Saturday, September 6, 2008

Brief

Data Transfer Rate ။ ဒီ Card ထဲကနေပြီးတော့ Hard Disc ထဲကို ကူးပြောင်းတဲ့အချိန် မှာ ဘယ်လိုနှုန်းထားနဲ့ ဦးတည်ပြီးတော့ ကူးပြောင်းတာလဲဆိုတာ သိရမယ်။ Data Transfer Rate မှာ မှတ်ထားရမှာက 4.5 နဲ့အထက်ကို ကျွန်တော်တို့က Pro ဖြစ်တယ်လို့ခေါ်လို့ရတယ်။ 3.6 နဲ့အောက်ကို ကျွန်တော်တို့က Semi Pro ဖြစ်တယ်လို့ ခေါ်လို့ရတယ်။ 2.5 နဲ့အောက်က တော့ Home Video အဆင့်လောက်ပဲရှိတယ်။ အဲဒါ ဘာတွေကို ပြောတာလဲဆိုတော့ MB/s ကို ပြောတာ။ တစ်စက္ကန့် တစ်စက္ကန့်စာအရုပ်တွေ အရုပ်တွေကို Hard Disc ထဲမှာ သိမ်းဆည်းလိုက် တိုင်း သိမ်းဆည်းလိုက်တိုင်း ကိုယ့်ရဲ့ Hard Disc ဟာ ဘယ်လောက်နေရာဖယ်ပေးလိုက်ရတာလဲ။ ဒီ File ဟာ ဘယ်လောက်အထိသွားတာလဲ။ တစ်စက္ကန့်မှာ Base လုပ်ထားတဲ့ Frame ဘယ် လောက်ရှိသလဲ။ သုံးဆယ်ရှိတယ်။ အခု ကျွန်တော်တို့ သုံးဆယ် Frame နှုန်းနဲ့ အလုပ်လုပ်နေ ကြတာ။ တကယ်အလုပ်လုပ်တော့ 30 Frame နဲ့ အလုပ်လုပ်ရတာ။ Output ထုတ်တော့မှ NTSC ဆိုပြီးတော့ 29.97 ၊ PAL ဆိုရင် 25 နဲ့ ထုတ်ကြတာ။ အဲဒီတော့ တစ်စက္ကန့်မှာ ပုံသေပေါင်း ဘယ်နှစ်ပုံပါလဲ။ သုံးဆယ်ပါတယ်။
ရုပ်ရှင်ရဲ့ သဘောတရားက ဘာလဲ။ အစီအစဉ်အရ တစ်ဆက်တစ်စပ်တည်းဖြစ်သော ပုံသေပေါင်း သုံးဆယ်ကို တစ်ဆက်တည်းစီလိုက်တဲ့အခါမှာ ရုပ်ရှင်တစ်စက္ကန့်စာရတယ်။ အခု ကျွန်တော်လှုပ်နေတာ၊ လက်တွေလှုပ်နေတာ၊ ခြေထောက်တွေလှုပ်နေတာ။ အစ်ကိုတို့၊ အစ်မတို့ မျက်စိထဲမှာ မြင်နေရတယ်။ ဒါပေမယ့် အဲဒါတွေဟာ တကယ်တမ်းကျတော့ ဘာလဲ။ တစ်ပုံချင်း၊ တစ်ပုံချင်းစီထားတာ။ ဖလင်ကို ထောင်ကြည့်လိုက်လို့ရှိရင် လက်မြှောက်တယ်ဆိုရင် လက်နိမ့် တာက တစ်ပုံ။ နည်းနည်းမြင့်တာက တစ်ပုံ။ နည်းနည်းထပ်မြင့်တာက တစ်ပုံ။ တစ်ပုံချင်းဆက် ထားတာ။ တစ်စက္ကန့်စာမှာ 4.5 MB/s နှုန်းနဲ့ Hard Disc ထဲကို သိမ်းဆည်းနိုင်တယ်ဆိုရင် အဲဒီ Video Capture Card ဟာ Professional အဆင့်ကို မီတာပဲ။ Professional အဆင့်ကိုမီတဲ့ Video Capture Card တစ်ခုရဲ့ ဈေးနှုန်းဟာ သိန်းလေးဆယ်အထက်မှာရှိတယ်။ Semi Professional Video Card တစ်ခုရဲ့ဈေးဟာ သိန်းနှစ်ဆယ်ပတ်ဝန်းကျင်လောက်မှာရှိပါတယ်။ Semi Professional ဟာ 3.6 ထက် လုံးဝမကျော်ပါဘူး။ 3.6 နဲ့ 4.5 ဟာ တစ်ဆခွဲလောက်ကွာ တယ်။ နှစ်ဆတော့မဟုတ်ဘူး။ နှစ်ဆဆိုရင် 7.2 ဖြစ်သွားမယ်။ ဒါတောင် Professional ထဲမှာ အနိမ့်ဆုံးကိုပြောတာ။ တကယ့် Professional အစစ်တွေဟာ 9.0 လောက်နဲ့ အလုပ်လုပ်ကြ တယ်။9.0 MB/s ။ ပုံသုံးဆယ်နဲ့ ပြန်ခွဲလို့ရှိရင် တစ်ဖရိန်ကို 300 KB ကျမယ်။ 4.5 ကကျတော့ 150 KB ကျတယ်။ Floppy တစ်ချပ်ဟာ Capacity ဘယ်လောက်ရှိလဲ။ 1.4 MB ဆိုတာ ဘာနဲ့ညီ မျှလဲ။ 1400 KB နဲ့ညီမျှတယ်။ ကျွန်တော်တို့ Semi Professional နဲ့ ဖမ်းထားတဲ့ File Size ဟာ တစ်စက္ကန့်မှာတောင် 3.6 MB ရှိတယ်နော်။ တစ်စက္ကန့်စာတောင်ထည့်လို့မရဘူး။ စက္ကန့်ဝက်စာ တောင်မှ 1.8 ရှိတယ်။ Floppy တစ်ချပ်ကို 15 Frame တောင် ထည့်လို့မရဘူး။ ကျွန်တော်တို့ လုပ်ငန်းမှာ Floppy Disc က ဘာမှ သုံးလို့မရဘူး။ လည်ပင်းမှာ ဆွဲဆွဲထားတဲ့ Flash Drive လေးတောင် 128 MB ရှိတယ်။ ဒီလို Floppy အချပ်ပေါင်း တစ်ရာ့နှစ်ဆယ်စာလောက်ရှိတယ်။ ဒါတောင် ကျွန်တော်တို့ဟာ ပုံလေးတွေလောက်ပဲ သုံးရတယ်။ Video File တွေကူးဖို့ လုံးဝမဖြစ် နိုင်ဘူး။
ဗီဒီယိုဖိုင်တွေကူးရင် Net အရင်ချိတ်ရတယ်။ Hard Disc to Hard Disc ကူးရတာပေါ့။ အဲဒီတော့ သူက ဖမ်းယူနိုင်စွမ်းအားကောင်းလေ Quality ကောင်းလေဖြစ်ပါတယ်။ 3.6 ပဲထားနိုင် မယ်ဆိုရင် သူက တစ်ပုံစာကို 120 လောက်ကျမယ်။ ဖရိန်တစ်ဖရိန်ကို တစ်ရာ့နှစ်ဆယ်လောက် နှုန်းနဲ့သိမ်းနိုင်တာ။ 9.0 ဆိုတဲ့ Professional ကျတော့ ဖရိန်တစ်ဖရိန်ကို 300KB နှုန်းသိမ်းတယ်။ ဘာဖြစ်လို့ သုံးရာဖြစ်သွားရတာလဲဆိုတော့ ကျစ်လျစ်သိပ်သည်းဆ ပိုကောင်းလို့ သုံးရာဖြစ်သွား တာ။ မလိုအပ်ဘဲနဲ့ ဘယ်သူက သုံးရာနဲ့ သိမ်းမလဲ။ တစ်ရာ့နှစ်ဆယ်သိမ်းလို့ ရရဲ့သားနဲ့ ဘာလို့ သုံးရာနဲ့သိမ်းသလဲ။ အရောင်ချင်းမတူတော့ဘူး။ အထဲမှာပါဝင်တဲ့ Pixel ကျစ်လျစ် သိပ်သည်းပုံချင်း ၊ ဖွဲ့စည်းမှုချင်းမတူတော့ဘူး။
အဲဒီမှာ ကျွန်တော်တို့ Pixel ကိုတိုင်းလို့ရှိရင် Color အကြောင်းပါ ကျွန်တော်တို့ပြောရ မယ်။ RGB ဆိုတဲ့ Color Mode နဲ့ CMYK ဆိုတဲ့ Color Mode ရယ် ရှိတယ်။ RGB ဆိုတာ Red ရယ်၊ Green ရယ်၊ Blue ရယ် မထူးဆန်းဘူးလား။ အနီရယ်၊ အစိမ်းရယ်၊ အပြာရယ် သုံးခုကို အချိုးညီညီရောစပ်လိုက်ရုံနဲ့ တီဗွီ၊ ဗီဒီယိုထဲမှာမြင်နေရတဲ့ အရုပ်တွေအားလုံးရဲ့ အရောင်ကို ရနိုင်တယ်။ ခရမ်းရောင်လည်းရနိုင်တယ်၊ အနက်လည်းရနိုင်တယ်၊ အဖြူလည်းရနိုင်တယ်။ အစိမ်းဖန့်ဖန့်လေးလည်းရနိုင်တယ်။ သပြေသီးရောင်လည်းရနိုင်တယ်။ အဲဒီလို Color ပေါင်း ဆယ့်ခြောက်လက်မဿမခုနစ်သန်းတောင်ရှိတယ်။ ကျွန်တော်တို့တွေ Redရဲ့ Rage က အမှောင် ဆုံးသောအနီဟာ 0 တန်ဖိုးဖြစ်တယ်။ အလင်းဆုံးသော အတောက်ပဆုံးသောအနီဟာ 255 ရှိတယ်။ 0 to 255 ဆိုတဲ့ Color Rage ထဲမှာရှိတယ်။ Green ကလည်း အဲဒီအတိုင်းပဲ။ Blue ကလည်း အဲဒီအတိုင်းပဲ။ ကျွန်တော်တို့ ချဲမှာ သုံးလုံးကို ပတ်လည်ရိုက်ရင် ဘယ်နှစ်ကွက်ထွက် လဲ။ ကိုးကွက်လားမသိဘူး ထွက်တယ်။ ဂဏန်းသုံးလုံးတည်းကို ပတ်လည်ရိုက်လိုက်ရင် ကိုးခုတောင်ထွက်တာနော်။ သုညကနေ နှစ်ရာ့ငါးဆယ့်ငါးဟာ ဘယ်လောက်ရှိလဲဆိုတော့ အရောင်ပေါင်း နှစ်ရာငါးဆယ့်ခြောက်ရောင်ရှိတယ်။ ထူးဆန်းတာတစ်ခုက အမှောင်ဆုံးသောအနီ ရယ်၊ အမှောင်ဆုံးသောအစိမ်းရယ်၊ အမှောင်ဆုံးသောအပြာရယ် သုံးခုပေါင်းလိုက်လို့ရှိရင် ဘာအ ရောင်ထွက်လဲဆိုတော့ အနက်ရောင်ထွက်တယ်။ အတောက်ပဆုံးသော အနီရယ်၊ အတောက်ပဆုံးသော အစိမ်းရယ်၊ အတောက်ပဆုံးသော အပြာရယ် သုံးခုပေါင်းလိုက်ရင် အဖြူ ရောင်ထွက်တယ်။ အဖြူ နဲ့ အနက် နဲ့ ကြားထဲမှာ ရောင်စုံဖြစ်နေတာ။ သူတို့ဟာ အမြင့်မားဆုံး တန်ဖိုးတွေပဲ။ ဒီနှစ်ခုကြားထဲမှာ ရောင်စုံထွက်တယ်။ ဥပမာအားဖြင့် Red က 10 လောက်ဖြစ်သွား ပြီး ကျန်တာတွေက 0 ဆိုရင် အနက် ထဲမှာမှ နည်းနည်းလေး အနီလေးပါလာပြီ။ ဒီကောင့်ကို 100 လောက်ပေးလိုက်ရင် နည်းနည်းလေး မှောင်တဲ့ အနီလေးဖြစ်လာပြီ။ ဒီနှစ်ခု 0 နဲ့ ဒီနှစ်ခုကို 255 ပေးလိုက်ရင် လုံးဝကြီးကို အနီရောင်ဖြစ်သွားတယ်။ အဲဒီလိုပဲ ဒီက 100 ၊ ဒီကလည်း 100 ၊ ဒီက 0 ဆိုရင် အနီရာခိုင်နှုန်း တစ်ရာရယ်၊ အစိမ်းရာခိုင်နှုန်း တစ်ရာရယ်၊ အပြာရာခိုင်နှုန်းက 0 ဆိုရင် အပြာကို ထည့်တွက်စရာမလိုဘူး။ အနီလေးနည်းနည်းနဲ့ အစိမ်းလေးနည်းနည်းနဲ့ကိုရောလိုက်ရင် ဘာအရောင်ထွက်လာလဲ။ လိမ္မော်ရောင်လိုဟာမျိုး ထွက်လာတယ်။ အဲဒါလည်းပဲ Color တန်ဖိုး တစ်ခုပဲပေါ့။ အဲဒီ ကာလာတန်ဖိုးတစ်ခုဟာ Red က တစ်ရာ၊ Green က တစ်ရာ၊ Blue က သုည၊ ဒါက ကာလာတန်ဖိုးတစ်ခု။ ဒီလိုအားဖြင့် ကြားထဲမှာ ဘယ်လောက်ရှိလဲဆိုတော့ 16.7 Million of Color ရှိတယ်။ ဆယ့်ခြောက်ဒဿမခုနစ်သန်းသော အရောင်တွေကို ကျွန်တော်တို့ရတယ်။ ကျွန်တော်တို့ ဗီဒီယိုလောကရဲ့ အကောင်းဆုံး Quality အားဖြင့် ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းမှုတစ်ခု ဟာ အဲဒီ ဆယ့်ခြောက်ဒဿမခုနစ်သန်းသော အရောင်တွေထဲက ကြိုက်တဲ့အရောင်တွေ ပါဝင်နိုင် ပါတယ်။
တဖြည်းဖြည်း ပြန်လှန်ပြောရင်းနဲ့ပဲ အရှေ့က အကြောင်းအရာတွေဆီကို ပြန်ရောက်သွား ပြန်ပြီ။ အနှစ်ချုပ်ကတော့ ကျွန်တော်တို့လောကမှာ အသုံးပြုတဲ့ ရုပ်သံတွေရဲ့ ပင်ရင်းဖွဲ့စည်းပုံ အကြောင်းဟာ ဒီလောကသားတွေအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို သိစေချင်တာ ပါပဲ။ ချက်ချင်းနားမလည်နိုင်ရင်တောင် နားလည်လာတဲ့အထိ ကြိုးစားလေ့လာကြဖို့ တိုက်တွန်းလို ပါတယ်။
အခုခေါင်းစဉ်ကတော့
Exporting Any Media လို့ခေါ်ကြတဲ့ နောက်ဆုံးအဆင့် File များကို CD များ၊ DVD များ၊ Web Page များပေါ်မှာ ထုတ်လုပ်ကြတဲ့ Compression အကြောင်းပါ။ အဆင့်လိုက်ခွဲကြည့်ရင် မူရင်းတည်းဖြတ်ပြီးသား Quality အပြည့်နဲ့ Video File များကို (၁) VCD အတွက် MPEG 1 (၂) DVD အတွက် MPEG 2 (၃) Web Hosting အတွက် MPEG 4 နဲ့ WMV ဆိုပြီး အများအားဖြင့် ထုတ်လုပ်ကြပါတယ်။ MPEG ဟာ JPEG ကတဆင့် တိုးတက်လာခဲ့တဲ့ Format ဖြစ်ပါတယ်။ Exporting အတွက်သာ အသုံးများပြီး Editing အတွက် သုံးလေ့သုံးထ မရှိကြပါ။ VCD Cutter , TMPGENC တို့လို Authoring Software တွေမှာတော့ ကိုယ်မလိုချင်တဲ့ အပိုင်းတွေကို Cut လုပ်ပစ်လို့ရတာမျိုးတော့ တွေ့ရပါတယ်။ ဒါကို Editing လုပ် တယ်လို့ မခေါ်နိုင်ပါ။ Adobe Premiere Pro ထွက်လာတော့ MPEG 1 , 2 Format တွေကို Import လုပ်ပြီး အနည်းငယ်ပြင်ဆင်နိုင်အောင် ခွင့်ပြုပေးထားတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမူရင် MPEG File တွေကို Premiere မှာထည့်ပြီး Edit လုပ်ကြတဲ့အခါ Real-time Preview မရနိုင်တာရယ်၊ သူ့ကိုထပ်ပြီး Exporting လုပ်တဲ့အခါ အခက်အခဲများစွာ ရှိနေတာရယ် ကို သုံးဖူးသူတိုင်းတွေ့နေရမှာပါ။ Export ထုတ်လုပ်တဲ့ နည်းလမ်းများစွာရှိပါတယ်။ Editing Software ရဲ့ Timeline ထဲကနေ Plug-in တွေနဲ့ တန်းပြီးတော့ ထုတ်လို့ရသလို ၊ Stand Alone Compression Software တွေနဲ့လည်း ထုတ်လုပ်ကြတာ တွေ့ရပါတယ်။ CD အချပ်တွေပေါ် ရေးတင်တာကတော့ ဆိုင်ရာဆိုင်ရာ Writer တွေနဲ့အဆင်ပြေသလို ရေးလို့ရပါတယ်။ အဓိကက တော့ VCD, DVD တွေ Player တွေက နားလည်နိုင်ရင်ရပါတယ်။
ကျွန်တော်လေ့လာ တွေ့ရှိရသလောက်ပြောပြရရင် Compression လုပ်တဲ့ နည်းလမ်းတွေ မှာ အဓိကအားဖြင့် Software Compression နဲ့ Hardware Compression ဆိုပြီး နှစ်မျိုးခွဲတွေ့ ရပါတယ်။ Software Compression က ကွန်ပျူတာထဲမှာ သီးသန့် သူ့အတွက် အထောက်အကူ ပေးတဲ့ Hardware တစ်စုံတစ်ရာမပါဘဲ Software ရဲ့ အကူအညီ သက်သက်နဲ့ Compression လုပ်တဲ့ ပုံစံဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရရင် Canopus Procoder, Media Cleaner, TMPGENC စတဲ့ Software တွေဟာ ကြိုက်တဲ့မူရင်း Source ကနေ ကြိုက်တဲ့ Format ကို Export လုပ်လို့ရပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကွန်ပျူတာပေါ် Install လုပ်ထားတဲ့ Software ကလွဲလို့ အခြားအကူအညီ ဘာမှမပါ ပါဘူး။ Hardware Compression ကတော့ ကွန်ပျူတာထဲ မှာ သူ့အတွက် အထောက်အကူဖြစ်မယ့် Hardware တစ်ခု သပ်သပ်ထပ်တည့်ပြီး Hardware ရဲ့ အကူအညီကို ရယူကာ Software နဲ့ တွဲဖက်ပြီး Compression လုပ်တာဖြစ်ပါတယ်။ ဥပမာအား ဖြင့်ပြောရရင် Pinnacle PCTV, Director DVD Pro စတဲ့ Hardware တွေကို ဝယ်ပြီး ကွန်ပျူတာ မှာစိုက်လိုက်ရင် Online Compression လို့ခေါ်တဲ့ Source ကို တစ်ခါတည်း Format ပြောင်းပစ် လိုက်နိုင်တာမျိုး၊ Offline Compression လို့ခေါ်တဲ့ Hard Disc ထဲမှာ သိမ်းထားတဲ့ Source ကို အချိန်ယူပြီးCompress လုပ်တာမျိုးကိုပြောတာပါ။ Theory အရ Hardware Compression ဟာ Quality ပိုကောင်းနိုင်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ သိသိသာသာ ခွဲပြောလို့ရ တာမျိုးမရှိပါဘူး။ သူ့နေရာနဲ့သူ အသုံးတည့်တာချည်းပဲဖြစ်ပါတယ်။ VCD, DVD Recorder လိုမျိုး တစ်ခါတည်းတန်းပြီး ဘာကွန်ပျူတာရဲ့အကူအညီမှ မလိုဘဲ ရေးပစ်လိုက်နိုင်တဲ့ ပစ္စည်းတွေ ကိုလည်းတွေ့ရပါတယ်။ အဲဒါတွေက တန်ဖိုးလည်းကြီးပါတယ်။
နောက်ဆုံးအနေနဲ့ Render လုပ်တယ်ဆိုတဲ့ ဝေါဟာရကို ရှင်းပြပါမယ်။ ပုံစံမျိုးစုံနဲ့ ကုန်ကြမ်းအဖြစ် အသုံးပြုထားတဲ့ Media File တွေကို Software တွေထဲမှာ ဆွဲယူသုံးစွဲပြီးတဲ့အခါ ကိုယ်လိုချင်တဲ့ Final Movie အဖြစ် တစ်ပေါင်းတစ်စည်းတည်း အချောသတ်ထုတ်လုပ်တာကို ခေါ်တာဖြစ်ပါတယ်။ Render ဆိုတဲ့ ဝေါဟာရကို 2D နဲ့ 3D Software အများဆုံးတွေ့ရပြီး Editing Software တွေမှာတော့ Export Movie လို့သုံးပါတယ်။
ဒီအကြောင်းအရာတွေဟာ ကွန်ပျူတာနဲ့ဆိုင်တဲ့ဗဟုသုတအပြင် ရုပ်ရှင်၊ ဗီဒီယိုနည်းပညာ၊ လျှပ်စစ်နည်းပညာ၊ ရူပဗေဒနည်းပညာ၊ ပန်းချီသဘောတရား၊ အသံသဘောတရား စတဲ့ အခြား ပညာရပ်ပေါင်းများစွာ ပတ်သက်ဆက်နွှယ်နေတဲ့အတွက် ပညာရပ်တစ်ခုကို လေ့လာနေတဲ့ လူငယ်တွေအနေနဲ့ မိမိရဲ့ ဦးနှောက်နဲ့ အသိဥာဏ်တံခါးတွေကို တတ်နိုင်သမျှ ကျယ်ကျယ်ဖွင့် ထားဖို့မှာရင်း ဒီတစ်ပတ်သင်ခန်းစာကို ဒီမှာ အဆုံးသတ်ချင်ပါတယ်။

ဤသင်ခန်းစာပါ ဟောပြောပို့ချချက်များမှ မည်သည့်အပိုင်းကဏ္ဍကိုမျှ
ကူးယူဖြန့်ချိခြင်း တဆင့်ပြန်လည်ရောင်းချခြင်းတို့ကို ခွင့်မပြုပါ။

No comments: