Sunday, September 7, 2008

Post-production

အဲဒီတော့ ပြန်ဆက်ရရင် ခုနတုန်းက ကိုယ့်ဆီကို ရိုက်ကူးထားတဲ့အခွေရယ်၊ Story Board ဆိုတဲ့ ရိုက်ညွှန်းရယ်ရောက်လာမယ်။ အဲဒီဟာကို ဘာစလုပ်မလဲ။ ဘာစလုပ်မလဲလို့မပြောခင်မှာ Editing House တစ်ခုဟာ ဘယ်လိုစပြီးတော့ ဖွဲ့စည်းသလဲ။ ကျွန်တော်တို့ဟာ ဘာကိုအခြေခံပြီး တော့လုပ်တာလဲ။ အရိုးရှင်းဆုံးအားဖြင့် ဘာတော့ရှိရမှာလဲ။ ကွန်ပျူတာ တစ်စုံတော့ရှိရမယ်။ အဲဒီ ကွန်ပျူတာထဲကို အခု Training လုပ်နေတဲ့ Movie Clip လေးတွေ တွေ့မှာပေါ့။ ဒီလို Movie Clip လေးတွေကို၊ ကိုယ်က ရိုက်ကူးထားတဲ့အခွေကို အဲဒီ ကွန်ပျူတာထဲကို မောင်းထည့်ချင်နေတယ်။ အဲဒီမှာ ဘာပစ္စည်းလိုလာသလဲဆိုတော့ နံပါတ်တစ်အရေးကြီးဆုံးက Video Capture Card ။ နှစ်မျိုးရှိပါတယ်။ မရောပါစေနဲ့။ Video Capture Card နဲ့ VGA Card ဆိုပြီးတော့ နှစ်မျိုးရှိပါ တယ်။ VGA Card ဆိုတာ Mother Board ထဲမှာဖတ်နေတဲ့ Graphic Display တွေကို Monitor ပေါ်ကို တင်ပေးတဲ့အလုပ်ကိုလုပ်တာပါ။ Video Capture Card နဲ့ Nature ချင်းမတူပါဘူး။ သူဟာ Output သက်သက်ပဲ ဖြစ်ပါတယ်။ သူ့မှာ Input မပါပါဘူး။ Monitor ပေါ်မှာ ကြည့်လို့ ရတယ်။ ကျွန်တော်တို့တွေ Power Point တွေဘာတွေနဲ့ ကျောင်းတွေမှာ Presentation လုပ်လို့ရှိရင် TV ပေါ်မှာ ဘာတွေတင်ကြည့်ဖို့အတွက်ကို Monitor ထိုးတဲ့ဘေးမှာ RCA Video အပေါက်လေးတစ်ပေါက်ပါတယ်။ အဲဒါလေးနဲ့ TV ပေါ်ကို ထိုးတင်လိုက်လို့ရှိရင် ကွန်ပျူတာမှာ လည်းမြင်ရတယ်၊ TV မှာလည်းမြင်ရတယ်။ တွေ့ဖူးမှာပေါ့။ Power Point တွေ ဘာတွေလုပ်တာ။ အဲဒါက VGA Cardလို့ခေါ်ပါတယ်။ AGP Card လို့လည်း ခေါ်ပါတယ်။
Video Capture Card တစ်ခုဝယ်လို့ရှိရင် Unit နှစ်မျိုးပါပါလိမ့်မယ်။ နံပါတ်တစ် ယူနစ်က Video Capture Card ရဲ့ Board ပါ။ အဲဒီ Board ဟာ ကေဇင်ထဲမှာ သွားပြီးတော့ စိုက်ရပါတယ်။ အဲဒီ Board နဲ့ ကေဇင်ထဲမှာ စိုက်ထားတဲ့ Board နဲ့ အပြင်က Unit တစ်ခုနဲ့ကို ကြိုးကြီး အကြီး ကြီးတစ်ချောင်းနဲ့ ဆက်သွယ်ထားပါတယ်။ အပြင်က Unit က ဘာလဲဆိုတော့ Breakout Box လို့ခေါ်တယ်။ သူ့ရဲ့ လုပ်ငန်းစဉ်ဟာ ဘာလဲ။ ခုနတုန်းက ဒါရိုက်တာကပေးလိုက်တဲ့ ရိုက်ခွေတွေ ကိုထည့်ပြီးတော့ မောင်းဖို့အတွက် အပြင်မှာ Player Recorder တွေ၊ တကယ့်အခေါ်အဝေါ်ကျ တော့ သူ့ကို VCD လို့ခေါ်ပါတယ်။ Video Cassette Recorder လို့ ခေါ်ပါတယ်။ Recording မပါတဲ့ Device တွေကို VCP လို့ခေါ်ပါတယ်။ Video Cassette Player ပါ။ အချို့က Only Player ဖြစ်ပါတယ်။ Toshiba က ထုတ်တဲ့ C1 ဆိုတဲ့ အောက်စက်လေးဟာ Only Player ပါ။ Recording လုပ်လို့မရပါဘူး။ သူ့ကို VCP လို့ခေါ်ပါတယ်။ အဲဒီထဲကို ပြန်ပြီး Recording လုပ်လို့ရတဲ့ ဟာကို ကျတော့ VCR လို့ခေါ်ပါတယ်။ အဲဒီ VCD ကနေပြီးတော့ မောင်းလိုက်တဲ့ ရုပ်သံစီးကြောင်းတွေ ဟာ အဲဒီ Breakout Box ထဲမှာ သွားပြီးတော့ Plug တွေကို ထိုးရတယ်။ အိမ်သုံး ဗီဒီယိုအောက် စက်တစ်ခုကနေပြီးတော့ တီဗွီကိုဆက်သွယ်တဲ့အခါမှာ ကြိုးလေးတွေ တွေ့ဖူးတယ်မဟုတ်လား။ ဘယ်နှစ်ချောင်ပါလဲ။ သုံးချောင်းပါတယ်။ ဘာအရောင်တွေလဲ။ အဝါရယ်၊ အဖြူရယ်၊ အနီရယ်။ အဝါက ဗီဒီယို၊ အဖြူက Audio Left နဲ့ Right ။ ဒါက Stereo Hi-Fi ကြိုးလို့ခေါ်တယ်။ အချို့ TV တွေက Mono TV ဆိုတာ ရှိတယ်။ သူက အဝါတစ်ကြိုးရယ်၊ အဖြူတစ်ကြိုးရယ်ပဲ ပါတယ်။ သူက အသံစနစ်ကို ဟိုဘက်ဒီဘက်ခွဲပေးလို့ မရဘူး။ တစ်လိုင်းတည်းပဲဝင်တာကိုး။ နှစ်ကြိုးပဲပါတယ်။ အဲဒီတော့ အဲဒီ VCR ကနေပြီးတော့ ကြိုးတွေနဲ့ ထွက်သွားလိုက်တာ အဲဒီ Breakout Box ထဲကို အဲဒီကြိုးတွေသွားတပ်လိုက်တယ်။ ဒီကနေ အရုပ်တွေကို Play လိုက်တယ်။ ရုပ်သံစီးကြောင်းတွေ က ဒီလိုလာတယ်။ Breakout Box ထဲကို ဝင်တယ်။ ဝင်ပြီးတော့မှ Breakout Box ကနေ တစ်ဆင့် အထဲမှာစိုက်ထားတဲ့ Card ထဲကို သွားတယ်။ အဲဒီအထိ ရောက်သွားပြီ။ အဲဒီ Card ရဲ့ အလုပ်ဟာ ဘာလဲ။ အခုနတုန်းက Breakout Box ရဲ့ အလုပ်ကတော့ ရုပ်သံကြိုးတွေကို လက်ခံပေးတာ။ ဒီ Card ကိုရောက်လာပြီ၊ ဒီ Card ရဲ့ အလုပ်ကဘာလဲဆိုတော့ ကျွန်တော်တို့ ကွန်ပျူတာထဲမှာ ရှိနေတဲ့ Hard Disc ဆိုတဲ့ ပစ္စည်းလေးထဲကို Digital Data File အဖြစ်ရောက် သွားအောင်လို့ Transfer လုပ်ပေးလိုက်တာ။ သိမ်းပေးလိုက်တာ။ သိမ်းပေးလိုက်တဲ့ အချိန်မှာ Hard Disc ထဲကို Icon တွေအနေနဲ့ Movie Clip တွေ ဝင်လာတယ်။
ကိုယ်စပြီးတော့ ဖမ်းတဲ့အချိန်၊ ကိုယ်ဖမ်းတာကို ရပ်လိုက်တဲ့အချိန်၊ ကြာမြင့်တဲ့အချိန် အတိုင်းအတာအလိုက်။ ဥပမာ ကိုယ်က ဆယ်စက္ကန့်စာ ဖမ်းလိုက်ရင် ဆယ်စက္ကန့်စာ Movie Clip တစ်ခု ၊ သုံးမိနစ်ဆက်တိုက် ဖမ်းလိုက်ရင် သုံးမိနစ်စာ Movie Clip တစ်ခု၊ တစ်နာရီဆက်တိုက်ဖမ်း ရင် တစ်နာရီစာ Movie Clip တစ်ခုဆိုပြီးတော့ အဲဒီလို Movie File တွေဟာ Hard Disc ထဲကို ရောက်သွားတယ်။ အဲဒီတော့ အဲဒီ Card ကနေ Hard Disc ထဲကို ရောက်သွားပြီ။ အဲဒီ Movie File တွေကိုမှ ကျွန်တော်တို့က Application လို့ခေါ်တဲ့ Editing လုပ်တဲ့ Software တွေ၊ Animation လုပ်တဲ့ Software တွေနဲ့ ပြန်ပြီးတော့ ကျွန်တော်တို့က အလှဆင်ရတာ။ Editing လုပ်တယ်ဆိုရင် လဲ Premiere ထဲမှာ ဖြတ်လိုက်၊ တောက်လိုက်၊ အသံလေးတွေစီလိုက်၊ Transition လေးတွေထည့်လိုက်နဲ့ ကျွန်တော်တို့ဟာ ပြင်ဆင်မှုတွေလုပ်ရတာ။ အဲဒီ Movie Clip တွေကို ယူပြီးလုပ်ရတာ။ အဲဒီ Movie Clip တွေလုပ်ပြီးတဲ့အချိန်မှာ ဒီ Movie Clip တွေကို Software နဲ့ ဆွဲယူပြီးတော့ ကိုယ်လုပ်ချင်တာတွေ လုပ်လိုက်ပြီ။ လုပ်လိုက်ပြီးလို့ရှိရင် Output ကိုဘယ်လိုပြန်ပြီးတော့ ထုတ်မှာလဲ။ ဘာအတွက်ပြန်သွားမှာလဲ။ ဥပမာ ခုနတုန်းက ကျွန်တော် ပြောတဲ့ White Board ကြော်ငြာဆိုရင် Customer ကိုပြတော့ ဘာနဲ့ပေးရသလဲဆိုတော့ ရိုးရိုး အိမ်သုံး ဗီဒီယိုခွေနဲ့ ပေးလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ Customer ရဲ့ အိမ်မှာ အိမ်သုံးဗီဒီယို အခွေမောင်းတဲ့ စက်ကတော့ရှိနိုင်တယ်။ အခုဆိုရင် VCD မောင်းတဲ့စက်ဆိုရင် အယောက်တစ်ရာ မှာ VCD စက်ရှိတယ်။ VCD အနေနဲ့လည်း ပြန်ထုတ်ပြီးတော့ ပေးလို့ရတယ်။ ရိုးရိုးအခွေနဲ့လည်း ပြန်ထုတ်ပြီးပေးလို့ရတယ်။
ဒါပေမယ့် အဲဒီ File ကို File အလိုက် ပြန်ထုတ်ပြီးတော့ ပေးရင်ကော အခြားကွန်ပျူတာမှာ ပြန်ထုတ်ပြီးတော့ ကြည့်လို့ရနိုင်သလားဆိုတဲ့ မေးခွန်းရှိတယ်။ မေးလို့ရတယ်။ Customer က အိမ်မှာ ကွန်ပျူတာရှိတဲ့အတွက် ကွန်ပျူတာထဲမှာဆက်တဲ့ ကြော်ငြာကို ကွန်ပျူတာထဲမှာပဲ ကြည့်ချင်တယ်၊ အဲဒါ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလားဆိုတော့။ မဖြစ်နိုင်ပါဘူး။ အဲဒါဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့တွေ သုံးနေကြတဲ့ Training အတွက်လုပ်ထားတဲ့ Movie လေးတွေ၊ Premiere မှာဆိုရင် Ferry.mov ဟာ ဒီကနေ ဒီလိုထုတ်လိုက်တယ်၊ ဒီကနေ ဟိုဘက်ကိုကူးလိုက် တယ်။ ကြိုက်တဲ့နေရာမှာ ဖွင့်ကြည့်လို့ရတယ်။ ကြိုက်တဲ့နေရာမှာ ဖွင့်ကြည့်လို့ရအောင် လုပ်ထားတာ။ အဲဒါ ဖွင့်ကြည့်လို့ရတာပါ။ အဲဒီဟာရဲ့ အခြေခံအရင်းအမြစ်က ဘာလဲဆိုတော့ Compressor လို့ခေါ်တယ်။ Compress လုပ်တယ်ဆိုတာ ဘာလဲဆိုတော့ ထုထည်တစ်ခုကို ယူပြီးတော့ အလွန်ကျစ်လျစ်သိပ်သည်းတဲ့ ထုထည်တစ်ခုအဖြစ် ဖိနှိပ်ပြီးတော့မှ အင်အားပြင်းစွာ နဲ့ပြန်ပြီးတော့ ထုတ်ပေးလိုက်တာ။ ရေဆိုရင် ရေစက်ရဲ့ Compressor ဟာဘာလဲဆိုတော့ ရေ Volume တွေကို စုလိုက်တယ်၊ အလွန်ကျစ်လျစ် သိပ်သည်းအောင်လုပ်ပြီးတော့ တစ်ဖက်ကနေ ပြန်ပြီးတော့ ဖွင့်ပေးလိုက်တာ။ အရမ်းကို Volume က တင်းကျပ်နေတဲ့အခါကျတော့ တစ်ဘက်ကို အရှိန်ပြင်းစွာနဲ့ တက်သွားတာ။ လေဆိုတာလည်း အဲဒီလိုပဲ။ လေတွေရွှီးဆို ထွက်နေတာ။ ပြင်ပ မှာရှိနေတဲ့ လေဟာ အဲဒီလိုရွှီးဆို တိုက်နေတာလား။ မတိုက်ဘူး။ Aircon တို့ဘာတို့က လေတွေဆိုရင် တအားကိုထွက်နေတာ။ အဲလိုမျိုးလုပ်ပေးတဲ့ ပစ္စည်းကို Compressor လို့ခေါ် တယ်။ အဲဒါကတော့ အပြင်မှာလက်နဲ့ ကိုင်တွယ်ထိတွေ့လို့ရတယ်။ ဒီက Compressor ကျတော့ Programming နည်းပညာနဲ့ရေးထားတဲ့ File လေးတစ်ခုသာ ဖြစ်ပါတယ်။
Compressor ရဲ့ အလုပ်က ဘာလဲဆိုတော့ Hard Disc ထဲကို Digital Data File အဖြစ်ရောက် သွားအောင် တွန်းပို့ပေးတဲ့ ပစ္စည်းပါ။ Compressor ဟာ မိခင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Hard Disc ထဲကို ရောက်လာတဲ့ File တစ်ခုဟာ သူ့ရဲ့ မူရင်း Compressor ရဲ့ ထိန်းချုပ်မှု အောက်မှာရှိပါတယ်။ ဥပမာ Video Capture Card အမျိုးအစားတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ ကုမ္ပဏီမှာသုံးတဲ့ Capture Card ဆိုရင် Canopus လို့ခေါ်တယ်။ Canopus ကုမ္ပဏီကထုတ်တဲ့ Canopus Version Strom 2 ဆိုတဲ့ Version ပါ။ Canopus ကုမ္ပဏီဟာ သူ့ရဲ့ Compressor နာမည်က ဘာလဲဆိုတော့ Canopus DV NTSC ။ ဒါဟာ သူ့ရဲ့ Compressor နာမည်။ ခုနတုန်းက တွန်းပို့ပေးတဲ့ File ဟာ Hard Disc ထဲကို ရောက်သွားလို့ရှိရင် သူ့ရဲ့ မိခင် Compressor ဟာ Canopus DV NTSC နဲ့ ဖြစ်ပါတယ်။ သူ့ကိုပြန်ပြီးတော့ ဒီကွန်ပျူတာမှာ ဖွင့်ကြည့်လို့ရတယ် ဆိုတာကလည်း သူ့ရဲ့ မိခင် Compressor ဖြစ်တဲ့ Canopus DV NTSC ဟာ ဒီစက်ထဲမှာ တစ်ခါတည်း Install လုပ်ပြီးသား ဖြစ်လို့သာလျှင် အဲဒီအရုပ်တွေကို ပြန်ပြီးတော့ ဖတ်ကြည့်လို့ရတာပါ။ အဲဒီအရုပ်ကို ခုနတုန်းက Movie Icon ကိုယူပြီးတော့ တခြားစက်ထဲမှာ ထည့်လိုက်ရင် ဘာဖြစ်လို့ ဖွင့်ကြည့်လို့မရလဲဆိုတော့ အဲဒီစက်ထဲမှာ Canopus DV NTSC မရှိလို့ဘဲ။ သူ့ရဲ့မိခင်၊ သူ့ရဲ့ အရင်းအမြစ်မရှိလို့ဘဲ။ ဘာကြောင့်မို့လို့ Compressor တွေ လိုအပ်တာလဲ။ Compressor တွေရဲ့ အလုပ်က ဘာလဲဆိုတော့ နံပါတ်တစ်က Quality ။ သူလိုအပ်တဲ့ Quality အတိုင်းအတာကို ပေးစွမ်းနိုင်ရမယ်။ နံပါတ်နှစ်က File Size ကို အတတ်နိုင် ဆုံး နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ အဲဒီတော့ Canopus ကုမ္ပဏီ ကထုတ်တဲ့ Canopus DV NTSC ဆိုတဲ့ Compressor ရယ်၊ နောက်တစ်ခုက Matrox ဆိုတဲ့ ကုမ္ပဏီ ကထုတ်တဲ့ Matrox DV NTSC ဆိုတဲ့ Compressor ရယ် နှစ်ခု။ အစ်ကို့စက်ထဲမှာ Canopus ရှိတယ်။ ညီမ စက်ထဲမှာ Matrox ရှိတယ်။ ဒီရိုက်ခွေထဲက အရုပ်တစ်ခုကို အစ်ကို့စက်ထဲမှာလည်း ဆယ်စက္ကန့် စာဖမ်းလိုက်တယ်။ ညီမစက်ထဲမှာလည်း ဒီ Matrox တပ်ပြီးတော့ ဆယ်စက္ကန့်စာ ဖမ်းလိုက်တယ်။ ပြီးတော့ အဲဒီအရုပ်နှစ်ခုကို TV ပေါ်တင်ကြည့်လိုက်တယ်။ တင်ကြည့်လိုက်တဲ့အခါမှာ ရိုက်ခွေထဲ မှာရှိနေတဲ့ အရုပ် Quality လိုမျိုးပဲ မကျဘဲ နှစ်ယောက်လုံးမှာ Quality အတူတူထွက်တယ်။ ဗီဒီယိုအခွေကို ထိုးကြည့်လိုက်တယ် Quality ကောင်းတယ်။ အဲဒီအတိုင်းပဲ ဒီမှာ Capture လုပ်ပြီးတော့မှ ကွန်ပျူတာထဲကနေ Breakout Box ကနေပြီးတော့မှ တီဗွီပေါ်ကို ပြန်ထွက်သွား တာ။ Time Line ပေါ်မှာ Play လုပ်လိုက်တာနဲ့ ဒီတီဗွီပေါ်မှာ အဲဒီအရုပ်ကတက်နေတာ။ ဒါဟာ Video Capture Card ရဲ့ လုပ်ငန်းစဉ်ပဲ။ ဝင်လည်း ဝင်တယ်။ ပြန်မောင်းလို့ရှိရင်လည်း ထွက်တယ်။ အဲဒီလို ကြည့်လိုက်တဲ့အခါမှာ အရုပ်က Quality က အတူတူပဲ။ ဆယ်စက္ကန့်စီပဲ။ အစ်ကိုလည်း ဆယ်စက္ကန့်။ ညီမလည်း ဆယ်စက္ကန့်စီပဲ။ ဒါပေမယ့် File Size နှစ်ခု ယှဉ်ကြည့် လိုက်တဲ့ အခါကျတော့ ညီမရဲ့ အရုပ်က 15 Megabyte ရှိတယ်။ အစ်ကို့ရဲ့ အရုပ်က 10 Megabyte ရှိတယ်။ အဲဒီလို ကိုယ်က သိထားပြီဆိုရင် အစ်ကိုက Canopus နဲ့ Matrox နှစ်ခုရဲ့ အကြောင်းအရာကို အဲလိုသိထားတယ်။ အစ်ကို Editing ခန်းတစ်ခု တည်ထောင်မယ်ဆိုရင် ဘယ်လို Card ဝယ်မလဲ။ 10 Megabyte ရတဲ့ Card ကိုဝယ်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ Hard Disc Space က စကားပြောတယ်လေ။ တစ်ဆခွဲကွာတယ်။ Quality အတူတူပဲနော်။ ဈေးနှုန်းချင်း လည်းတူတယ်။ Canopus က သိန်းနှစ်ဆယ်ပေးရတယ်။ Matrox ကလည်း သိန်းနှစ်ဆယ်ပေးရ တယ်။ ဒါပေမယ့် ဒီ Canopus ရဲ့ လုပ်ဆောင်ချက်ဟာ File Size မှာကျတော့ သေးနေတယ်။ အဲဒါဆိုရင် Canopus ပဲဝယ်မှာပေါ့။ နောက်တစ်ခုက အစ်ကိုတို့ နှစ်ယောက်ဟာ အိမ်နီးနားချင်း လည်းဖြစ်နေတယ်။ အစ်ကိုက အခက်အခဲရှိရင် ဒီအစ်ကိုဆီမှာသွားလုပ်လို့ရတယ်။ ဒီအစ်ကိုက အခက်အခဲဖြစ်ရင် ဒီအစ်ကိုဆီမှာလာလုပ်လို့ရတယ်။ ဘာကြောင့်လဲ။ သူတို့ဝယ်လိုက်တဲ့ Compressor မူရင်းတွေက အတူတူပဲဖြစ်လို့ပဲ။ ဒီအစ်ကို့စက်ထဲက File ကိုယူပြီးတော့ ဒီအစ်မ စက်ထဲမှာ ဖွင့်လို့မရဘူး။ ဒီညီမစက်ကနေလည်း ဒီဘက်စက်မှာ လာပြီးဖွင့်လို့မရဘူး။ အဲဒီ အတွက် နောက်ဆုံးကျတော့ ဘာဖြစ်သလဲဆိုတော့ Canopus ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းတွေသာ လျှင် ရောင်းအားကောင်းသွားတယ်။
အဲဒါဘာလဲဆိုတော့ Compressor တွေရဲ့ အနှစ်သာရပဲ။ Compressor တွေရဲ့ မူရင်း အကြောင်းအရာတွေပဲ။ ဘာကြောင့် Compressor ဆိုတာဖြစ်လာတာလဲဆိုတော့ ဒီကုမ္ပဏီတွေက သူ့ရဲ့ Product တွေကို ရောင်းရချင်လို့ Compressor တွေကို ခွဲလိုက်တာပဲ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဗီဒီယိုကတ်တွေဟာ Compressor တစ်ခုတည်းနဲ့ Quality ကလည်း အတူတူပဲ။ File Size ကလည်း အတူတူပဲဆိုရင် လူတိုင်း ဗီဒီယိုကတ်ထုတ်တဲ့ လုပ်ငန်းကိုလုပ်နေကြတော့မှာပေါ့။ ဝယ်လို့ရှိရင်လည်း ကုမ္ပဏီတွေနာမည် ရွေးဝယ်စရာမလိုဘူး။ လမ်းဘေးမှာ ဗီဒီယိုကတ်လို့ မေးဝယ်လိုက်ယုံပဲ။ အဲဒီလို ဖြစ်သွားမှာ စိုးတဲ့အတွက်ကြောင့် သူ့အစွဲနဲ့ သူ့အစွဲနဲ့ရှိတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ နာမည်အကြီးဆုံး အီလက်ထရောနစ် ကုမ္ပဏီကဘာလဲ။ Sony ပေါ့။ ဟိုးအစောကြီးကတည်းက Sony ပစ္စည်းတွေကိုပဲ ကျွန်တော်တို့ မျက်စိမှာတွေ့နေတာကိုး။ Sony TV ၊ Sony အောက်စက်၊ Sony ကက်ဆက်။ Sony TV နဲ့ Sony အောက်စက်ဟာ Remote တစ်ခုတည်းနဲ့ သုံးလို့ရတယ်။ ကိုယ့်မှာ Sony TV ရှိပြီးသားဆိုရင် Sony အောက်စက်ပဲ ဝယ်မှာ ပေါ့။ Remote တစ်ခုတည်းနဲ့ သုံးလို့ရတယ်လေ။ Remote Control ပျောက်သွားရင် TV Remote နဲ့က အတူတူပဲသုံးလို့ရတယ်ဆိုရင် သုံးမှာပေါ့။ နောက်ပိုင်း Remote တွေက အစ်ကို တို့တော့ မသိဘူး။ ကျွန်တော်တို့ဆီမှာရှိတဲ့ Remote တွေက တီဗွီလည်းဖွင့်လို့ရတယ်။ အောက်စက်လည်း ဖွင့်လို့ရတယ်။ တီဗွီဖွင့်တဲ့ ခလုတ်တွေလည်းပါတယ်။ အောက်စက်ဖွင့်တဲ့ ခလုတ်တွေလည်းပါတယ်။
အဲဒီလိုမျိုး ကုမ္ပဏီစွဲတွေပေါ့။ Brand ပေါ်မှာ မူတည်ပြီးတော့ Compressor တွေဟာ တစ်ခုနဲ့ တစ်ခု ပြိုင်ဆိုင်လာကြတာပါ။ နောက်နှစ်နှစ်လောက်မှာ Canopus ကိုကျော်ပြီးတော့ ဒီထက်ကောင်းတဲ့ ကုမ္ပဏီအသစ်တစ်ခုဟာ Compressor တစ်ခုကို ရဲရဲဝံ့ဝံ့ကြော်ငြာလိုက်တယ်။ ကျွန်တော့် Compressor ဟာ Canopus လိုပဲကောင်းပါတယ်။ ဒါပေမယ့် Canopus ထက်ကို File Size က တစ်ဝက်လျော့ပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ အဲဒီကုမ္ပဏီကထုတ်တဲ့ ပစ္စည်း တွေကို လိုက်ဝယ်ဖို့ ကြိုးစားကြတော့မယ်။ အဲဒါကြောင့်မို့လို့ Compressor