက်စိမှိတ်ပြီး ဟိုဘက်ကို လွဲလိုက်တဲ့အချိန်မှာ အဲဒီမီးလုံးအလင်းရောင်ဟာ မျက်စိထဲမှာ ကျန်ခဲ့မယ်။ အဲဒါကို ရုပ်ရှင်ပညာမှာ Persistent Vision (အမြင်ကျန်သဘောတရား) ခေါ်တယ်။ ရုပ်ပုံတစ်ခုကို မျက်စိထဲမှာ ဖျတ်ခနဲမြင်လိုက်ရပြီးလို့ရှိရင် အဲဒီရုပ်ပုံဟာ ခေါင်းထဲမှာ တော်ရုံတန်ရုံ နဲ့ပျောက်မသွားပါဘူး။ အဲဒါကို အမြင်ကျန်သဘောတရားလို့ခေါ်ပါတယ်။ ရုပ်ရှင်ပြတယ်ဆိုတာ ဘယ်လိုပြသလဲ။ တစ်ဆင့်ချင်းစဉ်းစားကြည့်ရအောင်။ ရှေ့မှာ ပိတ်ကားကြီးရှိတယ်။ အလယ်မှာ လူတွေထိုင်နေကြတယ်။ အဲဒီနောက်ကနေပြီးတော့ ရုပ်ရှင် Projector ကြီးတွေနဲ့ ဖလင်ဟာဒေါင် လိုက်ဆင်းပါတယ်။ ရုပ်ရှင်ဖလင်နဲ့ ဓါတ်ပုံဖလင်က Size အတူတူပါပဲ။ ဖလင်သားနဲ့ ဖွဲ့စည်းပုံချင်း မတူပါဘူး။ ဓါတ်ပုံက ဘေးတိုက်သွားတယ်။ ရုပ်ရှင်ဖလင်ကျတော့ အရှည်လိုက်သွားတယ်။ အပေါ် ကနေအောက်ကိုဆင်းတယ်။ Projector ရဲ့အရှေ့မှာ ရုပ်ရှင်ဖလင်ဟာ အလိပ်လိုက် တစ်ကွက် ချင်းကျတယ်။ တစ်ကွက်ကို အရမ်းကိုလင်းအားကောင်းတဲ့ Xenon မီးနဲ့ ထိုးလိုက်တယ်။ အဲဒီတော့ အရုပ်ဟာ ပိတ်ကားမှာ သွားပြီးတော့ပေါ်နေမယ်။ ပြီးရင် နောက်တစ်ပုံပြတယ်။ ဖြတ်ဆို တစ်ချက်ထိုးတယ်။ ပိတ်ကားမှာ နောက်တစ်ပုံပေါ်တယ်။ အဲလို မှိတ်တုတ်မှိတ်တုတ်မီးတွေနဲ့ သွားနေတာဖြစ်ပေမယ့် ကျွန်တော်တို့မျက်စိထဲမှာ ပထမဆုံးပုံကို မြင်ရပြီးတော့ မပျောက်သေးခင် မှာ ဒုတိယပုံဟာ ဝင်လာတယ်။ အဲဒီတော့ ကျွန်တော်တို့မျက်စိမှာ ရုပ်ပုံတွေကို တစ်ဆက်တစ်စပ် တည်းညက်ညောစွာ မြင်ရတယ်။
တကယ်တမ်းကျတော့ ရုပ်ရှင်ဖလင်ဟာ တစ်ဆက်တစ်စပ်တည်းသွားနေတာ မဟုတ်ဘူး။ မှိတ်တုတ်မှိတ်တုတ်နဲ့ သွားနေတာ။ အဲဒီမီးဟာ ၂၄ ခါ စဉ်ဆက်မပြတ်ထွက်နေတာ။ ဟိုးအရင်က အဲဒီမီးတွေကို ကာဗွန်ချောင်းတွေနဲ့ လုပ်ရတယ်။ နယ်ကရုပ်ရှင်ပြဇာတ်တွေဟာ အဲဒီလိုပဲ။ မီးခိုး တွေဘာတွေထွက်တယ်။ မီးခိုးထွက်ဖို့ ခေါင်းတိုင်တွေဘာတွေထားရတယ်။ အနောက်ကနေ ကာဗွန်ချောင်းကြီးကိုထိုးပြီးတော့ မီးရှို့ရတယ်။ အဲဒီကာဗွန်ချောင်းကိုမီးရှို့တဲ့မီးအားဟာ တအား ထွက်တယ်။ တအားစူရှနေအောင် ထွက်တယ်။ အဲဒီမီးအားကို ရှေ့ကအလင်းတံခါးနဲ့ မီးကို တစ်ချက်ချင်းပေါ်အောင်လုပ်ပေးတယ်။ အခုနောက်ပိုင်း အဲဒါမရှိတော့ပါဘူး။ နယ်ရုပ်ရှင်ရုံတွေမှာ ပဲကျန်တယ်။ အခုနောက်ပိုင်းစက်သစ်တွေမှာ သမ္မတတို့၊ နေပြည်တော်တို့ စက်သစ်တွေမှာ xenon လို့ခေါ်တဲ့ Electro Cathode Ray နဲ့သွားတဲ့ Cube တွေပါ။ ပြောချင်တာကတော့ Frame Rate ရဲ့ သဘောတရားကိုပြောချင်တာပါ။ ကျွန်တော်တို့ကွန်ပျူတာမှာ Base လုပ်တော့ဘာနဲ့ လုပ်လဲ။ 30 Frame နဲ့ Base လုပ်တယ်။ ဒါပေမယ့် တကယ်တမ်း Export ပြန်ထုတ်ပြီဆိုရင် ကိုယ်လိုချင်တဲ့ Format ရဲ့ Frame Rate ကို Setting မှာပေးရမယ်။ ကိုယ်ဘာနဲ့ပြန်တွက်ချင်သ လဲပေါ့။ NTSC Format နဲ့ ပြန်ထွက်ချင်တာလား။ PAL နဲ့ ပြန်ထွက်ချင်တာလား။ ကိုယ်ထွက်ချင် တဲ့ Format ကို Frame Rate ပေးရမယ်။ ဥပမာအားဖြင့် Ferry.mov လေးရဲ့ Frame Rate ဟာ ဘယ်လောက်ရှိလဲ။ 15 Frame Per Second ပဲရှိတယ်။ သူဟာတစ်စက္ကန့်မှာ ဆယ့်ငါးပုံပဲရှိတယ်။ အဲဒီလို Movie ကို Play ကြည့်လိုက်ရင် အပြင်ကလို ချောချောမွေ့မွေ့ မမြင်ရဘူး။ နည်းနည်း လေးထစ်ပြီးတော့ မြင်ရတယ်။ အဲဒီလို Movie လေးကို NTSC နဲ့ တွက်ချင်ရင် Final Export မှာ NTSC ရဲ့ Frame Rate ကိုထည့်ပေးရမယ်။ PAL နဲ့ထွက်ချင်ရင် PAL ရဲ့ Format ကိုရိုက်ထည့် ပေးရမယ်။ အဲဒီသဘောတွေ အများကြီးရှိတယ်။Frame Rate နဲ့ ဆက်နွယ်ပြီးတော့ Time Code ဆိုတာသိသွားပြီ။ Time Code နဲ့ဆက်နွယ်ပြီးတော့ Frame Rate ဆိုတာ သိသွားပြီ။ Frame Rate တွေပေါ်မှာ အလုပ်လုပ်တဲ့အခါ Sensitive Time လို့ခေါ်တဲ့ ကိုယ်သွားချင်တဲ့နေရာကို Go To ရိုက်ပြီးတော့ ဘယ်လိုသွားရမယ်ဆိုတာလည်းသိသွားပြီ။

Sunday, September 14, 2008

Image & Color Resolution

Image Size နဲ့ Resolution Size နဲ့ Frame Size နဲ့ Window Size နဲ့ဟာ အတူတူပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Image Size ဟာဘယ်လောက်လဲ။ 240 x 180 ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗီဒီယိုမှာ TV တစ်လုံးပေါ်မှာမြင်ရတဲ့ ရုပ်သံတစ်ခု၊ အရုပ်တစ်ခုကို တိုင်းတာတွက်ချက်ကြည့်မယ် ဆိုရင် 720 x 480 ဆိုတဲ့ အတိုင်းအတာရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ Pixel လို့ပြောတာပါ။ အကျယ် 720 Pixel နဲ့ အမြင့် 480 Pixel ရှိပါတယ်။ Pixel ဆိုတာ ဘာလဲ။
Pixel ဆိုတာမပြောခင် အရောင်ကစပြီးပြောပါမယ်။ Black & White နဲ့Color မတူပါဘူး။ Black & White ဆိုတာ အဖြူရောင်နဲ့ အမည်းရောင်ကြားထဲက အရောင်တွေပဲပါတယ်။ အဖြူရောင်နဲ့ အမည်းရောင် နှစ်ရောင်ပဲပါတယ်လို့ မပြောဘူးနော်။ အဖြူရောင်နဲ့ အမည်းရောင်ကြားထဲက အရောင်တွေပဲပါတယ်လို့ပြောတာ။ ဆွတ်ဆွတ်ဖြူအောင်ဖြူနေတဲ့ အဖြူရောင်ရယ် ပိန်းပိတ်အောင်မှောင်နေတဲ့ အမည်းရောင်ရယ်၊ ဒီကြားထဲကအရောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်သံတစ်ခုကို Black & White လို့ခေါ်ပါတယ်။ Color ဆိုတာဘာလဲ။ Black & White မှာ ဆွတ်ဆွတ်ဖြူနေတဲ့အဖြူနဲ့ ပိန်းပိတ်အောင်မှောင်နေတဲ့ အနက်ဆိုပြီး Range ရှိသလို ပဲ Color မှာလဲ Range ရှိတယ်။ Color ဖွဲ့စည်းမှုကို ကြည့်လိုက်ရင် ကျွန်တော်တို့အလုပ်လုပ် နေကြတဲ့ လောကဟာ Motion Media လို့ခေါ်တဲ့ ရုပ်ရှင်လုပ်ငန်းဖြစ်ပါတယ်။ တစ်ဘက်မှာ ဘာရှိလဲဆိုတော့ Graphic Designer တွေ ကျင်လည်ကျက်စားနေကြတဲ့ Printing Media ခေါ်တဲ့ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှိပါတယ်။ ပုံနှိပ်ထုတ်ဝေရေးလောက နဲ့ ရုပ်ရှင်လောက၊ အဲဒီနှစ်ခုဟာ ကွန်ပျူတာနဲ့ပတ်သက်လာရင် နည်းပညာတွေဟာ အချို့နေရာတွေမှာ တူသော်ငြားလည်းပဲ အခြေခံအကျဆုံးဖြစ်တဲ့ Color ဖွဲ့စည်းမှုမှာတော့ တက်တက်စင်အောင်လွဲပါတယ်။ Printing Media ရဲ့ Working Mode ကဘာလဲဆိုတော့ CMYK လို့ခေါ်တဲ့ Color Mode ဖြစ်ပါတယ်။ ကျွန်တော်တို့ Motion Media ရဲ့ Working Black & White က RGB ဖြစ်ပါတယ်။ လူတိုင်းသိနိုင် တဲ့အရောင်တွေကို ပြောကြည့်မယ်။ Red, Green, Blue RGB ဆိုတာ အဲဒါကိုပြောတာပါ။ CMYK ဆိုတာ Cyan ရယ်၊ Magenta ရယ်၊ Yellow ရယ်၊ Black ရယ်။ Cyan ဆိုတာ စိမ်းပြာရောင်၊ Magenta ဆိုတာ ပန်းခရမ်းရောင်၊ Red ဆိုတာ ရဲရဲနီနေတဲ့အရောင်၊ Green က တကယ့်ကိုစိမ်း နေတဲ့ အစိမ်းရောင်၊ Blue ဆိုတာ တကယ့်အပြာရောင်။
စဉ်းစားကြည့်ကြရအောင်။ ကျွန်တော်တို့သက်ရှိလောမှာရှိတဲ့ အရာဝတ္ထုတိုင်းမှာ အရောင်တွေနဲ့ဖွဲ့စည်းထားတယ်။ ကျွန်တော်အသားဖြူလား၊ မဖြူဘူးလားဆိုတာ အရောင်နဲ့ဆုံး ဖြတ်တာ။ မှောင်နေရင် အသားဖြူသလား၊ မဖြူဘူးလားဆိုတာ မသိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ အလင်းမရှိလို့။ အလင်းရောင်ဆိုတာ ဘာလဲ။ အလင်းရှိလို့ ပေါ်ထွက်လာတဲ့အရောင်ကို ပြောတာ။ မီးချောင်းတစ်ချောင်းလင်းနေလို့ ကျွန်တော့်ကို ဒီလိုအသားအရည်မြင်ရတာ။ နောက်ထပ်မီးချောင်း ရှစ်ချောင်းလောက်ထွန်းလိုက်ရင် ဒီလိုအသားအရည်မျိုး မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အလင်းရဲ့ပြုပြင်မှုကြောင့် အရောင်တွေပြောင်းလဲသွားတာ။ ဒါကြောင့်သူ့ ကို အလင်းရောင်လို့ခေါ်တာ။ အရောင်ဆိုတာ လူတိုင်းမှာရှိကြတယ်။ သက်ရှိလောကကြီးတစ်ခု လုံးဟာ အရောင်တွေနဲ့ဖွဲ့စည်းထားတယ်။ ပိုပြီးတော့ထူးဆန်းတာက အဲဒီ သက်ရှိလောကကြီး တစ်ခုလုံးကို ဖွဲ့စည်းထားတဲ့အရောင်တွေကို ဒီသုံးမျိုးစပ်လိုက်တာနဲ့ကြိုက်တဲ့အရောင်ရနိုင်တယ်။ Red ရယ်၊ Green ရယ်၊ Blue ရယ်။ သက်ရှိလောကမှာရှိတဲ့အရောင်တွေက ပြောလို့မကုန်ဘူး။ ဒါဆိုရင် အပြာနုတွေ၊ အစိမ်းနုတွေ၊ အဖြူညစ်ညစ်ကလေး၊ နို့နှစ်ရောင်လေးတို့ အဲဒီအရောင်တွေ အားလုံးဟာ ပြောလို့မကုန်ဘူး။ အဲဒီအရောင်တွေရဲ့ တကယ့် Main ကဘာလဲဆိုတော့ အနီရယ်၊ အပြာရယ်၊ အစိမ်းရယ် အဲဒီသုံးမျိုးပဲ ဖြစ်ပါတယ်။ အနီဆေးပုလင်းတစ်လုံးရယ်၊ အပြာဆေးပုလင်း တစ်လုံးရယ်၊ အစိမ်းဆေးပုလင်းတစ်လုံးရယ်ရှိရင် ဒီကမ္ဘာလောကကြီးက ကြိုက်တဲ့အရောင်စပ်လို့ ရတယ်။ အလင်းနဲ့ဖွဲ့စည်းထားတဲ့အရောင်ဖြစ်လို့ ကျွန်တော်တို့ရဲ့ Range မှာ (0) ကနေ (255) အထိရှိပါတယ်။ Red ဟာ (0) ကနေ (255) အထိရှိပါတယ်။ Green ဟာလည်း (0) ကနေ (255) အထိရှိပါတယ်။ အားလုံးပေါင်း (0) က တစ်ရောင်၊ (255) အထိ ဆိုတော့ 256 အရောင်ရှိပါတယ်။ တစ်ရောင်စီမှာ (256) ရောင်စီရှိပါတယ်။ အဲဒီ သုံးရောင်ကို ပတ်လည်စပ်ကြည့်ရင် အရောင် ၁၆.၇ သန်းထွက်ပါတယ်။ 16.7 Millions Of Color လို့ခေါ်ပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်ထဲမှာမြင်နေ ရတဲ့ သက်ရှိလောကကြီးဟာ ၁၆.၇ သန်းသောအရောင်များနဲ့ဖွဲ့စည်းထားပါတယ်။ မများဘူးလား။ အားလုံးပါသွားပြီ၊ နို့နှစ်ရောင်၊ အဖြူညစ်ညစ်ရောင်၊ အပြာညစ်ညစ်ရောင်၊ အညိုရောင်။ အဲမျိုး အရောင်တွေအားလုံးပေါင်းထားတာ ၁၆.၇ သန်းရှိပါတယ်။ နာမည်တပ်လို့်မရတဲ့ အရောင်တွေလဲ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဟာ ဒီ Color Range သုံးခုနဲ့ ပတ်လည်ရိုက်ပြီးတော့ အလုပ် လုပ်နေကြတယ်။ အဲဒါဟာ ရုပ်ရှင်လောကရဲ့ တကယ့် Color Mode ပါ။ သူ့ကို Color Mode လို့ခေါ်တယ်။ Printing Media က Color Mode က CMYK လို့သိရမယ်။ Motion Media က Color Mode ဆိုရင် RGB လို့သိရမယ်။
ရုပ်ရှင်ဖလင်နဲ့ ဓါတ်ပုံဖလင်ဟာ တူတူပဲလို့ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကွန်ပျူတာသဘောတရားမှာ ရုပ်ရှင်ဖလင်နဲ့ ဓါတ်ပုံဖလင်ဟာ Size တူတယ်။ အရည်အသွေး လည်းတူတယ်။ အချို့တွေဆိုရင် ရုပ်ရှင်ဖလင်က ပိုတဲ့အသားလေးတွေကို ဖြတ်ပြီး၊ ဓါတ်ပုံဖလင် ပြန်လုပ်ပြီးတော့ ၃၃ လမ်းမှာရောင်းတယ်။ ရစ်ဖလင်လို့ခေါ်တယ်။ ဖလင်တစ်လိပ်၊ ၃၆ ပုံပါတဲ့ တစ်လိပ်ကို နှစ်ထောင်လောက်ပေးရတဲ့အချိန်မှာ၊ ရစ်ဖလင်က တစ်ထောင်လောက်ပဲရှိတယ်။ သူက ဘူးတွေဘာတွေ ဘာမှမပါဘူး။ အထဲမှာ ဖလင်အိမ်အခွေလေးထဲမှာ အမှောင်ခန်းထဲမှာ ရစ်ထည့်ထားပြီးတော့ ကင်မရာထဲမှာ ထည့်ရိုက်လိုက်ယုံပဲ။ အရောင်လေးတွေ တော်တော်လှ တယ်။ ရုပ်ရှင်ရိုက်ကူးရေးလုပ်တဲ့နေရာကနေ ပိုနေတဲ့ဖလင်တွေကို ဖြတ်ထည့်ပြီးတော့၊ ၃၆ ပုံစာ တိုင်းတိုင်းပြီး ဖြတ်ထည့်ထားတာ။ အဲဒါကို ရစ်ဖလင်လို့ခေါ်တယ်။ အဲဒါနဲ့ ဓါတ်ပုံရိုက်လို့ရတယ်။ ဓါတ်ပုံကူးလို့ရတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံချင်းတော့ မတူတော့ဘူး။ ရုပ်ရှင်ဖလင်ရိုက်တုန်းကတော့ အရှည်လိုက်ရိုက်တာ။ ဓါတ်ပုံကျတော့ အလျားလိုက်ရိုက်တာ ဖြစ်သွားပြီ။
ကွန်ပျူတာမှာ ဓါတ်ပုံဖလင်ကို Scan ကူးတာနဲ့ ရုပ်ရှင်ဖလင်ကို Scan ကူပြီးတော့ တည်း ဖြတ်တဲ့ အလုပ်တွေကိုလုပ်တာနဲ့ Color Range မတူတော့ဘူး။ ပုံချင်းတူချင်တူမယ်၊ ဖတ်တဲ့နေ ရာမှာအတူတူ ဖတ်လို့မရဘူး။ Design မတွက်ရည်ရွယ်ပြီး ဖတ်တယ်ဆိုရင် CMYK ဆိုတဲ့ Color Mode ကိုသုံးရမယ်။ ရုပ်ရှင်အတွက် Animation လုပ်ဖို့ ရည်ရွယ်ပြီးဖတ်တယ်ဆိုရင် RGB ကိုသုံး ရမယ်။ RGB နဲ့ CMYK မတူပါဘူး။ Printing Media အကြောင်းကို လှန်လှောပြီးပြောလို့ရှိရင် CMYK ဆိုပြီးတော့ လေးခုထွက်တာ ဘာ့ကြောင့်လဲ။ သူကျတော့ စက္ကူတစ်ခုမှာ ပုံနှိပ်တယ်ဆိုတာ တစ်ရောင်ချင်း တစ်ရောင်ချင်း လေးလွှာထပ်လိုက်ရင်၊ သူကလည်း Range က (0) ကနေ (100) ထိရှိတယ်။ အားလုံး ၁၀၁ ရောင်ရှိတယ်။ ၁၀၁ ကို ပတ်လည်ရိုက်ကြည့်ရင် စက္ကူပေါ်မှာ ပုံနှိပ်နိုင် စွမ်းရှိတဲ့ အရောင်တွေရမယ်။ သူကျတော့ ပုံတစ်ပုံမှာ Cyan နဲ့ ပတ်သက်တဲ့ Area တွေအားလုံး ကို ကွန်ပျူတာထဲမှာ သက်သက်ခွဲထုတ်လိုက်တယ်။ ကျွန်တော်ဆိုရင် အစိမ်းနုရောင်တို့၊ အပြာ ရောင်တို့နဲ့ ပတ်သက်တဲ့ အရောင်တွေဟာ ဂျင်းဂျက်ကက်မှာ Area အများဆုံးဖြစ်မယ်။ လက်စွပ် မှာအစိမ်းလေးပါမယ်။ သူတို့ဟာ ကာလာခွဲလို့ရှိရင် ပုံရိပ်တစ်ခုရဲ့ အပြာပါဝင်နေတဲ့ ဧရိယာတွေ ချည်းပဲ သက်သက်ခွဲထုတ်ထားတယ်။ Magenta လို့ခေါ်တဲ့ ပန်းခရမ်းရောင်မှာ အနီတို့ လိမ္မော် တို့နဲ့ပတ်သက်တဲ့ အရောင်မျိုး၊ အသားရောင်။ အသားဟာ အနီတွေ၊ လိမ္မော်တွေ၊ အဝါတွေ ပါဝင် နေတယ်။ အဲဒီပါဝင်နေတဲ့ အရောင်တွေအားလုံးကို ခွဲထုတ်ပစ်လိုက်တယ်။ တစ်ခါ Yellow ၊ အဝါ နဲ့ပတ်သက်တာတွေ အားလုံးခွဲထုတ်ပစ်လိုက်မယ်။ Black နဲ့ပတ်သက်တာတွေ အားလုံးခွဲထုတ် မယ်။ ပြီးရင် Offset မှာ ပုံနှိပ်ရင် ခုနခွဲထုတ်ထားတဲ့ အရောင်တစ်ခုချင်းဆီကို ဖလင်ပြားပေါ်မှာ ကူးလိုက်တယ်။ ဖလင်ပြားကို သံပြားပေါ်မှာ Plate ဆိုပြီးကူးလိုက်တယ်။ အဲဒီ Plate ကနေပြီး တော့ မင်တွေဟာစိုပြီးတော့ စက္ကူတွေပေါ်မှာ တစ်ရောင်ချင်းရိုက်တာ။ Offset ဟာ ကာလာ အပြည့်ရိုက်ရင် 4 Color လို့ခေါ်တယ်။ 4 Color ရိုက်မှ အရောင်စုံထွက်တယ်။ အဲဒီလို Color Region တွေကို တစ်ခုချင်းစီ ခွဲထုတ်ချင်းကို Color Separation လုပ်တယ်လို့ခေါ်တယ်။ Motion Media မှာကျတော့ အဲဒီလို ခွဲထုတ်စရာမလိုဘူး။ အားလုံးရောပြွမ်းနေတယ်။
Pixel ဆိုတာ ဘာလဲ။ ကျွန်တော်တို့ ကွန်ပျူတာမှာ အချိုးညီမျှတဲ့ လေးထောင့်ကွက် ကလေးတွေ များစွာနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လေးထောင့်ကွက်တစ်ကွက်စီမှာ မတူညီကြတဲ့ Color Range တစ်မျိုးစီပါပါတယ်။ ဥပမာ ပါးပြင်ပေါ်မှာ ရှိနေတဲ့ မှဲ့တစ်လုံး။ ဒီမှဲ့ကိုချဲ့ပြီးတော့ ကြည့်လိုက်ရင် လေးထောင့်အကွက်လေးတွေနဲ့ ထွက်လာလိမ့်မယ်။ ဒီမှဲ့ရှိနေတဲ့ ဧရိယာဟာ ဒီဧရိယာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါတွေက မှဲ့မရှိတဲ့ အသားဧရိယာ။ ဒီအသားရဲ့ တန်ဖိုးတွေ ဟာ RGB တန်ဖိုးတစ်မျိုးမျိုးပေါ့၊ သူ့မှာရှိလိမ့်မယ်။ အရောင်အတူတူ တန်ဖိုးအတူတူတွေ ရှိလိမ့်မယ်။ မှဲ့ရှိနေတဲ့နေရာကျတော့ RGB တန်ဖိုး နောက်တစ်မျိုးရှိလိမ့်မယ်။ Pixel တစ်ခုစီမှာ အရောင်တစ်မျိုးစီထက် ပိုပြီးမပါပါဘူး။ သူ့မှာပါတဲ့အရောင်တစ်မျိုးဆိုတာကလည်း ၁၆.၇ သန်းထဲ က ကြိုက်တဲ့တန်ဖိုးဖြစ်နိုင်တယ်။ ၁၆.၇ သန်းထဲကမှ ကြိုက်တဲ့တရောင်ဖြစ်နိုင်တယ်။ တစ်ရောင်ပဲနော်၊ Pixel တစ်ခုမှာ နှစ်ရောင်မပါဘူး။ Digital ပုံရိပ်တွေကို အဲဒီလို ဖွဲ့စည်းပါတယ်။ Pixel ဆိုတာနဲ့ ဖွဲ့စည်းပါတယ်။ ဒါကြောင့်မို့ VCD မကောင်းတဲ့ အခွေတွေကို ကြည့်လိုက်ရင် အကွက်အကွက်တွေထလာတယ်။ အဲဒါ Pixel တွေပေါ်လာတာ။ VCD ဆိုတာလည်း Digital နည်းပညာနဲ့ရေးသားထားတာပဲ။ အဲဒီလို Pixel တွေပါဝင်နိုင်စွမ်းအားဟာ TV နဲ့ပြန်ပြောကြည့်ရင် TV ရဲ့ Screen Area မှာ အလျားလိုက် Pixel ပေါင်း ၇၂၀ ရှိတယ်။ အနံက ၄၈၀ ရှိတယ်။ ခုနတုန်း က 240 x 180 ဆိုတဲ့ Ferry Movie လေးဟာ 720 x 480 ရဲ့ ဘယ်နှဆရှိသလဲ။ ၃၆၀ ပဲထားပါ တော့။ အဲဒါဘာလဲဆိုရင် 720 x 480 ရဲ့ သုံးပုံတစ်ပုံပဲသော ဧရိယာဖြစ်ပါတယ်။ ဒါပေမယ့် သုံးပုံတစ်ပုံ မဟုတ်ပါဘူး။ ကိုးပုံတစ်ပုံဖြစ်ပါတယ်။ ဘာကြောင့်လဲ Square Area ဖြစ်လို့ပါ။ ၇၂၀ ကို ၂၄၀ ပိုင်းလိုက်ရင် သုံးပိုင်းထွက်ပါတယ်။ 240 x 180 ဆိုတဲ့ ဧရိယာရဲ့ ဘယ်လောက်ရှိမှာလဲ။ ဒီ File လေးကို TV ပေါ်တင်ကြည့်လိုက်ရင် သူ့ရဲ့ True Size ဟာ TV ရဲ့ ကိုးပုံတစ်ပုံပဲရှိပါတယ်။ အဲဒီ 240 x 180 လေးကို TV အပြည့်စာသာ ဆွဲချဲ့လိုက်မယ်ဆိုရင် ဒီဟာလေးဟာ ကိုးဆဖြစ်သွားပါလိမ့်မယ်။ 240 x 180 မှာတုန်းက ဒီ Pixel ဟာ ဒီနေရာမှာ Pixel တစ်ကွက်ပဲပါ မယ်။ 240 x 180 တုန်းက သူဟာ Pixel တစ်ခုပဲဖြစ်ပါတယ်။ 720 x 480 ဆွဲတင်လိုက်ရင် အဲဒီနေရာဟာ ကိုးဆပွားသွားပါတယ်။ ဒီ Pixel လေးဟာ အတုံးကြီး ကြီးမသွားဘူးနော်။ ပြောင်းလိုက်တာနဲ့ မှုန်ဝါးဝါးကြီးနဲ့ Quality ကျသွားတယ်။ Quality ကျတယ်ဆိုတာ ဘာလဲ။ Pixel ပါဝင်တဲ့အား နည်းသွားတာပေါ့။ 240 x 180 ထဲမှာ ပါဝင်နိုင်တဲ့အရောင်တွေကို သူက ကိုးဆ Pixel တွေကို ဆွဲချဲ့ပစ်လိုက်တာ။ 720 x 480 ဆိုတဲ့ အတိုင်းအတာနဲ့ 640 x 480 ဆိုတဲ့ အတိုင်းအတာကို အမြဲတမ်းတွေ့ရပါလိမ့်မယ်။
ပြင်ပမှာ ဘယ်လိုပဲ အရောင်တွေရှိနေရှိနေ ကင်မရာထဲကို ရောက်တဲ့အခါမှာ၊ ကင်မရာထဲ ကရိုက်ထားတဲ့အရုပ်တွေ ကွန်ပျူတာထဲမောင်းထည့်လိုက်တဲ့အခါမှာ ကွန်ပျူတာဟာ လက်ခံပါ တယ်။ 720 x 480 သော Pixel တွေကိုပဲလက်ခံပါတယ်။ ဒီထက်ကြီးပြီးတော့ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့မျက်စိက မြင်နေရတဲ့အရုပ်ဟာ ပိုပြီးကောင်းပါတယ်။ မျက်စိက မြင်နိုင်စွမ်းအားဟာ အဲဒီ 720 x 480 ထက် အဆပေါင်းများစွာကြီးပါတယ်။ ဘာကြောင့်လဲ ကျွန်တော်တို့မျက်စိထဲ ဆံပင်တွေကို မသဲမကွဲပဲ မြင်ရတယ်။ အနီးကပ်ကြည့်တဲ့အခါမှသာ ဆံပင်တွေကို တစ်ခုချင်း၊ တစ်မျှင်ချင်းမြင်နိုင်တယ်။ ဝါးသွားချင်းမရှိဘူး။ ဒါက အပြင်ဧရိယာ။ ကင်မရာဆိုတဲ့သဘောက ထောင်ပြီးရိုက်တာ သူ့ရဲ့ဧရိယာထဲမှာ 720 x 480 အဖွဲ့အစည်းပဲပါမယ်။ ချဲ့ကြည့်လိုက်ရင် ဝါးသွားမယ်။ အဲဒီသဘောပဲ။ ရုပ်ရှင်ရုံတွေမှာ ပြသနေတဲ့ ဖလင်ဆိုတဲ့အကြောင်းအရာနဲ့ တိတ်ခွေ နဲ့ထွက်တဲ့ ဗီဒီယိုဆိုတဲ့ အကြောင်းအရာနှစ်ခု ကျွန်တော်တို့လောကမှာရှိတယ်။ ရုပ်ရှင်ကားတစ် ကားရဲ့ ကုန်ကျမှုဟာ သိန်း ခြောက်ရာ၊ ခုနစ်ရာ ရှိတယ်။ ဗီဒီယိုကားတစ်ကားရဲ့ ကုန်ကျမှုဟာ သိန်း ခြောက်ဆယ် ခုနှစ်ဆယ်ရှိတယ်။ ဗီဒီယိုက နည်းတယ်၊ ရုပ်ရှင်က များတယ်။ ရုပ်ရှင်ဆိုတာ က Quality ကကောင်းတယ်။ မျက်စိထဲမှာ အားရပါးရခံစားရတယ်။ အသံကို အားရပါးရခံစားရ တယ်။ ဗီဒီယိုဆိုတာ TV ပေါ်မှာ မြင်ရတာ။ ကြားထဲမှာ အနှောင့်အယှက်တွေ ဘာတွေရှိနိုင်သေး တယ်။ မျက်စိထဲမှာမြင်နေရတဲ့ TV ပေါ်က အရုပ်တွေကို ရုပ်ရှင်ရုံတွေပေါ်မှာ Projector နဲ့ထိုးပြီး ပြလို့မရဘူးလား။ ရတော့ ရတယ်၊ ဒါပေမယ့် Quality တော့ကျသွားတယ်။ ရုပ်ရှင်ဖလင်တစ်ခုရဲ့ File Size ကိုတွက်ကြည့်လိုက်ရင် သူဟာ 2200 x 1650 Pixel လောက်ရှိတယ်။ ဘယ်နှစ်ဆလဲ။ ၇၂၀ နဲ့ ၂၂၀၀ ဆိုရင် ကိုးဆအနည်းဆုံး။ ရုပ်ရှင်ဟာ ဗီဒီယိုထက် ကိုးဆ Quality ကောင်းတယ်။ ဒါကြောင့်မို့ ရုပ်ရှင်မှာ အရုပ်ကြီးတွေက အကြီးကြီးတွေဖြစ်ပေမယ့်လည်း Quality ကောင်း ကောင်းမြင်ရတယ်။ စံပြတို့ဘာတို့မှာတင်နေတဲ့ DVD ရုပ်ရှင်တွေဟာ ဗီဒီယိုနည်းပညာနဲ့ ရိုက်ပြီး တော့မှ ရုပ်ရှင်ရုံပေါ်တင်ပြီး ပြသတာ။ ဒါပေမယ့် သူက Size ကလေးကလည်းသေးတယ်။ ရုပ်ရှင် လို Panorama လို့ခေါ်တဲ့ Cinema Scope ကိုမရနိုင်ဘူး။ ရုပ်ရှင်ကအရုပ်တွေက အရှည်ကြီးနော်။ ဗီဒီယိုဆိုတာ လေးထောင့်ကျကျကြီး။ ဗီဒီယိုရဲ့ အချိုးက 4 : 3 ရှိတယ်။ 4 : 3 Aspect Ratio လို့ခေါ်တယ်။ ရုပ်ရှင်ကကျတော့ 16 : 9 ရှိတယ်။ ဆယ့်ခြောက်ချိုး ကိုးချိုးရှိတယ်။ ရုပ်ရှင်ကို ဘာကြောင့်လူတွေက တန်ဖိုးထားကြလဲဆိုတော့ ရုပ်ရှင်ဟာ တစ်နေရာတည်းမှာ လူတွေတစ်စု တစ်ဝေးထဲကြည့်လို့ရတယ်။ Quality ကလည်းတအားကိုကောင်းတယ်။ ဒါကြောင့်လူတွေ ရုပ်ရှင် ကိုကြည့်ခြင်းဖြစ်တယ်။ နည်းပညာအရကြည့်ရင်လည်း ရုပ်ရှင်ဟာ ဗီဒီယိုထက်ကို Quality ကောင်းတယ်။

Saturday, September 13, 2008

Depth of DPI (Dot per inch)

ဘာဖြစ်လို့ ရုပ်ရှင်ဟာ ဗီဒီယိုထက်ကို Quality ကောင်းရတာလဲ။ DPI ဆိုတဲ့ အသုံးအနှုန်း တစ်ခုရှိတယ်။ အရှည်ကောက်ကတော့ Dot Per Inch လို့ခေါ်တယ်။ တချို့က PPI လို့ခေါ်တဲ့ Pixel Per Inch နဲ့ သုံးတယ်။ တစ်လက်မပတ်လည်မှာပါဝင်နိုင်သော Pixel အရေအတွက်။ မြင်နိုင်စွမ်းပတ်လည်မှာ ပါဝင်နိုင်တဲ့ Pixel အရေအတွက်။ ဖလင်နဲ့ ဗီဒီယိုဘာကြောင့်ကွာသလဲ ဆိုတော့ အဲဒီ DPI လို့ခေါ်တဲ့ သူတို့ရဲ့အချိုးပေါ့။ အချို့ကလည်း Resolution လို့ခေါ်တယ်။ Resolution ကွာလို့ပဲ။ Printing Media နဲ့ Motion Media မှာ Resolution မတူဘူး။ Motion Media ရဲ့ Resolution က 72 PPI ရှိတယ်။ Printing Media ဟာ 304.8 ရှိတယ်။ အဲဒါကို နားလည်အောင် ဥပမာ တစ်ခုပြောပြမယ်။ ဂျာနယ်ပေါ်မှာ ပုံနှိပ်ထားတဲ့ မင်းသမီးလေးရဲ့မျက်နှာနဲ့ ဖလင်ပေါ်မှာ မြင်နေရတဲ့မင်းသမီးလေးမျက်နှာ ယှဉ်ကြည့်။ ကျွန်တော်တို့ ဂျာနယ်ကိုကြည့်ရင် ဘယ်လိုကြည့်သလဲ။ မျက်နှာနဲ့ တစ်ပေပဲကွာတယ်။ TV ဆိုရင် ၁၄ လက်မ၊ ၂၁ လက်မ TV ဆိုရင် အနည်းဆုံး ၅ပေ လောက်ကနေကြည့်တယ်။ အဲဒီတော့ ပုံနှိပ်ထုတ်ဝေတဲ့လုပ်ငန်းတွေမျိုး TV, Video ဟာ Quality ကိုအဲဒီလောက် ကျစ်စရာမလိုဘူး။ ခုနပြောတဲ့ Pixel တွေကို သဘော ပေါက်သွားပြီ။ Pixel မှာပါဝင်ဖွဲ့စည်းထားတဲ့ Color တွေကိုသဘောပေါက်သွားပြီ။ Printing Media ဟာ အနီးကပ်ကြည့်ရတဲ့အပြင်ကို ရုပ်သေလောကဖြစ်တဲ့အတွက်ကြောင့် ရုပ်ပုံကပြုံးနေ တယ်ဆိုရင် သူ့အပြုံးလေးတစ်ချက်ကို ဓါတ်ပုံရိုက်ထားတာ 1 Frame စာပဲရှိတယ်။ ကျွန်တော် တို့ဗီဒီယိုမှာ ပြုံးတယ်ဆိုရင် ပြုံးလိုက်တဲ့အမူအရာ အားလုံးပါသွားတယ်။ သူက ရုပ်ရှင်ဖြစ်တယ်။ ပြုံးတာဟာ ဆယ်စက္ကန့်လောက် ကြာချင်ကြာမယ်။ ကျွန်တော်တို့မှာ ဆယ်စက္ကန့်ကြာတဲ့အရုပ် ဟာပုံပေါင်း ၂၉၀ ကျော်ကြည့်လိုက်ရတယ်။ ဓါတ်ပုံမှာက 1 Frame ပဲကြည့်ရတယ်။ လူတွေဟာ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကို အနီးကပ်ကြည့်တယ်။ ရုပ်ရှင်ကို အဝေးကကြည့်တယ်။ ဒါကြောင့် ကျွန်တော်တို့ ရုပ်ရှင်ဟာ သူ့လောက် Quality ကျစ်လစ်သိပ်သည်းစရာမလိုဘူး။ 72 DPI တို့ 304.8 DPI တို့ဆိုတာ ဘာလဲဆိုတော့ ကျစ်လစ်သိပ်သည်းဆ လို့ခေါ်တယ်။ တစ်နည်းအားဖြင့် Resolution လို့ခေါ်တယ်။
အသေမှတ်ထားရမှာက ရုပ်ရှင်လောကရဲ့ ကျစ်လစ်သိပ်သည်းဆဟာ 72 DPI ပါ။ Printing Media ရဲ့ ကျစ်လစ်သိပ်သည်းဆဟာ 304.8 DPI ပါ။ ဗီဒီယိုတိပ်သားက 72 DPI ကိုပဲ ဖမ်းနိုင်စွမ်းရှိတယ်။ ဓါတ်ပုံဖလင်ဟာ တစ်လက်မပတ်လည်ကို 304.8 ဆိုတဲ့ သိပ်သည်းဆနဲ့ဖမ်း ယူလို့ရတယ်။ ပြန်ကြည့်လိုက်ရင် 72 DPI ဆိုတာ တစ်လက်မပတ်လည်မှာ ပါဝင်နိုင်တဲ့ အရောင်ရဲ့အင်အားကို ပြောတာပါ။ Pixel အင်အားကိုပြောတာပဲ။ Pixel တစ်ခုမှာ အရောင်တစ်ခု စီပါဝင်နေတယ်ဆိုတော့ 72 ဆိုရင် အားလုံးပေါင်း တစ်လက်မပတ်လည်မှာ ၇၂ ရောင်ပါတယ်လို့ ပြောလို့ရတယ်။ ဖလင်ကျတော့ တစ်လက်မပတ်လည်ကို သုံးရာ့လေးဒဿမရှစ်ရောင်ပါတယ် လို့ပြောလို့ရတယ်။ အဲဒီလိုကွာလို့သာလျှင် ရုပ်ရှင်နဲ့ဗီဒီယိုရဲ့ နည်းပညာဟာ မတူတော့တာပါ။ လူတွေက အရင်တုန်းက ရုပ်ရှင်ဆိုတာကို တီထွင်ခဲ့ကြတယ်။ ဗီဒီယိုဆိုတာကတော့ ရုပ်ရှင်နည်း ပညာတွေကို အခြေခံပြီးတော့မှ အိမ်သုံး မိသားစုတွေ တစ်ယောက်ချင်းသော်လည်းကောင်း မိသားစု သုံးလေးငါးယောက်သော်လည်းကောင်း ကြည့်နိုင်အောင် ရုပ်ရှင်ရုံအငယ်စားလေးကို အိမ်ထဲရွှေ့လိုက်တာပဲ။ ရုပ်ရှင်ပေါ်တာက ကြာပြီ။ ၁၉၁၅ ခုနှစ်လောက် ကတည်းကပေါ်တာ။ ဘတ်(စ်) ကားတွေစီး၊ လက်မှတ်တွေ တန်းစီပြီးတော့မှ သူ့အတွက် သက်သက်အချိန်ပေးပြီး မကြည့်ချင်ဘူး။ အိမ်မှာပဲ အလုပ်လုပ်နေရင်း ကြည့်ချင်တယ်ဆိုပြီးတော့ လူတွေက TV, Video နည်းပညာတွေကို တီထွင်ခဲ့ကြတာပဲ။ ဒါကြောင့် TV, Video ရဲ့ နည်းပညာဟာ ရုပ်ရှင်လောက် တော့ ဘယ်လိုမှမကောင်းနိုင်ဘူး။

Friday, September 12, 2008

Data Transfer Rate

Average Data Rate တဲ့။ ကွန်ပျူတာနဲ့ Editing လုပ်ဖို့အတွက် အရေးအကြီးဆုံး နံပါတ် တစ် ဘာလိုသလဲ။ နံပါတ်တစ် ကွန်ပျူတာပေါ့။ နံပါတ် နှစ် ဘာလဲ၊ Video Capture Card ၊ အဲဒါ က Hardware နော်။ Compressor က Software နော်။ Hardware အနေနဲ့ဆိုရင် Computer ရယ်၊ Video Capture Card ရယ်။ အဲဒီ Video Capture Card ကို မောင်းထည့်ဖို့ Device လို့ခေါ်တဲ့ ရုပ်သံ Play နိုင် Record လုပ်နိုင်တဲ့ အောက်စက်တွေရယ်၊ ဒါတွေကိုကြည့်ဖို့အတွက် Monitor တစ်လုံးလိုမယ်။ မနေ့က Process ကိုပြန်ကြည့်လိုက်ရင် ဒီ Device ထဲကနေ Breakout Box ကနေ တဆင့်ဝင်သွားတဲ့ Data တွေဟာ၊ Analog ရုပ်သံစီးကြောင်းတွေဟာ Card ကနေ တစ်ဆင့် Hard Disc ထဲကို Store လုပ်ပေးတယ်။ Average Data Rate ဆိုတာ ဘာလဲ။ Data Rate ၊ Data နှုန်းထား။ ပျမ်းမျှ Data နှုန်းထား။ ပျမ်းမျှ Data နှုန်းထား ဆိုတာ ဘာလဲ။ ဒီကနေ ဒီအထိဝင်ခဲ့တယ်ဆိုတဲ့ Process ကို Capture လုပ်တယ်လို့ခေါ်တယ်။ တစ်နည်းအားဖြင့် Compress လုပ်တယ်လို့ခေါ်တယ်။ အဲဒီ Compress လုပ်နေစဉ်မှာ Hard Disc ထဲကို ဘယ်လို နှုန်းထားမျိုးနဲ့ Compress လုပ်တာလဲဆိုတဲ့ သတ်မှတ်ချက်တစ်ခုပဲ။ Frame Rate ဆိုတဲ့အတိုင်းပဲ ရုပ်သေပုံပေါင်းများစွာကို တစ်ဆက်တစ်စပ်တည်း အလုပ်လုပ်တဲ့အခါမှာ တစ်စက္ကန့်စာ လှုပ်ရှားမှု တစ်ခုရတယ်။ အဲဒီလှုပ်ရှားမှုတစ်ခုစာကို သိမ်းဆည်းတိုင်းမှာ ဘာတွေပါပြီလဲ။ တစ်စက္ကန့်စာမှာ ပုံသုံးဆယ်ပါလာပြီ။ အခုဒီ Ferry Movie ဆိုလို့ရှိရင် တစ်စက္ကန့်စာမှာ ဆယ့်ငါးပုံပါတယ်။
ကျွန်တော်တို့ရုပ်ရှင်တစ်ခုကို 30 fps နဲ့ Capture ဖမ်းတယ်။ နောက်ရုပ်ရှင်တစ်ခုကို 15 fps နဲ့ Capture ဖမ်းတယ်။ 30 fps နဲ့ဖမ်းထားတဲ့ ငါးစက္ကန့်စာ အရုပ်တစ်ခုဟာ Frame ပေါင်း ဘယ်လောက်ရှိမလဲ။ တစ်ရာ့ငါးဆယ်ရှိမယ်။ 15 fps ငါးဆက္ကန့်စာဖမ်းရင် ဘယ်လောက်ရှိမလဲ။ ၇၅ ပုံရှိမယ်။ အဲဒီတော့ ပုံပေါင်းတစ်ရာ့ငါးဆယ်ကို ကွန်ပျူတာထဲမှာ သိမ်းဆည်းတာနဲ့ ပုံ ၇၅ ပုံကို ကွန်ပျူတာထဲမှာ သိမ်းဆည်းတာ ဘယ်ဟာက ပိုပြီးနေရာလိုသလဲ။ တစ်ရာ့ငါးဆယ်က နေရာပိုလို မယ်။ ဒါက Frame Rate ပေါ်မှာ မူတည်တဲ့ Data တစ်ခုကို သိမ်းဆည်းနိုင်တဲ့ စွမ်းအားပဲ။ ဒါ Frame ပေါ်မှာပဲ တွက်ပြပေးတာ။ Frame ကို သိမ်းဆည်းတဲ့နေရာမှာလည်း အမျိုးမျိုးသော သိမ်းဆည်းပုံသိမ်းဆည်းနည်းရှိတယ်။ Quality အပြည့်ရအောင်လို့ အပြည့်သိမ်းဆည်းတာ ရှိတယ်။ တော်ရုံတန်ရုံလောက်ပဲရရှိအောင် တော်ရုံတန်ရုံလောက်ပဲ သိမ်းဆည်းတာရှိတယ်။ အဲဒါ တွေကို Data Rate ဆိုတဲ့ အချက်အလက်နဲ့ မူတည်ပြီးတော့ ခွဲခြားသွားတယ်။ အခု ငါးစက္ကန့်စာ ကို တစ်ရာ့ငါးဆယ် frame ရှိတယ်။ ဒီဘက်က ငါးစက္ကန့်စာ ကို ခုနစ်ဆယ့်ငါး frame ရှိတယ်။ Hard Disc ထဲမှာ နေရာတွေအများကြီးရှိတယ်။ တစ်ပုံချင်းစီ တစ်ပုံချင်းစီ ကွန်ပျူတာထဲကို ဝင်သွားတိုင်း ဝင်သွားတိုင်း 150 KB နှုန်းနဲ့ သိမ်းဆည်းလို့ရှိရင် အဲဒီ ကွန်ပျူတာထဲကို ထည့်သွင်း လိုက်တဲ့ရုပ်ပုံဟာ အပြင်မှာ အောက်စက်ကနေပြီး TV ပေါ်ကိုမောင်းကြည့်နေတုန်းက Quality လိုပဲ တစ်သွေမတိမ်း ပြန်ရတယ်။ နှုန်းထားတစ်ခု၊ စံတစ်ခုပါပဲ။ စံတစ်ခု သတ်မှတ်လိုက်တာ။ အဲဒီ တော့ တစ်ဖရိန်ကို သိမ်းဆည်းနေတိုင်း သိမ်းဆည်းနေတိုင်း Hard Disc မှာ ဘယ်လောက်စား သွားတာလဲ။ 150 KB စားနေတာ။ တစ်စက္ကန့်စာဆိုရင် ပုံသုံးဆယ်ဆိုတော့ 4500 KB စားသွားပြီ။ အဲဒီလေးထောင့်ငါးရာဟာ ဘာနဲ့ညီမျှလဲဆိုရင် 4.5 Megabyte နဲ့ညီမျှတယ်။ Video Capture လုပ်တဲ့လုပ်ငန်းစဉ်ရဲ့ Standard လို့ပြောလို့ရတဲ့ Data Transfer Rate ဟာ 4.5 MB/S ရှိပါတယ်။ အဲဒါကို Data Transfer Rate လို့ခေါ်တယ်။ Quality အပြည့်ပေါ့။ 720 x 480 ရှိမယ်။ Color အပြည့်ပါမယ်။ ၁၆.၇ သန်းသော ကာလာတွေကြိုက်တာပါမယ်။ 720 x 480 ဆိုတဲ့ File Size ကြီး အပြည့်ကြီးရှိမယ်။ Frame Rate ကလည်း29.97 NTSC နဲ့အပြည့်ရှိမယ်။ အဲဒီလိုမောင်း သွင်းလိုက်တဲ့အချိန်မှာ တစ်စက္ကန့်စာ တစ်စက္ကန့်စာ ရုပ်သံတွေဟာ Hard Disc ထဲကို Data အဖြစ်ရောက်သွားတိုင်း ရောက်သွားတိုင်း Hard Disc ဟာ 4.5 MB စာနေရာကို ဖယ်ပေးလိုက်ရ တယ်။ သူ့အတွက် သိမ်းသွားတယ်။
4.5 Megabyte ကိုဘာလို့ Standard လို့ပြောရတာလဲဆိုတော့ ခုနတုန်းက အောက်စက် ကနေဒီအတိုင်း Play ပြီးတော့ TV ပေါ်မှာကြည့်လိုက်တဲ့အရုပ်ရယ်၊ ဒီအောက်စက်ကဟာကို Hard Disc ထဲကို ဖမ်းပြီးတော့မှ ဒီလိုပြန်ပြီးကြည့်တဲ့ အရုပ်တွေ၊ အဲဒီနှစ်ခုကို ယှဉ်ကြည့်လိုက်ရင် Quality က အတူတူပဲ။ လုံးဝမကျဘူး။ ရိုးရိုးအောက်စက်တွေနဲ့ ဟိုဘက်သည်ဘက် ခွေကူးတဲ့ လုပ်ငန်းတွေရှိတယ်။ Master ခွေကိုကြည့်တဲ့အရုပ်နဲ့၊ Master ခွေကနေ First Copy ချထားတဲ့ အရုပ်ကိုကြည့်တာနဲ့ တူနိုင်သလား။ First Copy က Quality ကျသွားတယ်။ Master ကတင်းနေ တယ်။ အဲဒီလိုမဟုတ်ဘဲ ဒီမှာကျတော့ Master ခွေကိုကြည့်တဲ့ Quality ကလည်းဒီအတိုင်းပဲ။ ကွန်ပျူတာထဲကို မောင်းသွင်းပြီးကြည့်လိုက်တဲ့အခါမှာလည်း ဒီအတိုင်းပဲပြန်ရတယ်။ ဘယ်လောက်ကောင်းသလဲ။ Digital Editing ရဲ့ အနှစ်အရသာက အဲဒါပဲ။ ဒီ Quality ကအပြည့် ပြန်ရတယ်။ အလုပ်ပြန်လုပ်လို့ရတယ်။ အဲဒီလိုမျိုး Quality ရှိချင်ရင် တစ်စက္ကန့်စာကို အနည်းဆုံး 4.5 Megabyte per Second နဲ့ဖမ်းပါတဲ့။ အဲဒါမှ တစ်ပုံချင်းဆီကို 150 KB အထိ Compress လုပ်ပြီး သိမ်းသွားတဲ့အခါမှာ Quality ကောင်းကောင်းကိုရပါမယ်။ အဲဒီထက်လျော့သွားရင်တော့ Quality ဟာ မျက်စိနဲ့ကြည့်ရင်တောင် သိသာလောက်တဲ့ သိသိသာသာကျသွားတဲ့ အခြေအနေ ကို ကျသွားပါမယ်။ ဒီထက်ကောင်းအောင်လည်း လုပ်လို့ရပါသေးတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ Video Capture Card တွေထဲမှာ အမြင့်ဆုံးသွင်းလို့ရတဲ့ဟာက 15.0 MB/S အထိ ကျွန်တော် တွေ့ဖူးပါတယ်။ 1 Frame ကို ဘယ်လောက်ကျသလဲဆိုတော့ 500KB ကျတယ်။ သိမ်းဆည်းနိုင် တယ်။ ဘာကြောင့်လဲ၊ ပြင်ပကဝင်လာတဲ့ ရုပ်သံကို 150 KB နဲ့သိမ်းတဲ့အခါမှာ ၁၆.၇ သန်းသော အရောင်တွေအကုန်လုံးကို ရနိုင်တယ်။ 300 KB နဲ့ သိမ်းတဲ့အခါမှာလည်း ၁၆.၇ သန်းသော အရောင်တွေကို ရနိုင်တဲ့အပြင် တစ်ရောင်ချင်းစီ တစ်ရောင်ချင်းစီမှာ ပါဝင်နေတဲ့ အရောင်အစစ် အမှန်ကို သူကချိန်တွယ်ပြီးတော့ အလုပ်လုပ်သွားတယ်။
ဥပမာ ၁၅၀ နဲ့သိမ်းတုန်းက သူက အနီဖျော့ဖျော့အရောင်တစ်ခုကို ဒါဟာပန်းရောင်ပဲလို့ သတ်မှတ်လိုက်တယ်။ အဝါကို နည်းနည်းတောက်နေရင် လိမ္မော်ပဲလို့ သတ်မှတ်လိုက်တယ်။ ၃၀၀နဲ့ သွင်းလိုက်တဲ့အခါကျတော့ သူက ပိုပြီးတော့ ဒီအပေါ်မှာ ဂရုစိုက်သွားတယ်။ ရိုးရိုးကျူရှင် နဲ့ ဝိုင်းကျူရှင် ကွဲသလိုပဲ။ ရိုးရိုးကျူရှင်ဆိုတာက ကျောင်းသားတွေအားလုံးကို မျှပြီးတော့သင်တာ။ ဝိုင်းကျူရှင်ကတော့ ပိုက်ဆံပိုပေးထားတဲ့အခါကျတော့ တစ်ယောက်ချင်းစီကို လိုက်ကြည့်ပြီးတော့ ဂရုစိုက်ပြီးသင်တာ။ အဲဒီသဘောပဲ။ ၁၅၀ နဲ့ တုန်းကတော့ Quality အပြည့်ပါပဲ။ ဒါပေမယ့် ၃၀၀ နဲ့ သွင်းတဲ့အခါမှာကျတော့ ပြင်ပကဝင်ရောက်လာတဲ့ Pixel တစ်ခုချင်းစီ တစ်ခုချင်းစီရဲ့ အရောင် လေးတွေကို အတိအကျ၊ အသေအချာကို Care လုပ်ပြီး သွင်းပေးလိုက်တယ်။ Quality ဆိုတာ အဲဒီနေရာမှာ စကားပြောတာပဲ။ တကယ်လို့ ၄.၅ နဲ့မဟုတ်ဘဲ ၂.၅ လောက်နဲ့သာသွင်းလို့ရှိရင် တဖြည်းဖြည်းနဲ့ Quality ကျကျလာတယ်။ ၂.၅ နဲ့ သွင်းတဲ့အခါမှာ 1 Frame ကို 100 KB လောက်ပဲကျတော့မယ်ဆိုတော့၊ သိမ်းဆည်းနိုင်စွမ်းက နည်းတဲ့အခါကျတော့ အချို့ နီးစပ်ရာ အရောင်တွေကို ဆွဲပြီးတော့ သွင်းလိုက်တယ်။ ဥပမာ အနီကနေ တဖြည်းဖြည်းလျော့သွားတယ်ဆို ရင် အနီကနေ အဖြူဖြစ်သွားတဲ့အချိန်မှာ ကြားထဲမှာ အရောင် ၁၀၁ ရောင်ရှိတယ်။ အဲဒီ ၁၀၁ ရောင်လုံးကို 300 KB နဲ့ဆိုရင် ၁၀၁ ခါ မှတ်ချင်မှတ်မယ်။ 150 KB နဲ့ကျတော့ ၁၀၁ ရောင်ကို ၈၀ လောက်မှတ်မယ်။ 100 KB နဲ့ ဆိုရင် ၁၀၁ ရောင်ကို အရောင် ၅၀ လောက်ပဲမှတ်မယ်။ နီးစပ်ရာ နီးစပ်ရာအရောင်တွေကို နီးစပ်ရာ Pixel ထဲမှာ ဆွဲဆွဲပြီးသွင်းတယ်။ အဲဒီတော့ Quality ကျတယ် ဆိုတာတွေဖြစ်လာတယ်။ တစ်ဖြည်းဖြည်းနဲ့ အရောင်တွေမမှန်တော့ဘူး။ ဖွယ်လာတယ်။ Noise တွေများလာတယ်။ Data Transfer Rate မှာ တစ်ဖရိန်ချင်း တစ်ဖရိန်ချင်းစီမှာ သိမ်းဆည်းထားနိုင် တဲ့စွမ်းအားပေါ်မှာ မူတည်ပြီးတော့ Quality တွေဖြစ်ပေါ်လာတာ။ ဒါပေမယ့် ဒါက မျက်စိမှာမြင်ရ တဲ့အချိန်မှာ Quality မကွာဘူးလို့ထင်ရပေမယ့် Data Transfer Rate က 4.5 MB/S ။ မျက်စိမှာ မြင်ရတာ မကွာဘူး။ ဒါပေမယ့် ပညာရှင်တွေဟာ စက်ကိရိယာတွေနဲ့ တိုင်းတာကြည့်လိုက်တဲ့အခါ မှာ အဲဒီအရုပ်နှစ်ခုဟာ ကွာတာတော့ ကွာတာပဲ။ ဒီမှာကြည့်တဲ့အရုပ်နဲ့ အထဲဝင်သွားတဲ့အရုပ် အမှန်တကယ်တော့ ကွာနေတယ်နော်။ ဒါပေမယ့် ကျွန်တော်တို့ မျက်စိမှာ ကွာဘူးလို့ ထင်ရတာ။ ဘယ်လောက်ထိတောင် သူတို့နိုင်ငံမှာ ဖမ်းထားသလဲဆိုတော့ တစ်စက္ကန့်ကို 26.01ဆိုတဲ့ ITU-R 601 ဆိုတဲ့ Format တစ်ခုရှိတယ်။ အဲဒီ Format က နိုင်ငံခြားမှာ စလောင်းတွေမှာ BBC တို့ ဘာတို့ လွှင့်လို့ရှိရင် အဲဒီနှုန်းထားနဲ့ လုပ်တာ။ ရိုက်ကတည်းက အဲဒီလောက် Qualityနဲ့ဖမ်းတာ။ အဲဒီ Quality အစစ်အတိုင်းပဲ ပြန်လွှင့်တာ။

Thursday, September 11, 2008

Storage Media & Data Rate

ကျွန်တော်တို့ဆီမှာ ပုံမှန်အလုပ်လုပ်တဲ့အခါ ရိုးရိုးကွန်ပျူတာတွေမှာ 4.5 MB/S နဲ့ဖမ်းလို့ ရှိရင်တောင်မှ မိနစ် သုံးဆယ်စာဆိုရင် 7 GB ရှိတယ်။ တစ်နာရီကို 14 GB ရှိတယ်။ တကယ်လို့ ကိုယ်က ရုပ်ရှင်တစ်ခုကို နာရီဝက်စာကို တစ်ဖိုင်တည်းပဲဖမ်းလို့ရှိရင် နာရီဝက်စာပမာဏကြီးဟာ 7 GB ရှိတယ်။ နည်းတဲ့ ပမာဏကြီးမဟုတ်ဘူး။ Pentium 4 တော်ရုံတန်ရုံလောက်နဲ့ အလုပ်လုပ် လို့မရတာ အဲဒါပဲ။ ရုပ်ရှင်တစ်ကားရိုက်လို့ရှိရင် Raw အခွေက ၂၀ လောက်ရှိတယ်။ နှစ်ဆယ် လောက်ကို နှစ်နာရီစာပြန်ဆက်မယ်ဆိုရင် အနည်းဆုံး အထဲကို ခြောက်နာရီစာလောက် ဒါမှမ ဟုတ် လေးနာရီစာလောက် ထည့်ထားရတယ်။ အဲဒီထဲမှာ Raw တွေကိုပြန်ဆက်တာ။ ရုပ်ရှင် တစ်ကား လေးနာရီဆိုရင် 56 GB ကုန်မယ် ကုန်မယ်။ ကျွန်တော်တို့ဟာ အလုပ်လုပ်တဲ့အခါမှာ 40 GB လောက် သွားထည့်ထားရုံနဲ့ အလုပ်လုပ်လို့မရဘူး။ 40 GB ကသက်သက် တစ်ဘက်က နေပြီးတော့ 120 GB တို့ 60 GB တို့ ထပ်ထည့်ထားမှ ရုပ်ရှင်တစ်ကားလောက် ဆက်လို့ရမယ်။ ဘာကြောင့်လဲဆိုတော့ 80 GB ရှိတဲ့ Hard Disc တစ်လုံးကို 80 GB အပြည့် Storage မလုပ်ရဘူး။ 80 GB ကို ကျပ်နေအောင်သွင်းလိုက်ရင် Data တွေကို ပြန်ပြီးတော့သုံးစွဲလို့ရှိရင် နည်းနည်း ပြဿနာရှိတယ်။ 5 GB လောက်ချန်ထားပေးရတယ်။ 80 GB ကိုသုံးချင်ရင် 75 လောက်အထိသုံး လို့ရတယ်။ ကျန်တဲ့ 5 GB ကို နေရာအလွတ်ကလေး နည်းနည်းချန်ထားပေးရတယ်။ အဲဒါချန်ထား ပေးမှ Audio , Video တွေကို Edit လုပ်တဲ့အခါမှာ ချောင်ချောင်ချိချိသွားတယ်။ 75 GB ချန်ထား တဲ့ Hard Disc က ငါးနာရီစာပဲ Capture လုပ်လို့ရတယ်။ Data Transfer Rate ဆိုတာက Customize ပါ။ ကိုယ်ပြုပြင်ပေးလို့ရတယ်။ 4.5 နဲ့လိုချင်ရင် 4.5 နဲ့ ဖမ်းလို့ရတယ်။ 3.5 နဲ့ လိုချင်ရင် 3.5 နဲ့ဖမ်းလို့ရတယ်။ 9.0 နဲ့လိုချင်ရင် 9.0 နဲ့ဖမ်းလို့ရတယ်။ အဲဒါဟာ ကိုယ်ဝယ် လိုက်တဲ့ Card ပေါ်မှာ မူတည်တယ်။
Video Capture Card လောကမှာ Home Video အတွက် သုံးတဲ့ Video Capture Cardဆိုတာ ရှိတယ်။ Semi-Professional သုံးတဲ့ Video Capture Card တွေရှိတယ်။ Professional သုံးတဲ့ Video Capture Card တွေရှိတဲ့အပြင်ကို Studio Type ဆိုတဲ့ Video Capture Card တွေရှိတယ်။ Studio Type Video Capture Card တွေဟာ ခုနပြောတဲ့ ITU-R 601 ဆိုတဲ့ 26.01MB/s ရှိတဲ့နှုန်းထားအထိ ထားပြီးတော့ဖမ်းလို့ရတယ်။ Professional Card တွေဟာ 15.0 MB/s အထိဖမ်းလို့ရတယ်။ Semi-Professional ထဲမှာ ကျွန်တော်တွေ့ဖူး တာ အများဆုံးက 3.6 ပဲတွေ့ဖူးတယ်။ Home Video သည် 2.5 အောက်မှာပဲရှိတယ်။ Video Capture Card တစ်ခုရဲ့ ဈေးနှုန်းဟာ ဘာလို့ကွာသွားသလဲဆိုရင် အဲဒီပေါ်မှာမူတည်တယ်။ Data Transfer Rate ကောင်းရင် အရုပ် Quality ကောင်းမယ်။ Data Transfer Rate မကောင်းရင် အရုပ် Quality မကောင်းဘူး။
Home Video, Semi-Professional, Professional နဲ့ Studio Type ဆိုပြီး လေးမျိုးခွဲခြား ထားတယ်။ Home Video ဆိုတဲ့ Card လေးတွေဟာ ရှစ်သောင်းကနေ နှစ်သိန်း သုံးသိန်း ပတ်ဝန်းကျင်လောက်မှာရှိတယ်။ Semi-Professional ဆိုတဲ့ Card က လေးသိန်းကနေ သိန်းနှစ်ဆယ်ပတ်ဝန်းကျင်လောက်ရှိတယ်။ Professional Card ကတော့ သိန်းအစိတ်ကနေ သိန်းနှစ်ရာလောက်ထိ ရှိတယ်။ Studio Type တွေကတော့ အနည်းဆုံး သိန်းခြောက်ရာလောက် ရှိတယ်။ အဲဒါ Video Capture Card တွေချည်းပဲနော်။ ဘာမှမပါဘူး။ Card ဝယ်လိုက်ရင် ဘာ Unit တွေပါလဲ။ မနေ့က ကျွန်တော်ပြောခဲ့ပြီ။ Breakout Box တစ်ခုပါမယ်။ အထဲမှာစိုက်တဲ့ Card တစ်ခုပါမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်ရှိအလုပ်လုပ်စားနေကြတာ Semi-Professional Card တွေနဲ့ပဲ အလုပ်လုပ်စားနေကြတာ။ 3.6 MB/s ရှိတယ်။ အဲဒါနဲ့ ဖမ်းနိုင်တဲ့ အခြေအနေ ရှိတယ်။ Professional နဲ့လုပ်စားနေတဲ့ Video Editing ခန်းက ဆယ်ခု ဆယ့်ငါးခုလောက်ပဲ ရှိတယ်။ ပြီးတော့ ဈေးနှုန်းချင်းလည်းမတူဘူး။ Semi-pro Card နဲ့ တစ်ဂျူတီစာကားဆက်မယ် ဆိုရင် တစ်သောင်းခွဲလောက်ပဲပေးရတယ်။ Professional Card နဲ့ဆိုရင် နှစ်သောင်းကနေ သုံးသောင်းအထိပေးရတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ သူတို့ကလည်း ရင်းနှီးမြှုပ်နှံထားရတာ ချင်းမတူတော့ သူတို့ယူတဲ့ဈေးတွေကလည်းမတူဘူး။ Semi-pro Card က သိန်းနှစ်ဆယ်လောက် ဝယ်ပြီးတော့ Pentium လိုဟာမျိုးထဲမှာပဲ စိုက်လိုက်တယ်။ Canopus DV Strom 2။ ဒါဆိုရင် ပေါက်ဈေး ဆယ့်ခြောက်သိန်းလောက် ရှိတယ်။ ဒါဟာ Semi-Professional တန်းမှာရှိတယ်။ အချို့တွေဆိုရင် အဲဒါနဲ့ ကြော်ငြာလောက်ထိဆက်ကြတယ်။ DVD, VCD တွေလည်း အဲဒါနဲ့ပဲ ဆက်တာတွေ့ရတယ်။ ဘာဖြစ်လို့ဈေးနှုန်းချင်းကွာသွားတာလဲဆိုတော့ Data Transfer Rate ပေါ်မှာ တစ်ချက်မူတည်သလို VIA လို့ခေါ်တဲ့ ကြိုးတွေအဝင်အထွက် လုပ်လို့ရတဲ့အပေါ်မှာ လည်းမူတည်ပါတယ်။ VIA ဟာ Professional Card အစစ်ဆိုရင် ဘယ်လိုသတိထားနိုင်သလဲဆို တော့ ကျွန်တော်တို့ Betacam လို့ခေါ်တဲ့ အောက်စက်တစ်မျိုးရှိတယ်။ ပေါင်လေးဆယ်လောက် လေးတယ်။ တစ်လုံးကို သိန်းခုနစ်ဆယ်လောက်ပေးရတယ်။ မြန်မာ့အသံမှာ အများကြီးရှိတယ်။ Betacam Player Recorder ဆိုတာ။ အဲဒီ Betacam ဆိုတာ ထုတ်လွှင့်တဲ့နေရာမှာ အကောင်း ဆုံးသော Master Format ဖြစ်တယ်။ Betacam အခွေဟာ အသေးနဲ့ အကြီး နှစ်မျိုးရှိတယ်။ အိမ်မှာကြည့်နေတဲ့အခွေတွေနဲ့ ဘာမှမဆိုင်ဘူး။ တိပ်သားတွေဘာတွေရော အရမ်းကောင်းတယ်။ Betacam ဟာ အရုပ်ချည်းပဲ 3 Channel ထွက်တယ်။ အရုပ်ကြိုးက ရိုးရိုးအိမ်သုံးဆိုရင် တစ်ကြိုးပဲ ထွက်တယ်။ Betacam က အရုပ်ချည်းပဲ သုံးကြိုးထွက်တယ်။ အသံက နှစ်ကြိုးထွက်တယ်။ Input မှာတင် ငါးကြိုးဝင်သွားတယ်။ Betacam Output ပြန်ထွက်လာရင် နောက်ထပ် ငါးကြိုးပြန်ထွက် လာတယ်။ သူ့အတွက်က Breakout Box မှာတင် Betacam အတွက်ချည်းပဲဆယ်ပေါက်ပါရမယ်။ Input အတွက်က ငါးပေါက်ရယ်။ Output အတွက်က ငါးပေါက်ရယ်။ အရုပ်သုံးကြိုးနဲ့ အသံနှစ်ကြိုးနဲ့။ Professional လို့ပြောလို့ရတဲ့ Card တွေဟာ အကုန်လုံး Betacam အတွက်ကို Component VIA ပါတယ်။ Semi-Professional အထိက ဘာပါလဲဆိုတော့ နံပါတ်တစ် Composite လို့ခေါ်တဲ့ အိမ်သုံးအောက်စက်နဲ့ သုံးတာရယ်၊ SVHSလို့ခေါ်တဲ့ Quality Super VHS တွေအတွက် S Video အတွက်ရယ်၊ Digital Video အတွက် IEE 1394 ဆိုတဲ့ Fire Wire အပေါက်ရယ် ဒီသုံးကြိုးပဲပါတယ်။ Capture Card တစ်ခုရဲ့ ဖမ်းယူနိုင်စွမ်းအားပေါ်မှာ မူတည်ပြီး သူတို့ရဲ့ လုပ်နိုင်တဲ့ Function တွေရယ်၊ သူတို့ရဲ့ Quality တွေရယ်ဟာလည်းခြားနားသွားတယ်။
Data Transfer Rate ကိုအရှင်ထားသလဲဆိုတော့။ ဥပမာ ကျွန်တော်တို့ အလုပ်လုပ်ကြ တယ်။ ဒါက C ၊ ဒါက D။ C ဆိုတဲ့ Hard Disc ကို Hard Drive လို့ခေါ်တယ်။ D ကျတော့ Storage Hard Drive လို့ခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ C ဆိုတဲ့ Hard Disc ရဲ့ အလုပ်က နံပါတ်တစ် Window ကြီးတက်လာအောင်လုပ်ပေးရတယ်။ Window တက်လာဖို့အတွက် System File တွေဟာ Hard Disc ထဲမှာ ထည့်ထားရတယ်။ Window တက်လာပြီးရင် Video Card ကိုစိုက်ထားတဲ့အတွက် Video Card နဲ့ ပတ်သက်တဲ့ System File တွေကို ထည့်ထားပေး ရမယ်။ ဒီ Video Card နဲ့ အလုပ်တွဲလုပ်မယ့် Software တွေ။ သူ့ရဲ့အလုပ်က အရမ်းများသွားပြီ နော်။ Window တက်လာအောင်လုပ်ရမယ်။ Video Card ကိုနားလည်အောင် လုပ်ပေးရမယ်။ Software တွေကိုနားလည်အောင် လုပ်ပေးရမယ်။ သူ့မှာအလုပ်တအားများတဲ့အတွက် သူ့အထဲ မှာ ဗီဒီယိုရုပ်သံတွေကို သိမ်းဆည်းခြင်းမပြုရပါဘူး။ သူ့ကို သက်သက်ထားရပါတယ်။ ကွန်ပျူတာ တစ်လုံးဝယ်လိုက်ရင် C ဆိုတဲ့ Hard Disc တစ်လုံးပါလာလိမ့်မယ်။ C Hard Disc ဟာ Pantium4 ဆိုရင် 40 GB ရှိတယ်။ အဲဒီ 40 GB ကိုမထိပါနဲ့။ သူ့ဆီမှာ Video Data တွေသွားမသိမ်းပါနဲ့။ နောက်ထပ်တစ်လုံး ထပ်ထည့်ပါ။ ထပ်ထည့်ပြီးတော့မှ အဲဒီ Hard Disc ကိုကျတော့မှ ခုန System File တွေဘာမှမထည့်ပဲနဲ့ အလွတ်ထားပါ။ Storage Hard Drive ဖြစ်တယ်။ ရုပ်သံတွေကို အဲဒီမှာ သိမ်းဆည်းပါ။ ကျွန်တော်တို့ စက်တစ်လုံးဆင်တဲ့အခါမှာ C က 40 ရှိမယ်။ နောက်တစ် လုံးထပ်ထည့်တာက 60 GB ရှိမယ်။ အဲဒီ 60 GB မှာ ကျွန်တော်တို့က 40 GB သုံးထားတယ်။ သူ့မှာ Free Space က 20 GB ကျန်မယ်။ ဒီ 20 GBကို 16 GBလောက်ပဲသုံးလို့ရမယ်။ အများဆုံး သုံးမှ 17 GB လောက်ပဲသုံးလို့ကောင်းမယ်။ 3 GB လောက်ကို ခဏထားမယ်။ ကျွန်တော်တို့တွေ 60 GB ကို 40 GB သုံးထားတယ်။ 20 GB ကျန်တယ်။ 20 GB မှာ အများဆုံးသုံးနိုင်တဲ့ Storage က 17 GB ပဲရှိတယ်။
ကျွန်တော့်မိတ်ဆွေတစ်ယောက် ကျွန်တော့ဆီလာတယ်။ နာရီဝက်စာလောက် မှတ်တမ်း လေးတစ်ခု တည်းဖြတ်ချင်တယ်တဲ့။ အဲဒီမှတ်တမ်းတည်းဖြတ်ဖို့ ရိုက်ထားတဲ့ ရိုက်ခွေက တစ်နာရီ ခွဲစာရှိတယ်။ တစ်နာရီခွဲစာ အလုပ်လုပ်ပေးစမ်းပါတဲ့။ ကျွန်တော်က တွက်ကြည့်လိုက်တယ်။ ကျွန်တော့် Card က 4.5 နဲ့ဖမ်းလို့ရတယ်။ ဒါက တစ်စက္ကန့်စာ။ ၆၀ နဲ့မြှောက်ရင် တစ်မိနစ်စာရ တယ်။ တစ်မိနစ်စာကို 270 MB ကုန်မယ်။ တစ်မိနစ်စာကို ၆၀ နဲ့ထပ်မြှောက်လိုက်ရင် တစ်နာရီ စာရတယ်။ 16200 MB ကုန်မယ်။ တစ်နာရီစာကိုမှ အစား ၂ ဆိုရင် 8100 ရတယ်။ 8100 နဲ့ခုနက 1600 ပေါင်းကြည့်လိုက်ရင် တစ်နာရီခွဲစာရမယ်။ တစ်နာရီခွဲစာသော Hard Disc Space ဟာ 23.7 GB ရှိတယ်။ 4.5 နှုန်းနဲ့ ကျွန်တော်စံထားပြီး အလုပ်လုပ်တဲ့အခါမှာ ဘယ်လောက်ကုန်သွား သလဲဆိုတော့ 23.7 GB ကုန်သွားတဲ့အတွက် ဒီအလုပ်ဟာ ကျွန်တော့ဆီမှာ လက်ခံစရာ အကြောင်းမရှိဘူး။ ကျွန်တော့်ဆီမှာ တစ်နာရီခွဲစာ ဖမ်းလို့မရဘူး။ ကျွန်တော့် Hard Disc က ပြည့်နေတယ်။ နည်းနည်းလျှော့ဖမ်းလို့ရမလားလို့ ပြောကြည့်တော့ - ရတယ် Quality တွေ ဘာတွေ သိပ်ပြဿနာမရှိဘူး။ ဒါလေးဆက်လို့ရရင် ပြီးတာပဲဆိုရင် ကျွန်တော်လျှော့လို့ရပြီ။ 2.5MB/s အမြှောက် ၆၀ ဆိုရင် တစ်မိနစ်ရမယ်။ အမြှောက် ၆၀ ဆိုရင် တစ်နာရီစာရမယ်။ တစ်နာရီခွဲစာကို 1024 နဲ့စားရင် GB ရမယ်။ 13.1 GB ကျွန်တော် ကောင်းကောင်းအလုပ်လုပ်လို့ ရတယ်။ စေတနာနည်းနည်းပါရင် Data Rate ထပ်တင်ပေးလို့ရတယ်။ 3 နဲ့တစ်ခါပြန်တွက်ကြည့် တယ်။ 3 MB/s အမြှောက် 60 ဆိုရင် တစ်မိနစ်စာ။ အမြှောက် 60 ဆိုရင် တစ်နာရီစာ။ 10800။ 10800 တစ်ဝက်က 5400 ။ ပေါင်းတော့ 16200 ။ အစား 1024 ဆိုတော့ 15.8 Gigabyte ။ တစ်နာရီခွဲစာဖမ်းရင် 3.0 MB/s နဲ့ဖမ်းလိုက်တဲ့အချိန်မှာ 15.8 GB ရှိပါတယ်။ သူ့ကို 3.0 MB/s နဲ့ လက်ခံပြီးတော့ အလုပ်လုပ်ပေးလိုက်တယ်။ သူက တော်ရုံတန်ရုံလောက်ပဲ ကားဆက်တဲ့အခါကျ တော့ တစ်ဂျူတီတည်းနဲ့ ပြီးသွားတယ်။ တစ်သောင်းခွဲပဲကျတယ်။ ဒါတွေကို မသိရင် ဖမ်းလို့မရ ဘူးဆိုပြီး မလုပ်ဘဲနေလိုက်ရင် ကိုယ်ပဲအလုပ်လွတ်သွားမယ်။ အဲဒီသဘောတွေရှိတယ်။
အဲဒီတော့ Data Transfer Rate ဆိုတာ ပြန်ပြောလို့ရှိရင် ရုပ်သံတစ်ခုကို Hard Disc ထဲကို Data အဖြစ် သိမ်းဆည်းတဲ့အခါမှာ ကူးပြောင်းစဉ်ကတည်းက ကူးပြောင်းလာခဲ့တဲ့နှုန်းထား ကို Editor ကနေ သတ်မှတ်ပေးရတယ်။ တကယ်လို့ မသတ်မှတ်ပေးခဲ့ဘူးဆိုရင် Default Factory Setting စက်ရုံကထုတ်လုပ်လိုက်တဲ့ Setting အတိုင်းပဲသွားလိမ့်မယ်။ Video Capture Card တွေဝယ်လို့ရှိရင် Card တွေရဲ့အပေါ်မှာ Factory Setting တွေပါတယ်။ အဲဒါတွေကိုလိုက် ကြည့်ရတယ်။ Data Transfer Rate ကြီးတဲ့အခါမှာ အလုပ်လုပ်တဲ့အခါ Quality ကောင်းတာမှန် ပေမယ့် ကိုယ့်စက်ဟာ Loading တအားကြီးတယ်။ တစ်အားကို သတိထားရတယ်။ အဲဒီတော့ ကျွန်တော်တွေ့ဖူးသလောက်က ရန်ကုန်မှာ 12.0 MB/s ရတဲ့ Video Capture Card တွေကို Apple Macintosh စက်တွေမှာပဲတွေ့ဖူးတယ်။ IBM မှာစိုက်တဲ့စက်တွေဟာ 15.0 လောက်အထိ ရတာတွေ့ဖူးတယ်။ အဲဒါအများဆုံး။ DPS Velocity ဆိုတဲ့ Card ။ Version 5.0 ဆိုပြီးတော့ သူက Professional Card ။ သူက Up To Date ပေါ့ ။ 3.6 ထက်များသွားတော့ Proလို့သတ်မှတ်တယ်။ 3.6 ထက်များတဲ့အပြင်ကို Betacam အတွက် Component Input, Output တွေပါတယ်။ ဒါကြောင့်သူ့ကို Professional လို့သတ်မှတ်တယ်။ သူက 5.0 ရတယ်။ Average Data Transfer Rate ကိုလိုချင်လို့ရှိရင် Total Size ကို MB ဖွဲ့ရမယ်။ ပြီးရင်သူ့ကို Duration နဲ့စားရမယ်။ Duration ကလည်း စက္ကန့်ဖြစ်ရမယ်။ File ရဲ့ Total Size ကဘယ်လောက်လဲ။ သူ့ရဲ့ Duration ကဘယ်လောက်လဲ။ ကျွန်တော်ပြောင်းပြန် ပြန်တွက်ပြမယ်။ Ferry Movie ရဲ့ Properties ကို ဖော်ပြထားတဲ့နေရာမှာ သူ့ရဲ့ Total Duration က 8 Second နဲ့ 28 Frame ။ 28 Frame ဆိုတော့ 9 Second နားကိုနီးနေပြီ။ 6.25 KB ကို 1024 နဲ့မြှောက်ရမယ်။ ။ မက်ဂါဗိုက်ကို ကီလို ဗိုက်လုပ်ချင်လို့။ 6400 ဆိုတာ သူ့ရဲ့ Total Size ။ ကီလိုဗိုက်ဖွဲ့ထားတာ။ အဲဒါမှ 9 နဲ့စားမယ်။ 711 ထွက်တယ်။ သူတွက်ထားတာက 716 ရှိတယ်။ ဘယ်လောက်မှမကွာဘူးနော်။ Average လို့ ပြောကတည်းက သူက အတိအကျထွက်ချင်မှ ထွက်မယ်။ ဒါပေမယ့် အနီးစပ်ဆုံးထွက်တယ်။
နောက်တစ်ခုကြည့်ရအောင် ferry ပြီးလို့ရှိရင် နောက်တစ်ခုတွက်ကြည့်ရအောင်။ Sail by Movie တဲ့။ သူ့ရဲ့ Total Size ကဘယ်လောက်လဲဆိုတော့ 2.31 MB/s /1024 နဲ့မြှောက်။ 2365 KB ရှိမယ်။ သူက 5 Second နဲ့ 10 Frame ဆိုတော့ 5.35 နဲ့ စားလိုက်ရင်ရတယ်။ 442 ရတယ်။ သူကဘယ်လောက်ရှိလဲ။ 444 ရှိတယ်။ အဲဒါကိုပြောတာ Total Size ကို MB ဆိုရင် KB ဖွဲ့လိုက်။ ဒါဆိုရင် Average Data Rate ဆိုပြီးထွက်လာတယ်။ ခုန ကျွန်တော်ပြောသလိုပေါ့ ကိုယ့်မှာ Hard Disc Space ကဘယ်လောက်ရှိတာလဲ။ Customer လာအပ်တဲ့ Duration ကဘယ်လောက်ရှိတာ လဲ။ ခုန ကျွန်တော်ပြောသလိုပြောင်းပြန် ပြန်တွက်တာပဲ။ ဥပမာ ကိုယ့်မှာ Hard Disc Space က 17 ကျန်မယ်။ Customer ကလာအပ်တာ တစ်နာရီခွဲ။ ကိုယ့်စက်ရဲ့ Data Transfer Rate ကဘယ် လောက်လဲ။ 3.0 ။ အဲဒါကိုမှ ကျွန်တော်ပြန်လှည့်ပြီး မြှောက်လိုက်တဲ့အခါမှာ ကိုယ်အလုပ်လုပ် နိုင်ခြေရှိမရှိဆိုတာကို ပြန်ပြီးတော့တွေ့တယ်။
တစ်ခုလောက် ကျွန်တော်တို့ စမ်းကြည့်ရအောင်။ ကျွန်တော် Hard Disc ထဲမှာ 24 GB ပိုတယ်တဲ့။ သုံးနာရီစာ ကျွန်တော်အလုပ်လုပ်ချင်တယ်။ 24 GB ကို သုံးနာရီဖမ်းချင်တယ်ဆိုတော့ ကျွန်တော်ဘယ်လောက် Data Transfer Rate နဲ့ဖမ်းလို့ရသလဲ ဆိုတဲ့ဟာကို ပြောင်းပြန် ပြန်တွက်ပြမယ်။ 24 GB ကို MB ဖွဲ့တော့ 1024 နဲ့မြှောက်မယ်။ ဒါက Hard Disc Space ရဲ့ Free MB ဖြစ်သွားပြီ။ သူ့ရဲ့ Duration ကသုံးနာရီဆိုတော့ 60 Minute သုံးခါဆိုတော့ တစ်ရာ့ရှစ်ဆယ် မိနစ်။ ခြောက်ဆယ်နဲ့ တစ်ခါထပ်မြှောက်ရင် စက္ကန့်ဖြစ်သွားမယ်။ 10800 စက္ကန့်ရှိတယ်။ သုံးနာရီ ဆိုတာ တစ်သောင်းရှစ်ရာ စက္ကန့်ရှိတယ်။ ခုနက 25190 MB ကို 10800 နဲ့စားရမယ်။ 2.3 ထွက် တယ်။ ကျွန်တော် 27 GB ထဲကို Capture ဖမ်းချင်ရင် ကျွန်တော် 2.3 MB/s နဲ့ဖမ်းရမယ်။ ကိုယ်ဖမ်းလို့ရတဲ့ Data Transfer Rate ထွက်လာတယ်။ 2.3 နဲ့ပြောင်းပြန် ပြန်တွက်ကြည့်ရင် 24 ဆိုတာ ဟုတ်ရဲ့လားဆိုတာ ပြန်တွက်ကြည့်လိုက်။ 2.3 MB/s သုံးနာရီစာဖမ်းမှာဆိုတော့ အမြှောက် 60 ဆိုရင် တစ်မိနစ်။ အမြှောက် 60 ဆိုရင် တစ်နာရီ။ တစ်နာရီကို သုံးနဲ့မြှောက်။ အဲဒါ ကိုမှ 1024 နဲ့ပြန်စားကြည့်လိုက်။ 24.2 ထွက်တယ်ဆိုတော့ .၂ ကျော်သွားပြီ။ နည်းနည်း Safe ဖြစ်အောင် 2.2 လောက်နဲ့ဖမ်းလို့ရတယ်။ ပြန်တွက်ကြည့်ရအောင်။ 2.2 အမြှောက် 60 ဆိုရင် တစ်မိနစ်၊အမြှောက် 60 ဆိုရင် တစ်နာရီ။ အမြှောက် ၃။ အဲဒါကို 1024 နဲ့စား။ 23.2 GB ။ 2.2 MB/s နဲ့ဖမ်းလို့ရှိရင် သုံးနာရီကို 23.2 GB ကုန်မယ်။ ဒါကြောင့် ဒီ Hard Disc ထဲမှာ အလုပ်လုပ် လို့ရတယ်။ ဒါပေမယ့်လည်း ခုနကျွန်တော်ပြောတဲ့ Free Space ကိုအများကြီး ချန်လို့မရတော့ ဘူး။ 1 Gig လောက်ပဲချန်လို့ရတော့မယ်။ သိပ်တော့မကောင်းဘူးပေါ့။ အလုပ်ကတော့ လုပ်လို့ရ တယ်။ Data Transfer Rate ဆိုတာ အဲဒါပဲ။

Wednesday, September 10, 2008

Basic Audio for Video

Audio ကို ကျွန်တော်အခုပြောမှာက ဖွဲ့စည်းပုံပဲပြောမှာ။ Audio ဆိုတဲ့ Tempo တွေ၊ Beat တွေ၊ အသွားအလာတွေကို နောက်မှပြောမယ်။ Editing မှာပါဝင်တဲ့ Audio ရဲ့ဖွဲ့စည်းပုံကိုပြောမှာ။ Video တွေကို အခုနတုန်းက အချက်အလက်တွေနဲ့ တိုင်းတာသ လိုပဲ။ Audio တွေကို အချက်အလက် သုံးချက်နဲ့ တိုင်းတာတယ်။ Frequency ရယ်၊ Bit Rate ရယ်၊ Channel ရယ်၊ တစ်နည်းအားဖြင့် Band Width လို့ခေါ်တယ်။ Audio ဆိုတဲ့အသံဟာ တကယ်တော့ လှိုင်းပါပဲ။ Wave ပါပဲ။ ကျွန်တော်တို့နားထဲမှာ ကြားနေရတဲ့အသံတွေအကုန်လုံး ဟာ ကြိမ်နှုန်းဆိုတဲ့ လှိုင်းကြောင့်ဖြစ်တာပါ။ သူဟာရေလှိုင်းလိုပါပဲ။ ကျွန်တော်တို့မမြင်ရတဲ့ လေထဲကလှိုင်းတွေပေါ့နော်။ အဲဒီလှိုင်းတွေကြောင့် ဖြစ်တာပါ။ ကျွန်တော်တို့နားထဲမှာရှိတဲ့ Ear Drum ဆိုတဲ့ နားစည်ဟာလည်း အဲဒီတုန်ခါရိုက်ခတ်မှုကြောင့် ထွက်ပေါ်လာတာပါ။ လှိုင်းပါပဲ။ အသံ တစ်ခုကိုစယူတဲ့အခါမှာ Digital Audio မှာ သုံးမျိုးရှိတယ်။ Frequency ဆိုတဲ့ အသံလှိုင်းခုံး တစ်ခုရဲ့ အကျယ်၊ Bit Rate လို့ခေါ်တဲ့ အသံလှိုင်းခုံးကို ဖွဲ့စည်းထားတဲ့ ကျစ်လစ်သိပ်သည်းမှု။ Channel လို့ခေါ်တဲ့ ဒီလှိုင်းတွေကို ဘယ်တစ်လိုင်း၊ ညာတစ်လိုင်း ၊ သို့မဟုတ် တစ်လိုင်းထဲပဲ သွားမယ်ဆိုတဲ့ဟာ။ ကျွန်တော်တို့လူမှာတောင်မှ ဘယ်နဲ့ညာ နှစ်ခုရှိတာကိုး။ နားရွက်နှစ်နေရာ ကြားနိုင်တာကိုး။ ဘယ်ကအသံကို ဘယ်ကကြားမယ်။ ညာကအသံကို ညာကကြားမယ်။ လူဟာ နဖူးထိပ်တည့်တည့်မှာ နားရွက်တစ်ခုပဲရှိမယ်ဆိုရင် Stereo ဆိုတာ ထွက်ပေါ်လာလည်းပဲ ကျွန်တော်တို့လူတွေအတွက် ဘာမှထူးမှာမဟုတ်ဘူး။
Stereo ဆိုတာ ဘာလို့ထွက်လာသလဲဆိုတော့ လူမှာ နားရွက်နှစ်ဘက်ပါလို့ ထွက်လာ တာ။ နားရွက်တစ်ခုပဲပါရင် Mono ပဲ ကျွန်တော်တို့ကြားရမယ်။ အဲဒီ လှိုင်းနှစ်ခုကို ခွဲဖြာပြီး သွားနိုင်တာကို Channel လို့ခေါ်တယ်။ Stereo မှာ Channel နှစ်ခုရှိတယ်။ Mono မှာ Channel တစ်ခုပဲရှိတယ်။ နောက်ပိုင်းကျတော့ Hi-Fi ဆိုရင် Channel လေးခုဖြစ်သွားပြီ။ Front နဲ့ Rear နဲ့။ အခုနောက်ဆုံးပေါ်တဲ့ Dolby ဆိုရင် တစ်ဘက်ကို 8 Channel စီရှိတယ်။ ဆယ့်ခြောက်လိုင်း။ 8 Channel စီ။ အသံတစ်ခုရဲ့ လှိုင်းခုံးအကျယ်ဆိုတာ ဘာလဲ။ ဒီအသံဖြစ်ပေါ်လာတဲ့၊ ဒီအသံကို လှိုင်းအဖြစ် တွန်းထုတ်လိုက်တဲ့အခါမှာ အဲဒီအသံရဲ့ လှိုင်းခုံးကျယ်လေ ဒီအသံရဲ့ပမာဏက ကောင်းလေပဲတဲ့။ လှိုင်းခုံးကျဉ်းလေ အသံရဲ့ပမာဏဟာ နည်းလေ။ အသံဟာ ပျက်စီးလေပဲ။ အဲဒီလိုတွက်ရတယ်။ Frequency ကို KHz တို့ Hz တို့နဲ့တိုင်းရတယ်။ Kilo Hertz ဆိုရင် KHz လို့ရေးတယ်။ Harze ဆိုရင် Hz လို့ရေးတယ်။ KHz ရယ် Hz ရယ်က တစ်ထောင်စီအချိုးရှိတယ်။ KHzကို တစ်ထောင်နဲ့ မြှောက်လိုက်ရင် Hz ရတယ်။ Hz ကို တစ်ထောင်နဲ့စားလိုက်ရင် KHz ရတယ်။ Frequency ကို KHz နဲ့တိုင်းပါတယ်။ ကျွန်တော်တို့တွေ TV ကနေကြားရတဲ့အသံ Quality ဟာ 32 KHz ရှိပါတယ်။ CD Quality က 44.00 KHz ရှိပါတယ်။ Hz ဆိုရင် တစ်ထောင် နဲ့မြှောက်လိုက်တဲ့ အခါကျတော့ 44000 Hz ရတယ်။
မြန်မာ့အသံကနေလာတဲ့ အသံနဲ့ FM ကလာတဲ့အသံ ဘယ်ဟာကပိုကောင်းလဲ။ FM ကပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာ့အသံကနေ လွှင့်ထုတ်တဲ့အသံတစ်ခုဟာ Frequency အရဆိုရင် 22 KHz ရှိပါတယ်။ သူက Mono နဲ့လွှင့်တာ။ FM က Stereo နဲ့ လွှင့်ပါတယ်။ ဒါက ပမာဏတစ်ခု။ ကျွန်တော်တို့တွေ တယ်လီဖုန်းကနေ ကြားရတဲ့အသံ။ အခု ကျွန်တော်ပြောနေတဲ့အသံကို အစ်ကိုကြားတယ်။ ကျွန်တော့်ကို မမြင်ရလည်းဘဲ ကျွန်တော်စကား ပြောတဲ့အသံကိုကြားရင် ဒါဟာ ကိုဝဏ္ဏပြောတဲ့အသံပဲဆိုတာ သိတယ်။ တယ်လီဖုန်းထဲကဆက် ရင်အစ်ကို ချက်ချင်းမသိနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တယ်လီဖုန်းရဲ့ကြိမ်နှုန်းဟာ 8 KHz ပဲရှိတယ်။ နောက်ပိုင်းမှာ အမြင့်ဆုံးအနေနဲ့ Stereo တွေမှာ အသံဖမ်းတဲ့အခါမှာ Hard Disc Recorder တွေနဲ့ဖမ်းတဲ့အခါ 48 KHz ကိုရရှိပါတယ်။ ဒါကတော့ အသံ Quality အကောင်းဆုံး အနေအထားပါ။ Band Width ဆိုတဲ့ အသံတစ်ခုရဲ့ လှိုင်းခုံးအကျယ်ကြီးလေ၊ များလေ၊ ဒီအသံ ဟာအဝေးကြီးကို ရောက်ရှိဖို့ခဲယဉ်းလေပဲ။ FM ဆိုတာ မြို့တော်ခန်းမ အပေါ်ထပ်ကနေလွှင့်တာ။ သူက ရန်ကုန်တစ်မြို့စာပဲ လွှင့်တာ။ FM ကိုထောက်ကြန့်၊ မှော်ဘီရောက်ရင်ဖမ်းလို့မရတော့ဘူး။ မြန်မာ့အသံကျတော့ မြန်မာတစ်နိုင်ငံလုံး ဟိုးပင်လယ်ထဲကနေကအစ ဖမ်းလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအသံက လွှင့်ကတည်းက 22 KHz ပဲရှိတဲ့အပြင်ကို နယ်တွေ နယ်တွေမှာ Booster လို့ခေါ်တဲ့ အဝေးကနေပြီးတော့ တဖြည်းဖြည်းအင်အားနည်းလာတဲ့ Band Width ကလေးကို ထပ်ဆင့်လွှင်ရုံကနေ ဖမ်းယူလိုက်ပြီးတော့ Booster နဲ့၊ အင်အားအကြီးကြီးနဲ့ နောက်တစ်နေရာကို ပြန်ပြီးတော့ လွှတ်ပေးလိုက်တယ်။ ဒါကြောင့်မို့လို့ ထပ်ဆင့်လွှင့်စက်ရုံတွေ နယ်မှာထောင်မှ မြန်မာ့အသံ၊ မြဝတီ လူတွေ ကြည်ကြည်လင်လင် ကြည့်လိုရတယ်ဆိုတာ အဲဒီသ ဘောပဲ။ ရန်ကုန်ကနေ မြဝတီ၊ မြန်မာ့အသံလွှင့်လိုက်တယ်။ မြဝတီ၊ မြန်မာ့အသံလွှင့်တာ ဘယ်ကလွှင့်တာလဲ။ ကမ္ဘာအေးမှာရှိတဲ့ ရေကူးအသံလွှင့် စက်ရုံကနေလွှင့်တာ။
ပြည်လမ်းမှာရှိတဲ့ မြန်မာ့အသံက အသံလွှင့်တာမဟုတ်ဘူး။ သူက ရုပ်သံတွေကို စီစဉ်ပြီး တော့မှ အဲဒီကနေ Master အသံကို ကမ္ဘာအေးမှာရှိတဲ့ ရေကူးအသံလွှင့်စက်ကို တစ်ဆင့်ပေး လိုက်တာ။ ရေကူးအသံလွှင့်စက်ရုံဆိုတာ မိုးမျှော်တိုင်ကြီးတွေ အများကြီးနဲ့ ကွင်းပြင်ကြီး။ အဲဒီက နေမှ အင်အားအကြီးကြီးနဲ့ မြန်မာတစ်နိုင်ငံလုံးကို ပြန်ပြီးတော့ ထုတ်လွှင့်တာ။ အဲဒီထုတ်လွှင့်တဲ့ အခါမှာ Video Audio တွေရဲ့ Wave တွေက ဘယ်လောက်များသလဲဆိုရင် ရိုးရိုးမီးချောင်းတစ် ချောင်းကို အသံလွှင့်တဲ့တိုင်ကြီးတွေအောက်မှာ သွားထားလိုက်ရင် အဲဒီမီးချောင်းဟာ မီးထလင်း တယ်။ အဲဒီလိုကြားဖူးတယ်။ ဒို့ Frequency တွေရဲ့ ပွတ်တိုက်မှုအားဟာ ဘယ်လောက်များသလဲ ဆိုရင် သူက အုံလိုက်ကျင်းလိုက်ကြီးနဲ့ အများကြီးထုတ်လွှင့်လိုက်တယ်။ မြန်မာတစ်နိုင်ငံလုံးကို ရောက်သွားတယ်။ အသံတစ်ခု FM ၊ မြန်မာ့အသံ။ FM ကကျတော့ အသံကောင်းတယ်။ သူက Stereo နဲ့ လွှင့်တာ။ သူက ဘယ်ညာခွဲပြီးတော့ ကြားနိုင်တယ်။ ဒါပေမယ့်လည်း နီးနီးနားနားပဲရောက်တယ်။ မြန်မာ့အသံကျတော့ အဝေးကြီးရောက်တယ်။ ကျွန်တော်တို့ Hand Phone တွေဆိုရင် ဘယ်လို လုပ်မလဲ။ သူက 8 KHz လောက်ပဲရှိတယ်။ ရိုးရိုးလိုင်းဖုန်းနဲ့ အတူတူလောက်ပါပဲ။ ဒါပေမယ့် 8 KHz လေးကို ဖမ်းယူနိုင်ဖို့ကို တိုင်ကြီးတွေ အကြီးကြီးတွေ လုပ်ထားရတယ်။ အဲဒါမှာ Personal တစ်ယောက်စီရဲ့ ဖုန်းတွေထဲကို လိုက်ချိတ်မိမှာကိုး။ ဒီဖုန်းလေးတွေရဲ့ စွမ်းဆောင်ချက်က ဘာမှ မှသိပ်မရှိတာ။ သူက ဆားကစ်လေးတွေက သေးသေးလေးတွေဆိုတော့ မိအောင် အတင်းလိုက် ချိတ်ရတာ။ အချို့တွေက ဖုန်းအကြီးကြီးတွေကိုင်ရင် ဖမ်းယူနိုင်စွမ်း ပိုကောင်းမယ်လို့ထင်တယ်။ မဆိုင်ပါဘူး။

Bit Rate ဆိုတာ ဘာလဲဆိုတော့ လှိုင်းခုံးအကျယ်ကို ဖွဲ့စည်းထားတဲ့ ကျစ်လျစ်သိပ်သည်း ဆပါ။ အဲဒီ ကျစ်လျစ်သိပ်သည်းဆဟာ အရုပ်မှာဆိုရင် Color နဲ့တူတယ်။ Color ရဲ့ ကျစ်လျစ် သိပ်သည်းဆ ဘယ်လောက်ရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ အရုပ်တွေကောင်းသလိုပဲ။ 720 x 480 ရှိနေတာမှန်ပေမယ့် 16.7 Million Of Color မရနိုင်ဘဲနဲ့ Thousand Of Color ဆိုတဲ့ ထောင်ဂဏန်းလောက်ပဲ ပါဝင်တဲ့ Color ဆိုလို့ရှိရင် 16.7 Million Of Color နဲ့ Thousand Of Color နဲ့ အရုပ်ချင်းမတူနိုင်တော့ဘူး။ Pixel တစ်ခုချင်းစီမှာပါဝင်နိုင်တဲ့အရောင် တွေကို Thousand Of Color ဆိုလို့ရှိရင် အနီးစပ်ဆုံး ဆွဲဆွဲပြီးတော့ ယူလိုက်တော့မှာ။ 16.7ဆို တာကျတော့ Free ဖြစ်နိုင်တယ်။ အဲဒီသဘောမျိုးပဲ Bit Rate ဆိုတာလည်း သူ့မှာပါဝင်တဲ့ ကျစ်လျစ်သိပ်သည်းဆကို မူတည်ပြီး အသံတစ်ခုဟာကောင်းလား၊ မကောင်းလားဆိုတာကိုပြော တာ။ Standard Bit Rate က ဘယ်လောက်ရှိသလဲဆိုရင် 16 Bit ရှိတယ်။ 8 Bit ဆိုတာ 1 Channel အတွက်ဆို 8 Bit ရှိတယ်။ 8 Bit ဆိုတာ Mono အတွက်သုံးတာ။ 16 Bit က Stereo အတွက်သုံးတာ။ Channel ကနှစ်ခုပေါ။ Stereo နဲ့ Mono နဲ့။
ပြည့်စုံကောင်းမွန်မှုရှိတဲ့ အသံတစ်ခုရဲ့ Properties ကိုချရေးကြည့်လိုက်တဲ့အခါ 44 KHz, 16 Bit, Stereo တဲ့။ Bit Rate နဲ့ Frequency ဟာ ဘယ်လိုသိသာနိုင်သလဲဆိုတော့ ဥပမာတစ်ခု ပေးမယ်။ မြို့ထဲလမ်းမမှာ အရမ်းလူရှုပ်နေတဲ့နေရာမှာ ခရီးတစ်ခုကို လူပိန်ပိန်လေးတစ်ယောက်နဲ့ လူဝဝကြီးတစ်ယောက်၊ နှစ်ယောက်ပြိုင်သွားမယ်။ ဘယ်သူအရင်ရောက်မလဲ။ လူပိန်ပိန်လေးက အရင်ရောက်မယ်။ လူဝဝကြီးက နောက်မှရောက်မယ်။ အဲဒီသဘောပါပဲ။ Frequency နည်းလေ အဝေးကြီးကိုရောက်ဖို့ မြန်လေ၊ Frequency များလေ အဝေးကြီးကိုရောက်ဖို့ နှေးလေဖြစ်ပါ တယ်။ ဒါပေမယ့် တစ်ခါ လူဝဝကြီးနှစ်ယောက်မှာ ခွန်အားဗလကြီးမားပြီးတော့ ထွားကြိုင်းနေတဲ့ လူဝဝကြီးနဲ့ ဝက်သားတွေချည်းပဲစားပြီးတော့ အဆီလွန်နေတဲ့ လူဝဝကြီးနှစ်ယောက်မှာဆိုရင် ဘယ်သူကပို ကျန်းမာမလဲ။ ခွန်အားဗလရှိတဲ့သူက ပိုကျန်းမာမယ်။ အဲဒီသဘောမျိုးပါပဲ။ ကျစ်လျစ် သိပ်သည်းဆဆိုတာ လူဝဝကြီးနှစ်ယောက်ရဲ့ အသားအရည်ကျစ်လျစ်သိပ်သည်းဆ ကွာသလိုပဲ Bit Rate များတဲ့သူက ပိုပြီးတော့ ကျန်းမာတဲ့သဘောပဲ။ အသံဟာလည်း Bit Rate များတဲ့ဟာက ပိုပြီးတော့ကောင်းပါတယ်။ Channel ကတော့ Stereo ဆိုရင် လုံလောက်ပါပြီ။ ကျွန်တော်တို့ ရုပ်ရှင်ကိုကြည့်တဲ့အခါမှာ TV ကြည့်တဲ့အခါမှာ Hi – Fi တွေ Dolby တွေလုပ်ထားပေမယ့်လည်း ဘယ်သူမှ Hi – Fi တွေ Dolby တွေကို မခံစားနိုင်ပါဘူး။ အခုရုပ်ရှင်ရုံတွေမှာ ထားထားတဲ့ Dolby Surround System ဆိုတာ မြန်မာကားတွေကြည့်လည်း ဘာမှမထူးပါဘူး။ ဒီအတိုင်းပဲ။ အင်္ဂလိပ်ကား ကြည့်မှ နည်းနည်းခံစားရတာ။ အင်္ဂလိပ်ကကျတော့ Mix Down ဆွဲကတည်းက Hi – Fi အတွက်ဆို Hi – Fi အတွက်၊ Dolby အတွက်ဆို Dolby အတွက် သက်သက် တစ်ခါတည်း ဆွဲတာပါ။ အဲဒီတော့ ကောင်းမွန်တဲ့ အသံတစ်ခုဆိုတာ 44 KHz, 16 Bit, Stereo ရှိပါတယ်။
နည်းနည်းလေး ပြန်တွေးကြည့်ရအောင် အရုပ်တစ်ခုဟာ Frame Rate, Frame Size သူ့ရဲ့ Compressor သူ့ရဲ့ Data Rate, သူ့ရဲ Color Mode, သူ့ရဲ့ Resolution, သူ့ရဲ့ Audio မှာဆိုရင် frequency, Bit Rate, Channel ။ အကောင်းဆုံး ရုပ်သံ Clip တစ်ခုရဲ့ Quality ကိုတိုင်း ကြည့်ရအောင် Compressor ကတော့ Any How ကြိုက်သလိုဖြစ်နိုင်ပါတယ်။ Frame Rate ဟာ NTSC ဆိုရင် ဘယ်လောက်ရှိမလဲ။ ၂၉.၉၇ ရှိနေရမယ်။ Frame Size က အနည်းဆုံး 720 x 480 ရှိရမယ်။ Data Rate ကတော့ Quality မကျအောင် Standard Data Rate က 4.5 MB/s ရှိရမယ်။ Color Mode ဟာ RGB ဖြစ်ရမယ်။ Resolution က တစ်လက်မပတ်လည်ကို 72 Pixel ရှိတယ်။ 72 Pixel per Inch ရှိရမယ်။ Frequency အနည်းဆုံး 44 ရှိရမယ်။ Bit Rate က 16 ရှိရမယ်။ Channel က Stereo ဖြစ်ရမယ်။ Hard Disc ထဲကို ဝင်ရောက်သွားတဲ့ ကိုယ် Editing လုပ်မယ့် Clip တစ်ခုကို တိုင်းကြည့်လိုက်လို့ အဲဒီအရည်အချင်းတွေနဲ့ ပြည့်စုံတယ်ဆိုရင် အဲဒီ Clip ဟာ Quality ကောင်းတယ်လို့ ယူဆလို့ရတယ်။