ဆိုတာ ပေါ်လာတာ ပါ။ Compressor မှာ နှစ်မျိုးရှိတယ်။ ခုနတုန်းက ကျွန်တော်ပြောတဲ့ သီးသန့်ဖြစ်သော Compressor တွေဟာ ကျွန်တော်တို့ဆိုရင် Stand Lone Compressor သို့မဟုတ် Individual Compressor ဆိုပြီးတော့ ခေါ်ကြတယ်။ Universal Compressor တွေလည်းရှိတယ်။ Universal Compressor ဆိုတာ အများဆုံးသုံးလို့ရတဲ့ Compressor ။ Quick Time တို့၊ Microsoft Video တို့။ ဒါတွေက ဒီမှာ Window XP တက်လိုက်တယ်ဆိုရင် Window XP မှာ Default ပါပြီးသား။ အဲဒီလိုမျိုး universal Format တွေလည်းရှိတယ်။ ဥပမာအားဖြင့် DTP ဆိုင်တစ်ခုမှာ ကိုယ်ကစာ ရိုက်နေတယ်။ Page Maker 6.5 Version နဲ့ စာရိုက်နေတဲ့ဟာက တစ်ဝက်လောက်မှာ ရပ်သွား တယ်။ အဲဒီဆိုင်က မီးပျက်သွားတယ်။ ကိုယ်ကအရေးကြီးနေတယ်ဆိုရင် ချက်ချင်း Disc Card နဲ့ အဲဒီဖိုင်ကိုကူးပြီးတော့ နောက်တစ်ဆိုင်ကို ပြေးလို့မရဘူးလား။ ရတယ်။ ဘာဖြစ်လို့လဲ။ အဲဒီ File Format ဖြစ်တဲ့ Page Maker 6.5 ဆိုတဲ့ Format နေရာတိုင်း ၊ စက်တိုင်းမှာရှိတယ်။ ဟိုဘက်က Page Maker File ကို ဒီဘက်မှာလာဖွင့်လို့ရတယ်။ ဒါဟာဘာလဲဆိုတော့ အဖြေပဲ။ အဲဒါမျိုးက Universal Format လို့ခေါ်တယ်။ ပြီးတော့ JPEG တို့၊ TIFF တို့၊ Photoshop , PSD တို့။ ဒါတွေဟာ Graphic လောကတွေ၊ DTP လောကတွေဟာ သိပ်ကိုကျယ်ပြန့်တယ်။ ကျွန်တော်တို့ ဗီဒီယိုလောကနဲ့ မတူဘူး။ ဗီဒီယိုလောကဟာ အလွန်တရာမှ ကျဉ်းမြောင်းလှတယ်။ သူ့မှာရှိတဲ့ စက်တွေကလည်း သူ့အစွဲနဲ့သူ။ ဘယ်လောက်တောင် ဆိုးရွားသလဲဆိုတော့ Sony ထုတ်လိုက် တဲ့ Digital Video Camera နဲ့ Panasonic က ထုတ်လိုက်တဲ့ Digital Video Camera နဲ့ ရိုက်တဲ့ အခွေချင်း၊ အသုံးပြုပုံချင်း အကုန်လုံး အတူတူပဲ။ ဒါပေမယ့် Sony က ရိုက်တဲ့ဟာကို Panasonic အောက်စက်မှာ ပြန်ဖွင့်လို့မရဘူး။ ဘာကြောင့်လဲ၊ အဲဒီလိုပဲ ဒီလိုဗီဒီယိုပစ္စည်းတွေက အရမ်းဈေး ကြီးတာ။ လက်ကိုင် ဗီဒီယိုလေးတစ်လုံးတောင် ဆယ်သိန်းလောက်ရှိတယ်။ Video Capture Card ဆိုတဲ့ဟာလေးကလည်း ကြည့်လိုက်ရင် ပုံးကလေးပဲရှိတယ်။ သိန်းနှစ်ဆယ်လောက်ရှိတယ်။ စက်တစ်လုံးထက် အများကြီးတန်ဖိုးကြီးတယ်။ ကွန်ပျူတာရှိရုံနဲ့ Editing ခန်းထောင်လို့မရပါ။ Video Capture Card တစ်ခု ကောင်းကောင်းဝယ်သုံးနိုင်မှ Edit ခန်းထောင်လို့ရပါမယ်။ ဒါ့အပြင် Player ဆိုတဲ့ စက်ကလည်း တရုတ်ကလာတဲ့ Super တို့ဘာတို့၊ ဗီစီဒီစက်ကလေးတွေလောက်ပဲ ရှိတယ်။ အဲဒါ သိန်းနှစ်ဆယ်လောက်တန်တယ်။
အဲဒီလိုမျိုးရှိတယ်။ ကျွန်တော်တို့ဆီက ပစ္စည်းတွေဟာ သိပ်ကို ပုဂ္ဂိုလ်စွဲ၊ ကုမ္ပဏီစွဲ သိပ်များတယ်။ အဲဒီအတွက် သူတို့ဟာ Compressor ဆိုတဲ့ဟာကို ကောင်းကောင်းသတိထားရ တယ်။ ဒီမှာဖွင့်လို့ရ၊ ဟိုမှာဖွင့်လို့မရ၊ Error တွေတက်။ တစ်ခါဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်းပြော လို့ရှိရင် ဒီလိုပြင်ပကနေ ဝင်ရောက်လာတဲ့ အဝင်လမ်းကြောင်းကို Hard Disc ထဲကို Data File အဖြစ် ဖြစ်သွားအောင်လို့ လုပ်တဲ့အဆင့်ကို Compress လို့ခေါ်တယ်။ Compress လုပ်တယ်လို့ ခေါ်တယ်။ ဖိနှိပ်လိုက်တာ။ Compress လုပ်လို့ရှိရင် ဘာဖြစ်သွားလဲ။ သူဟာ Individual Format ဖြစ်သွားတယ်။ အဲဒီလို Individual Format ကနေပြီးတော့ Universal Format ဖြစ်သွားအောင် လို့ Compress လုပ်ပြီးသားဖိုင်ကို ပြန်ပြီးတော့ ဖြည်တာကို Decompress လုပ်တယ်လို့ခေါ် တယ်။ အဲဒါကကျတော့ Universal Format ကို ပြန်ပြောင်းတာ။ အများသုံးလို့ရအောင် ပြန်လုပ် ပစ်တာ။ အဲဒီတော့ Compress လုပ်တယ်။ Decompress လုပ်တယ်။ ပြင်ပကဝင်ရောက်လာတဲ့ ဟာတွေကို Compress လုပ်လိုက်တဲ့ အချိန်မှာ Individual Format ဖြစ်သွားတယ်။ အဲဒါတွေကို ကိုယ်ကသုံးစွဲတယ်။ ပြီးလို့ရှိရင် အများမှာပြန်သုံးစွဲလို့ရအောင်လို့ ကျွန်တော်တို့တွေပြန်ပြီးတော့ ဖြည်ထုတ်ပစ်ရတယ်။ အဲဒီအဆင့်ကို Decompress လုပ်တယ်လို့ခေါ်တယ်။ Decompress လုပ်လိုက်ခြင်းအားဖြင့် Universal Format တွေဖြစ်သွားတယ်။ ဒါပေမယ့် File Size ကကျတော့ ဒါကအကြီးဖြစ်သွားတာ။ Decompress လုပ်တယ်ဆိုတာ File Size အားဖြင့် မြင့်သွားတာ၊ တက်သွားတာ။ Compress လုပ်တယ်ဆိုတာ File Size အားဖြင့် နိမ့်သွားတာ။ အဲဒီလို Universal Format ဖြစ်သွားတဲ့ အမျာသုံး Format တစ်ခုကိုလည်း တခြားတစ်ခုမှာ သွားပြီးတော့ Compress လုပ်လိုက်လို့ရှိရင်လည်း ပြန်ပြီးတော့ နိမ့်သွားတာပဲ။
ဥပမာ ခုနတုန်းက အစ်ကိုက Canopus Card ရှိတယ်။ Editing အခန်းရှိတယ်။ ညီမက Matrox Card ရှိတယ်။ Editing အခန်းပဲ။ ခုနကပြောတဲ့ ဟိုဘက်ဒီဘက် ချက်ချင်းပြောင်းပြီးတော့ အလုပ်လုပ်လို့မရဘူးဆိုတာ မှန်တယ်။ အလယ်မှာ တစ်ဆင့်ရှိနေတယ်။ ဘာလဲဆိုတော့ Canopus DV NTSC နဲ့ ရနေတဲ့ အရုပ်တစ်ခုကို Uncompress ဖြစ်သွားအောင် Decode ပြန်လုပ် လိုက်ရင် File Size ကြီး အကြီးကြီးဖြစ်သွားတယ်။ Universal Format ပြန်ရတယ်။ အဲဒီ Universal Format ကို ယူလာပြီးတော့ ဒီညီမရဲ့စက်ထဲကို Matrox DV NTSC Compressor ဖြစ်သွားအောင်လို့ Compress ပြန်လုပ်လိုက်ရင် ညီမစက်ထဲမှာ သုံးလို့ရတယ်။ ညီမစက်ထဲမှာ ခုနကသုံးလိုက်တဲ့ ဖိုင်တစ်ခုကို ဒီဘက်ကိုပြန်ပြောင်းချင်တယ် မဟုတ်လား။ Matrox DV NTSC ကို Uncompress ဖြစ်သွားအောင် Decode ပြန်လုပ်လိုက်တယ်။ ပြီးမှဒီဘက်ကို Compress ပြန်ဆင်းသွားတယ်။ ကျွန်တော်ဘာကြောင့် မြှင့်ထားရတာလဲဆိုတော့ သူဟာ File Size အရမ်းကြီး တဲ့သဘောရှိတယ်။ ဒီမှာတုန်းက 20 Megabyte လောက်ပဲရှိတဲ့ ရုပ်ရှင်တစ်ခုကို Uncompress Format အဖြစ်နဲ့ Universal လုပ်လိုက်ရင် 200 ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်။ အဲလိုမျိုးလုပ်လို့ ရတယ်။ အဲဒီတော့ Compress လုပ်တဲ့ File စနစ်ကို Compressor လို့ခေါ်တယ်။ Decompress လုပ်တဲ့ File စနစ်ကို Decompressor လို့ခေါ်တယ်။ ခုနတုန်းက Individual Format တွေဖြစ် သွားအောင်လို့ Compress လုပ်ချလိုက်တဲ့ ပစ္စည်းဟာ Compressor ဖြစ်တယ်။ Individual Format တွေကိုမှ ပြန်ပြီးတော့ Universal Format ဖြစ်သွားအောင် ပြန်ပြီးတော့ ဖြည်တင်လိုက်တဲ့ ပစ္စည်းကိုကျတော့ Decompressor လို့ခေါ်တယ်။
Compressor နဲ့ Decompressor နှစ်ခုကို တစ်ခါတည်းပေါင်းထားတဲ့ ပစ္စည်းကိုကျတော့ Codec လို့ခေါ်တယ်။ Codec ဆိုတဲ့ စကားလုံးကို နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲပါ တယ်။ ကွန်ပျူတာပေါ်မှာ Error Message တွေပေါ်လာလို့ရှိရင် Unknown Codec Error ဆိုပြီး ပေါ်တယ်။ အဲဒါ ဘာမှန်းမသိမှာ စိုးလို့။ အဓိက ကဘာလဲဆိုတော့ သူဟာ File တစ်ခုကို ဖတ်လိုက်တဲ့အချိန်မှာ အဲ့ဒီ File ရဲ့ Compressor မူရင်းကို သူ့ဆီမှာရှာမတွေ့တဲ့အတွက် သူက Unknown Codec Error လို့ပေါ်တယ်။ Unknown Compressor , Unknown Decompressor, Unknown Codec Error ဆိုပြီးတော့ ပေါ်တယ်။ Compressor ကိစ္စကတော့ လောလောဆယ် ဒီမှာ ခဏရပ်ထားကြရအောင်။ ကျွန်တော်တို့ဟာ Hard Disc ထဲကို Compress လုပ်ပြီးတော့ Data File အဖြစ်ရောက်သွားတယ်။ Premiere တို့ဘာတို့မှာ Edit လုပ်ကြတယ်။ ပြီးလို့ရှိရင် ဒီအတိုင်း Play ပြီးတော့ ဒီအတိုင်းပြန်ထုတ်မယ်ဆိုရင်တော့ Player Recorder ထဲကို ပြန်ထွက်တဲ့ အချိန်မှာ ဒီမှာ Record ဖမ်းနှိပ်လိုက်ရုံပဲ။ Time Line ပေါ်မှာ Play လုပ်လိုက်တယ်။ TV မှာ ပြန်ထွက်လာတဲ့ အရုပ်ကို အောက်စက်နဲ့ပြန်ဖမ်းလိုက်တယ်ဆိုရင် ဒါဟာ အောက်စက်ထဲကအခွေ ထဲကို အရုပ်တွေဟာ ပြန်ရောက်သွားမှာပဲ။ အဲလိုမျိုးအောက်စက်နဲ့ တိပ်ခွေနဲ့ ပြန်မထုတ်ချင်ဘဲနဲ့ Digital Format တွေဖြစ်တဲ့ VCD တို့၊ DVD တို့ပြန်ထုတ်ချင်တယ်ဆိုရင် ဘာပြန်လုပ်ရသလဲဆို တော့ ခုနတုန်းက Canopus DV NTSC Compressor နဲ့ movie ကိုမှ VCD အဖြစ်ပြောင်းမယ်ဆို ရင် Motion JPEC No.1 , MPEG 1 ဆိုပြီးတော့ ပြန်ထုတ်ရတယ်။ ကျွန်တော်တို့အိမ်မှာ ကြည့်နေကြတဲ့ VCD ရဲ့ မူရင် Format ဟာ MPEG ဖြစ်ပါတယ်။ DVD အချပ်ရဲ့ မူရင်း Format ဟာ MPEG 2 ဖြစ်ပါတယ်။ MPEG 3 ကဘာလဲ။ MP3 ကဘာလဲ။ MPEG 3 ကအသံနော်။ MP3 Audio File လေးတွေလေ။ CD တစ်ချပ်တည်းကို အချပ်တစ်ရာလောက်ထည့်လို့ရတယ်လေ။ MP3 ။ သူတို့ဟာ အုပ်စုတူတယ်။ Motion JPEG ဆိုတဲ့ Format ။ Motion JPEG No.3။ အခုလာပြီ MPEG 4 တဲ့။ MPEG 4 ဟာ အခုTV ကနေလွှင့်မယ့် MRTV-4 ။ အဲဒါ MPEG 4 နဲ့ လွှင့် မှာ MPEG 4 ဟာ MPEG 1 နဲ့ MPEG 2 ကြားထဲမှာရှိတယ်။ Quality က VCD လောက်မနိမ့်ဘူး။ DVDလောက်ကြီးလဲ မကောင်းဘူး။ ဒါပေမယ့် သူဟာ Streaming Type ။ သူက မြန်မာ့အသံက နေပြီးတော့ MPEG 4 တွေကို ဒီလို လေလှိုင်းပေါ်ကို Data ထုတ်လွှင့်လိုက်မယ်။ အဲဒီ Data တွေ ကိုမှ Myanmar Media Box ဆိုတဲ့ ပစ္စည်းထဲကို MPEG 4 File တွေက ဝင်နေမယ်။ ကိုယ့်ရဲ့ Myanmar Media Box ထဲမှာ 40 GB Hard Disc တစ်လုံးရှိတယ်။ အဲဒီ Hard Disc ထဲကို MPEG 4 File တွေက ဝင်နေမယ်။ ဟိုကနေ ထုတ်လွှင့်လိုက်တိုင်း ဒီထဲမှာ ဝင်နေမယ်။ ကိုယ်မအားလို့ မကြည့်ရင်လဲ ရတယ်။ ကိုယ်အားတဲ့အချိန်ကျတော့မှ ပြန်ပြီးတော့ ဒီနေ့ ဘာတွေထုတ်လွှင့်ထား တယ်ဆိုတဲ့ဟာကို ကိုယ့် Hard Disc ထဲမှာ ပြန်ရှာပြီးတော့ ပြန်ကြည့်လို့ရတယ်။ အဲဒါ MPEG 4 ပဲ။ MPEG 4 ကို များသောအားဖြင့် Streaming လို့ခေါ်တဲ့ Internet ပေါ်ကနေပြီးတော့ Video ကြည့်တဲ့နေရာမှာ သုံးပါတယ်။
ခုနတုန်းက ကျွန်တော်တို့ဆက်ထားတဲ့ ကြော်ငြာလေးကို VCD အဖြစ်ခုတ်ပေးချင်တယ်ဆို ရင် Canopus DV NTSC ဆိုတဲ့ AVI Format File ကနေပြီးတော့ MPEG 1 ကို ကျွန်တော်တို့တွေ Compress လုပ်ရတော့မှာ။ အဲဒါလည်းပဲ Compress ပါပဲ။ ဘာကြောင့်လဲဆိုတော့ Canopus DV NTSC Format ကနေပြီးတော့ အများဆုံး Format ၊ MPEG 1 ဖြစ်သွားအောင်လို့ ကျွန်တော်တို့ တွေ ဒီလို Compress လုပ်လိုက်တာပါ။ MPEG 1 ဖြစ်သွားပြီ။ အဲဒီ MPEG 1 File လေးကို NEO Burn နဲ့ VCD အဖြစ် ပြန်ခုတ်လိုက်တာပါ။ ဒါတွေကတော့ သိပ်လွယ်ပါတယ် ။ ကိုယ့်မှာ Writer တစ်လုံးရှိတယ်ဆိုရင် NEO Burning Software တစ်ခုရှိတယ်ဆိုရင် MPEG 1 ဆိုတဲ့ Icon လေးကို NEO Burn ထဲမှာ VCD အဖြစ် Default ပါပြီးသား။ အဲဒီအထဲကို ဆွဲထည့်လိုက်ပြီးတော့ Write လုပ်လိုက်ရုံနဲ့ ကိုယ်ဟာ VCD တစ်ချပ်ကို ရတယ်။ ကိုယ်က Editor တစ်ယောက်။ Edit ခန်းတစ်ခုမှာ ကိုယ်က အုပ်ချုပ်ပြီးတော့ နေရတယ်။ အုပ်ချုပ်နေရတဲ့အတွက်ကြောင့် ဒီဟာတွေကို ကိုယ်သိဖို့မလိုအပ်ဘူးလား။ လိုအပ်တာပေါ့။ Editing လုပ်မယ်ဆိုရင် ကိုယ်ဖမ်းထားတဲ့ ရုပ်သံ Quality ကို ဘယ်လို Quality မျိုးထွက်နေတယ်၊ ဘယ်လို Format မျိုးရှိနေတယ်ဆိုတာကို သိမှ Editing လုပ်တဲ့အခါမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လုပ်နိုင်မှာပါ။ Premiere မှာ Editing လုပ်လိုက်တယ်။ ပြီးတော့မှ Effect တွေ ထပ်ထည့်ချင်တယ်။ Premiere မှာ ဆယ်စက္ကန့်စာကြီး ကို အရုပ်တွေကို လောလောဆယ် စီချလိုက်တယ်။ Premiere မှာ စာတမ်းထိုးကြည့်တယ်။ မကြိုက်ဘူး။ သိပ်မကောင်းဘူး။ အများကြီးလုပ်လို့မရဘူး။ ကိုယ်က ဒီထက်ပိုပြီး လုပ်ချင်တယ်။ After Effect မှာလိုမျိုး အငွေ့လေးနဲ့ဝင်လာတာမျိုး၊ အမှုန်လေးတွေနဲ့ဝင်လာတာတို့၊ အလင်း ရောင်လေးတွေနဲ့ ဒါမျိုးလေးတွေ လုပ်ချင်တယ်။ အဲဒါဆိုရင် ကိုယ်က ဘယ်သွားမှာလဲ။ အဲဒီတော့ မှ Premiere Project ကြီးကို After Effect ထဲကို Project လိုက်ကြီးပို့လို့ရတယ်။ အဲဒီမှာ Function ပါပါတယ်။ ဘာလို့လဲဆိုတော့ Premiere ရော After Effect ရောက ကုမ္ပဏီတစ်ခု တည်းကထုတ်တာ။ Adobe Photoshop ကလည်းပဲ Adobe ကထုတ်တာ။ Adobe ဟာ ကျွန်တော်တို့ Multimedia လိုင်းမှာ သိပ်နာမည်ကြီးပါတယ်။ အရင်ဆုံးကိုယ်က White Board ရဲ့ နာမည်ပေါ့။ အဲ့ဒီစာလုံးလေးကို Font ထဲမှာ လိုက်ရှာတော့ မတွေ့ရဘူး။ ဘာလုပ်မလဲ။ Scan ဖတ် လိုက်မှာပေါ့။ ဘာနဲ့ဖတ်မလဲ။ Scanner နဲ့ဖတ်မှာပေါ့။ Photoshop ထဲကနေ ဝင်ပြီးဖတ်မယ်။ ပြီးရင် ပြန်သပြီ။ Scan ဖတ်တဲ့အခါမှာ သိပ်မကောင်းတဲ့အတွက် ကိုယ်က အဲဒါလေးကိုပြန်သ တယ်။ အရောင်လေးတွေ ဖြည့်တယ်။ ဒါတွေအားလုံးကို ဘယ်မှာလုပ်မှာလဲ။ Photoshop ထဲမှာ လုပ်မှာ ပြီးမှ Photoshop ထဲကနေပြီး ဘယ်ကိုပြန်သွားမှာလဲ။ After Effect ထဲကိုပြန်သွားမှာ ခုန တုန်းက မူရင်းဆက်ထားတဲ့ ဗီဒီယိုသားတွေဆက်ထားတဲ့ဟာကို Project လိုက်ကြီး After Effect ထဲကို ထည့်လိုက်တယ်။ After Effect ထဲမှာ ကိုယ်ဆက်ထားတဲ့ဟာတွေ ဝင်လာပြီ။ Track တွေ၊ Layer တွေနဲ့ ဝင်လာပြီ။ Premiere တုန်းကကျတော့ Track လို့ခေါ်တယ်။ After Effect ကျတော့ Layer ဖြစ်သွားတယ်။
ဟိုမှာတုန်းက Video 1A, 1B ဆိုရင်၊ ဒီမှာ Layer 1 နဲ့ Layer 2 ။ ဟိုမှာတုန်းက အလယ်မှာ Transition လေးတစ်ခု Transition Track မှာ ထည့်ခဲ့တယ်ဆိုရင် ဒီမှာ Layer နောက်တစ်ခုအနေနဲ့ ဝင်လာမှာပဲ။ အဲဒီအပေါ်မှာမှ ကိုယ်က Photoshop ထဲမှာ ပြင်ဆင်ထားတဲ့ စာလုံးတွေကို Import ဆိုပြီးတော့ ထည့်လိုက်တယ်။ အဲဒါလေးကို Effect လေးတွေ ကစားလိုက် တယ်။ ပြီးတော့မှ ဆယ်စက္ကန့်စာ စိတ်ကြိုက် Effect လေးတွေလည်း ကစားပြီးပြီ၊ 3 D တွေ ဘာတွေထည့်ချင်တယ် ဆိုလည်းထည့်ဦး။ Cinema 4D ဆိုတဲ့ Software ထဲမှာ ဒီဟာလေးကို 3D အဖြစ်တည်ဆောက်။ လည်ပြီးဝင်လာတာတို့၊ အဖုံးလေးပွင့်သွားတာတို့ 3D နဲ့ လျှောက်လုပ်။ လုပ်ပြီးလို့ရှိရင် movie အဖြစ်ထုတ်။ ထုတ်ပြီးတော့ အဲဒီ Movie လေးကို၊ Alpha Channel ပါတဲ့ Movie လေးကို After Effect ထဲကို ထည့်လိုက်။ After Effect ထဲမှာ ပြန်ရော။ အဲဒီတော့ After Effect ဟာ ဘာကြီးလဲ။ Composition Software လည်းဖြစ်ပါတယ်။ အထူးထူးအထွေထွေသော ဝင်ရောက်လာတဲ့ file တွေအားလုံးကို တစ်နေရာထဲမှာ ပြန်ပြီးတော့ ပေါင်းတာ။ နောက်ဆုံးပြန် ပေါင်းတာ။ ကျွန်တော်တို့ အခုဆိုရင် Cartoon Animation လုပ်နေတယ်။ ကျွန်တော်တို့ဆီမှာ ဘာတွေရှိလဲ။ Background တွေရှိတယ်။ ကာတွန်းဆရာ ဆွဲထားတဲ့ သစ်ပင်တွေ၊ လမ်းတွေ၊ တောတောင်တွေ၊ Background တွေရှိတယ်။ ပြီးရင် ကာတွန်းဆရာ ဆွဲထားတဲ့အရုပ်တွေ လှုပ်ရှားမှုတွေရှိတယ်။ ပြီးရင်တစ်ခါ Effect တွေပါတယ်။ 3D Object တွေပါတယ်။ အမြှောက်ကြီး တွေ၊ အင်္ဂလိပ်စခန်းကြီးတွေ။ အဲဒါတွေအားလုံးကို After Effect ထဲကို တစ်စုတည်းထည့်ပြီးတော့ ကိုယ်က အရိပ်တွေချ။ အနီးအဝေးတွေ ပြန်ချိန်။ Size တွေဘာတွေ ပြန်ချိန်ပြီးတော့မှ နောက်ဆုံး Final Movie အဖြစ်လုံး။ အဲဒီလုံးပြီးသား Final Movie လေးတွေကိုမှ Premiere ထဲမှာ ပြန်ပြီးဆက်။ အဲဒီတော့ After Effect ဟာဘာလဲ။ Composition Software ကြီးဖြစ်ပါတယ်။ 2D တွေ၊ 3Dတွေ၊ Edit တွေအားလုံးကို After Effect ထဲမှာ လက်ခံပြီးတော့ Composite လုပ်တာဖြစ် ပါတယ်။ After Effect ထဲမှာလုပ်၊ လုပ်ပြီးတော့မှ Movie အဖြစ် Render ပြန်လုပ်ပြီးရင် Premiere ထဲမှာ ပြန်ထည့်ပြီးတော့မှ အသံတွေဘာတွေနဲ့ ပြန်ချိန်ပြီး Play ကြည့်လို့ရတာပေါ့။

No comments: