Sunday, September 14, 2008

Image & Color Resolution

Image Size နဲ့ Resolution Size နဲ့ Frame Size နဲ့ Window Size နဲ့ဟာ အတူတူပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Image Size ဟာဘယ်လောက်လဲ။ 240 x 180 ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗီဒီယိုမှာ TV တစ်လုံးပေါ်မှာမြင်ရတဲ့ ရုပ်သံတစ်ခု၊ အရုပ်တစ်ခုကို တိုင်းတာတွက်ချက်ကြည့်မယ် ဆိုရင် 720 x 480 ဆိုတဲ့ အတိုင်းအတာရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ Pixel လို့ပြောတာပါ။ အကျယ် 720 Pixel နဲ့ အမြင့် 480 Pixel ရှိပါတယ်။ Pixel ဆိုတာ ဘာလဲ။
Pixel ဆိုတာမပြောခင် အရောင်ကစပြီးပြောပါမယ်။ Black & White နဲ့Color မတူပါဘူး။ Black & White ဆိုတာ အဖြူရောင်နဲ့ အမည်းရောင်ကြားထဲက အရောင်တွေပဲပါတယ်။ အဖြူရောင်နဲ့ အမည်းရောင် နှစ်ရောင်ပဲပါတယ်လို့ မပြောဘူးနော်။ အဖြူရောင်နဲ့ အမည်းရောင်ကြားထဲက အရောင်တွေပဲပါတယ်လို့ပြောတာ။ ဆွတ်ဆွတ်ဖြူအောင်ဖြူနေတဲ့ အဖြူရောင်ရယ် ပိန်းပိတ်အောင်မှောင်နေတဲ့ အမည်းရောင်ရယ်၊ ဒီကြားထဲကအရောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်သံတစ်ခုကို Black & White လို့ခေါ်ပါတယ်။ Color ဆိုတာဘာလဲ။ Black & White မှာ ဆွတ်ဆွတ်ဖြူနေတဲ့အဖြူနဲ့ ပိန်းပိတ်အောင်မှောင်နေတဲ့ အနက်ဆိုပြီး Range ရှိသလို ပဲ Color မှာလဲ Range ရှိတယ်။ Color ဖွဲ့စည်းမှုကို ကြည့်လိုက်ရင် ကျွန်တော်တို့အလုပ်လုပ် နေကြတဲ့ လောကဟာ Motion Media လို့ခေါ်တဲ့ ရုပ်ရှင်လုပ်ငန်းဖြစ်ပါတယ်။ တစ်ဘက်မှာ ဘာရှိလဲဆိုတော့ Graphic Designer တွေ ကျင်လည်ကျက်စားနေကြတဲ့ Printing Media ခေါ်တဲ့ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှိပါတယ်။ ပုံနှိပ်ထုတ်ဝေရေးလောက နဲ့ ရုပ်ရှင်လောက၊ အဲဒီနှစ်ခုဟာ ကွန်ပျူတာနဲ့ပတ်သက်လာရင် နည်းပညာတွေဟာ အချို့နေရာတွေမှာ တူသော်ငြားလည်းပဲ အခြေခံအကျဆုံးဖြစ်တဲ့ Color ဖွဲ့စည်းမှုမှာတော့ တက်တက်စင်အောင်လွဲပါတယ်။ Printing Media ရဲ့ Working Mode ကဘာလဲဆိုတော့ CMYK လို့ခေါ်တဲ့ Color Mode ဖြစ်ပါတယ်။ ကျွန်တော်တို့ Motion Media ရဲ့ Working Black & White က RGB ဖြစ်ပါတယ်။ လူတိုင်းသိနိုင် တဲ့အရောင်တွေကို ပြောကြည့်မယ်။ Red, Green, Blue RGB ဆိုတာ အဲဒါကိုပြောတာပါ။ CMYK ဆိုတာ Cyan ရယ်၊ Magenta ရယ်၊ Yellow ရယ်၊ Black ရယ်။ Cyan ဆိုတာ စိမ်းပြာရောင်၊ Magenta ဆိုတာ ပန်းခရမ်းရောင်၊ Red ဆိုတာ ရဲရဲနီနေတဲ့အရောင်၊ Green က တကယ့်ကိုစိမ်း နေတဲ့ အစိမ်းရောင်၊ Blue ဆိုတာ တကယ့်အပြာရောင်။
စဉ်းစားကြည့်ကြရအောင်။ ကျွန်တော်တို့သက်ရှိလောမှာရှိတဲ့ အရာဝတ္ထုတိုင်းမှာ အရောင်တွေနဲ့ဖွဲ့စည်းထားတယ်။ ကျွန်တော်အသားဖြူလား၊ မဖြူဘူးလားဆိုတာ အရောင်နဲ့ဆုံး ဖြတ်တာ။ မှောင်နေရင် အသားဖြူသလား၊ မဖြူဘူးလားဆိုတာ မသိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ အလင်းမရှိလို့။ အလင်းရောင်ဆိုတာ ဘာလဲ။ အလင်းရှိလို့ ပေါ်ထွက်လာတဲ့အရောင်ကို ပြောတာ။ မီးချောင်းတစ်ချောင်းလင်းနေလို့ ကျွန်တော့်ကို ဒီလိုအသားအရည်မြင်ရတာ။ နောက်ထပ်မီးချောင်း ရှစ်ချောင်းလောက်ထွန်းလိုက်ရင် ဒီလိုအသားအရည်မျိုး မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အလင်းရဲ့ပြုပြင်မှုကြောင့် အရောင်တွေပြောင်းလဲသွားတာ။ ဒါကြောင့်သူ့ ကို အလင်းရောင်လို့ခေါ်တာ။ အရောင်ဆိုတာ လူတိုင်းမှာရှိကြတယ်။ သက်ရှိလောကကြီးတစ်ခု လုံးဟာ အရောင်တွေနဲ့ဖွဲ့စည်းထားတယ်။ ပိုပြီးတော့ထူးဆန်းတာက အဲဒီ သက်ရှိလောကကြီး တစ်ခုလုံးကို ဖွဲ့စည်းထားတဲ့အရောင်တွေကို ဒီသုံးမျိုးစပ်လိုက်တာနဲ့ကြိုက်တဲ့အရောင်ရနိုင်တယ်။ Red ရယ်၊ Green ရယ်၊ Blue ရယ်။ သက်ရှိလောကမှာရှိတဲ့အရောင်တွေက ပြောလို့မကုန်ဘူး။ ဒါဆိုရင် အပြာနုတွေ၊ အစိမ်းနုတွေ၊ အဖြူညစ်ညစ်ကလေး၊ နို့နှစ်ရောင်လေးတို့ အဲဒီအရောင်တွေ အားလုံးဟာ ပြောလို့မကုန်ဘူး။ အဲဒီအရောင်တွေရဲ့ တကယ့် Main ကဘာလဲဆိုတော့ အနီရယ်၊ အပြာရယ်၊ အစိမ်းရယ် အဲဒီသုံးမျိုးပဲ ဖြစ်ပါတယ်။ အနီဆေးပုလင်းတစ်လုံးရယ်၊ အပြာဆေးပုလင်း တစ်လုံးရယ်၊ အစိမ်းဆေးပုလင်းတစ်လုံးရယ်ရှိရင် ဒီကမ္ဘာလောကကြီးက ကြိုက်တဲ့အရောင်စပ်လို့ ရတယ်။ အလင်းနဲ့ဖွဲ့စည်းထားတဲ့အရောင်ဖြစ်လို့ ကျွန်တော်တို့ရဲ့ Range မှာ (0) ကနေ (255) အထိရှိပါတယ်။ Red ဟာ (0) ကနေ (255) အထိရှိပါတယ်။ Green ဟာလည်း (0) ကနေ (255) အထိရှိပါတယ်။ အားလုံးပေါင်း (0) က တစ်ရောင်၊ (255) အထိ ဆိုတော့ 256 အရောင်ရှိပါတယ်။ တစ်ရောင်စီမှာ (256) ရောင်စီရှိပါတယ်။ အဲဒီ သုံးရောင်ကို ပတ်လည်စပ်ကြည့်ရင် အရောင် ၁၆.၇ သန်းထွက်ပါတယ်။ 16.7 Millions Of Color လို့ခေါ်ပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်ထဲမှာမြင်နေ ရတဲ့ သက်ရှိလောကကြီးဟာ ၁၆.၇ သန်းသောအရောင်များနဲ့ဖွဲ့စည်းထားပါတယ်။ မများဘူးလား။ အားလုံးပါသွားပြီ၊ နို့နှစ်ရောင်၊ အဖြူညစ်ညစ်ရောင်၊ အပြာညစ်ညစ်ရောင်၊ အညိုရောင်။ အဲမျိုး အရောင်တွေအားလုံးပေါင်းထားတာ ၁၆.၇ သန်းရှိပါတယ်။ နာမည်တပ်လို့်မရတဲ့ အရောင်တွေလဲ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဟာ ဒီ Color Range သုံးခုနဲ့ ပတ်လည်ရိုက်ပြီးတော့ အလုပ် လုပ်နေကြတယ်။ အဲဒါဟာ ရုပ်ရှင်လောကရဲ့ တကယ့် Color Mode ပါ။ သူ့ကို Color Mode လို့ခေါ်တယ်။ Printing Media က Color Mode က CMYK လို့သိရမယ်။ Motion Media က Color Mode ဆိုရင် RGB လို့သိရမယ်။
ရုပ်ရှင်ဖလင်နဲ့ ဓါတ်ပုံဖလင်ဟာ တူတူပဲလို့ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကွန်ပျူတာသဘောတရားမှာ ရုပ်ရှင်ဖလင်နဲ့ ဓါတ်ပုံဖလင်ဟာ Size တူတယ်။ အရည်အသွေး လည်းတူတယ်။ အချို့တွေဆိုရင် ရုပ်ရှင်ဖလင်က ပိုတဲ့အသားလေးတွေကို ဖြတ်ပြီး၊ ဓါတ်ပုံဖလင် ပြန်လုပ်ပြီးတော့ ၃၃ လမ်းမှာရောင်းတယ်။ ရစ်ဖလင်လို့ခေါ်တယ်။ ဖလင်တစ်လိပ်၊ ၃၆ ပုံပါတဲ့ တစ်လိပ်ကို နှစ်ထောင်လောက်ပေးရတဲ့အချိန်မှာ၊ ရစ်ဖလင်က တစ်ထောင်လောက်ပဲရှိတယ်။ သူက ဘူးတွေဘာတွေ ဘာမှမပါဘူး။ အထဲမှာ ဖလင်အိမ်အခွေလေးထဲမှာ အမှောင်ခန်းထဲမှာ ရစ်ထည့်ထားပြီးတော့ ကင်မရာထဲမှာ ထည့်ရိုက်လိုက်ယုံပဲ။ အရောင်လေးတွေ တော်တော်လှ တယ်။ ရုပ်ရှင်ရိုက်ကူးရေးလုပ်တဲ့နေရာကနေ ပိုနေတဲ့ဖလင်တွေကို ဖြတ်ထည့်ပြီးတော့၊ ၃၆ ပုံစာ တိုင်းတိုင်းပြီး ဖြတ်ထည့်ထားတာ။ အဲဒါကို ရစ်ဖလင်လို့ခေါ်တယ်။ အဲဒါနဲ့ ဓါတ်ပုံရိုက်လို့ရတယ်။ ဓါတ်ပုံကူးလို့ရတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံချင်းတော့ မတူတော့ဘူး။ ရုပ်ရှင်ဖလင်ရိုက်တုန်းကတော့ အရှည်လိုက်ရိုက်တာ။ ဓါတ်ပုံကျတော့ အလျားလိုက်ရိုက်တာ ဖြစ်သွားပြီ။
ကွန်ပျူတာမှာ ဓါတ်ပုံဖလင်ကို Scan ကူးတာနဲ့ ရုပ်ရှင်ဖလင်ကို Scan ကူပြီးတော့ တည်း ဖြတ်တဲ့ အလုပ်တွေကိုလုပ်တာနဲ့ Color Range မတူတော့ဘူး။ ပုံချင်းတူချင်တူမယ်၊ ဖတ်တဲ့နေ ရာမှာအတူတူ ဖတ်လို့မရဘူး။ Design မတွက်ရည်ရွယ်ပြီး ဖတ်တယ်ဆိုရင် CMYK ဆိုတဲ့ Color Mode ကိုသုံးရမယ်။ ရုပ်ရှင်အတွက် Animation လုပ်ဖို့ ရည်ရွယ်ပြီးဖတ်တယ်ဆိုရင် RGB ကိုသုံး ရမယ်။ RGB နဲ့ CMYK မတူပါဘူး။ Printing Media အကြောင်းကို လှန်လှောပြီးပြောလို့ရှိရင် CMYK ဆိုပြီးတော့ လေးခုထွက်တာ ဘာ့ကြောင့်လဲ။ သူကျတော့ စက္ကူတစ်ခုမှာ ပုံနှိပ်တယ်ဆိုတာ တစ်ရောင်ချင်း တစ်ရောင်ချင်း လေးလွှာထပ်လိုက်ရင်၊ သူကလည်း Range က (0) ကနေ (100) ထိရှိတယ်။ အားလုံး ၁၀၁ ရောင်ရှိတယ်။ ၁၀၁ ကို ပတ်လည်ရိုက်ကြည့်ရင် စက္ကူပေါ်မှာ ပုံနှိပ်နိုင် စွမ်းရှိတဲ့ အရောင်တွေရမယ်။ သူကျတော့ ပုံတစ်ပုံမှာ Cyan နဲ့ ပတ်သက်တဲ့ Area တွေအားလုံး ကို ကွန်ပျူတာထဲမှာ သက်သက်ခွဲထုတ်လိုက်တယ်။ ကျွန်တော်ဆိုရင် အစိမ်းနုရောင်တို့၊ အပြာ ရောင်တို့နဲ့ ပတ်သက်တဲ့ အရောင်တွေဟာ ဂျင်းဂျက်ကက်မှာ Area အများဆုံးဖြစ်မယ်။ လက်စွပ် မှာအစိမ်းလေးပါမယ်။ သူတို့ဟာ ကာလာခွဲလို့ရှိရင် ပုံရိပ်တစ်ခုရဲ့ အပြာပါဝင်နေတဲ့ ဧရိယာတွေ ချည်းပဲ သက်သက်ခွဲထုတ်ထားတယ်။ Magenta လို့ခေါ်တဲ့ ပန်းခရမ်းရောင်မှာ အနီတို့ လိမ္မော် တို့နဲ့ပတ်သက်တဲ့ အရောင်မျိုး၊ အသားရောင်။ အသားဟာ အနီတွေ၊ လိမ္မော်တွေ၊ အဝါတွေ ပါဝင် နေတယ်။ အဲဒီပါဝင်နေတဲ့ အရောင်တွေအားလုံးကို ခွဲထုတ်ပစ်လိုက်တယ်။ တစ်ခါ Yellow ၊ အဝါ နဲ့ပတ်သက်တာတွေ အားလုံးခွဲထုတ်ပစ်လိုက်မယ်။ Black နဲ့ပတ်သက်တာတွေ အားလုံးခွဲထုတ် မယ်။ ပြီးရင် Offset မှာ ပုံနှိပ်ရင် ခုနခွဲထုတ်ထားတဲ့ အရောင်တစ်ခုချင်းဆီကို ဖလင်ပြားပေါ်မှာ ကူးလိုက်တယ်။ ဖလင်ပြားကို သံပြားပေါ်မှာ Plate ဆိုပြီးကူးလိုက်တယ်။ အဲဒီ Plate ကနေပြီး တော့ မင်တွေဟာစိုပြီးတော့ စက္ကူတွေပေါ်မှာ တစ်ရောင်ချင်းရိုက်တာ။ Offset ဟာ ကာလာ အပြည့်ရိုက်ရင် 4 Color လို့ခေါ်တယ်။ 4 Color ရိုက်မှ အရောင်စုံထွက်တယ်။ အဲဒီလို Color Region တွေကို တစ်ခုချင်းစီ ခွဲထုတ်ချင်းကို Color Separation လုပ်တယ်လို့ခေါ်တယ်။ Motion Media မှာကျတော့ အဲဒီလို ခွဲထုတ်စရာမလိုဘူး။ အားလုံးရောပြွမ်းနေတယ်။
Pixel ဆိုတာ ဘာလဲ။ ကျွန်တော်တို့ ကွန်ပျူတာမှာ အချိုးညီမျှတဲ့ လေးထောင့်ကွက် ကလေးတွေ များစွာနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လေးထောင့်ကွက်တစ်ကွက်စီမှာ မတူညီကြတဲ့ Color Range တစ်မျိုးစီပါပါတယ်။ ဥပမာ ပါးပြင်ပေါ်မှာ ရှိနေတဲ့ မှဲ့တစ်လုံး။ ဒီမှဲ့ကိုချဲ့ပြီးတော့ ကြည့်လိုက်ရင် လေးထောင့်အကွက်လေးတွေနဲ့ ထွက်လာလိမ့်မယ်။ ဒီမှဲ့ရှိနေတဲ့ ဧရိယာဟာ ဒီဧရိယာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါတွေက မှဲ့မရှိတဲ့ အသားဧရိယာ။ ဒီအသားရဲ့ တန်ဖိုးတွေ ဟာ RGB တန်ဖိုးတစ်မျိုးမျိုးပေါ့၊ သူ့မှာရှိလိမ့်မယ်။ အရောင်အတူတူ တန်ဖိုးအတူတူတွေ ရှိလိမ့်မယ်။ မှဲ့ရှိနေတဲ့နေရာကျတော့ RGB တန်ဖိုး နောက်တစ်မျိုးရှိလိမ့်မယ်။ Pixel တစ်ခုစီမှာ အရောင်တစ်မျိုးစီထက် ပိုပြီးမပါပါဘူး။ သူ့မှာပါတဲ့အရောင်တစ်မျိုးဆိုတာကလည်း ၁၆.၇ သန်းထဲ က ကြိုက်တဲ့တန်ဖိုးဖြစ်နိုင်တယ်။ ၁၆.၇ သန်းထဲကမှ ကြိုက်တဲ့တရောင်ဖြစ်နိုင်တယ်။ တစ်ရောင်ပဲနော်၊ Pixel တစ်ခုမှာ နှစ်ရောင်မပါဘူး။ Digital ပုံရိပ်တွေကို အဲဒီလို ဖွဲ့စည်းပါတယ်။ Pixel ဆိုတာနဲ့ ဖွဲ့စည်းပါတယ်။ ဒါကြောင့်မို့ VCD မကောင်းတဲ့ အခွေတွေကို ကြည့်လိုက်ရင် အကွက်အကွက်တွေထလာတယ်။ အဲဒါ Pixel တွေပေါ်လာတာ။ VCD ဆိုတာလည်း Digital နည်းပညာနဲ့ရေးသားထားတာပဲ။ အဲဒီလို Pixel တွေပါဝင်နိုင်စွမ်းအားဟာ TV နဲ့ပြန်ပြောကြည့်ရင် TV ရဲ့ Screen Area မှာ အလျားလိုက် Pixel ပေါင်း ၇၂၀ ရှိတယ်။ အနံက ၄၈၀ ရှိတယ်။ ခုနတုန်း က 240 x 180 ဆိုတဲ့ Ferry Movie လေးဟာ 720 x 480 ရဲ့ ဘယ်နှဆရှိသလဲ။ ၃၆၀ ပဲထားပါ တော့။ အဲဒါဘာလဲဆိုရင် 720 x 480 ရဲ့ သုံးပုံတစ်ပုံပဲသော ဧရိယာဖြစ်ပါတယ်။ ဒါပေမယ့် သုံးပုံတစ်ပုံ မဟုတ်ပါဘူး။ ကိုးပုံတစ်ပုံဖြစ်ပါတယ်။ ဘာကြောင့်လဲ Square Area ဖြစ်လို့ပါ။ ၇၂၀ ကို ၂၄၀ ပိုင်းလိုက်ရင် သုံးပိုင်းထွက်ပါတယ်။ 240 x 180 ဆိုတဲ့ ဧရိယာရဲ့ ဘယ်လောက်ရှိမှာလဲ။ ဒီ File လေးကို TV ပေါ်တင်ကြည့်လိုက်ရင် သူ့ရဲ့ True Size ဟာ TV ရဲ့ ကိုးပုံတစ်ပုံပဲရှိပါတယ်။ အဲဒီ 240 x 180 လေးကို TV အပြည့်စာသာ ဆွဲချဲ့လိုက်မယ်ဆိုရင် ဒီဟာလေးဟာ ကိုးဆဖြစ်သွားပါလိမ့်မယ်။ 240 x 180 မှာတုန်းက ဒီ Pixel ဟာ ဒီနေရာမှာ Pixel တစ်ကွက်ပဲပါ မယ်။ 240 x 180 တုန်းက သူဟာ Pixel တစ်ခုပဲဖြစ်ပါတယ်။ 720 x 480 ဆွဲတင်လိုက်ရင် အဲဒီနေရာဟာ ကိုးဆပွားသွားပါတယ်။ ဒီ Pixel လေးဟာ အတုံးကြီး ကြီးမသွားဘူးနော်။ ပြောင်းလိုက်တာနဲ့ မှုန်ဝါးဝါးကြီးနဲ့ Quality ကျသွားတယ်။ Quality ကျတယ်ဆိုတာ ဘာလဲ။ Pixel ပါဝင်တဲ့အား နည်းသွားတာပေါ့။ 240 x 180 ထဲမှာ ပါဝင်နိုင်တဲ့အရောင်တွေကို သူက ကိုးဆ Pixel တွေကို ဆွဲချဲ့ပစ်လိုက်တာ။ 720 x 480 ဆိုတဲ့ အတိုင်းအတာနဲ့ 640 x 480 ဆိုတဲ့ အတိုင်းအတာကို အမြဲတမ်းတွေ့ရပါလိမ့်မယ်။
ပြင်ပမှာ ဘယ်လိုပဲ အရောင်တွေရှိနေရှိနေ ကင်မရာထဲကို ရောက်တဲ့အခါမှာ၊ ကင်မရာထဲ ကရိုက်ထားတဲ့အရုပ်တွေ ကွန်ပျူတာထဲမောင်းထည့်လိုက်တဲ့အခါမှာ ကွန်ပျူတာဟာ လက်ခံပါ တယ်။ 720 x 480 သော Pixel တွေကိုပဲလက်ခံပါတယ်။ ဒီထက်ကြီးပြီးတော့ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့မျက်စိက မြင်နေရတဲ့အရုပ်ဟာ ပိုပြီးကောင်းပါတယ်။ မျက်စိက မြင်နိုင်စွမ်းအားဟာ အဲဒီ 720 x 480 ထက် အဆပေါင်းများစွာကြီးပါတယ်။ ဘာကြောင့်လဲ ကျွန်တော်တို့မျက်စိထဲ ဆံပင်တွေကို မသဲမကွဲပဲ မြင်ရတယ်။ အနီးကပ်ကြည့်တဲ့အခါမှသာ ဆံပင်တွေကို တစ်ခုချင်း၊ တစ်မျှင်ချင်းမြင်နိုင်တယ်။ ဝါးသွားချင်းမရှိဘူး။ ဒါက အပြင်ဧရိယာ။ ကင်မရာဆိုတဲ့သဘောက ထောင်ပြီးရိုက်တာ သူ့ရဲ့ဧရိယာထဲမှာ 720 x 480 အဖွဲ့အစည်းပဲပါမယ်။ ချဲ့ကြည့်လိုက်ရင် ဝါးသွားမယ်။ အဲဒီသဘောပဲ။ ရုပ်ရှင်ရုံတွေမှာ ပြသနေတဲ့ ဖလင်ဆိုတဲ့အကြောင်းအရာနဲ့ တိတ်ခွေ နဲ့ထွက်တဲ့ ဗီဒီယိုဆိုတဲ့ အကြောင်းအရာနှစ်ခု ကျွန်တော်တို့လောကမှာရှိတယ်။ ရုပ်ရှင်ကားတစ် ကားရဲ့ ကုန်ကျမှုဟာ သိန်း ခြောက်ရာ၊ ခုနစ်ရာ ရှိတယ်။ ဗီဒီယိုကားတစ်ကားရဲ့ ကုန်ကျမှုဟာ သိန်း ခြောက်ဆယ် ခုနှစ်ဆယ်ရှိတယ်။ ဗီဒီယိုက နည်းတယ်၊ ရုပ်ရှင်က များတယ်။ ရုပ်ရှင်ဆိုတာ က Quality ကကောင်းတယ်။ မျက်စိထဲမှာ အားရပါးရခံစားရတယ်။ အသံကို အားရပါးရခံစားရ တယ်။ ဗီဒီယိုဆိုတာ TV ပေါ်မှာ မြင်ရတာ။ ကြားထဲမှာ အနှောင့်အယှက်တွေ ဘာတွေရှိနိုင်သေး တယ်။ မျက်စိထဲမှာမြင်နေရတဲ့ TV ပေါ်က အရုပ်တွေကို ရုပ်ရှင်ရုံတွေပေါ်မှာ Projector နဲ့ထိုးပြီး ပြလို့မရဘူးလား။ ရတော့ ရတယ်၊ ဒါပေမယ့် Quality တော့ကျသွားတယ်။ ရုပ်ရှင်ဖလင်တစ်ခုရဲ့ File Size ကိုတွက်ကြည့်လိုက်ရင် သူဟာ 2200 x 1650 Pixel လောက်ရှိတယ်။ ဘယ်နှစ်ဆလဲ။ ၇၂၀ နဲ့ ၂၂၀၀ ဆိုရင် ကိုးဆအနည်းဆုံး။ ရုပ်ရှင်ဟာ ဗီဒီယိုထက် ကိုးဆ Quality ကောင်းတယ်။ ဒါကြောင့်မို့ ရုပ်ရှင်မှာ အရုပ်ကြီးတွေက အကြီးကြီးတွေဖြစ်ပေမယ့်လည်း Quality ကောင်း ကောင်းမြင်ရတယ်။ စံပြတို့ဘာတို့မှာတင်နေတဲ့ DVD ရုပ်ရှင်တွေဟာ ဗီဒီယိုနည်းပညာနဲ့ ရိုက်ပြီး တော့မှ ရုပ်ရှင်ရုံပေါ်တင်ပြီး ပြသတာ။ ဒါပေမယ့် သူက Size ကလေးကလည်းသေးတယ်။ ရုပ်ရှင် လို Panorama လို့ခေါ်တဲ့ Cinema Scope ကိုမရနိုင်ဘူး။ ရုပ်ရှင်ကအရုပ်တွေက အရှည်ကြီးနော်။ ဗီဒီယိုဆိုတာ လေးထောင့်ကျကျကြီး။ ဗီဒီယိုရဲ့ အချိုးက 4 : 3 ရှိတယ်။ 4 : 3 Aspect Ratio လို့ခေါ်တယ်။ ရုပ်ရှင်ကကျတော့ 16 : 9 ရှိတယ်။ ဆယ့်ခြောက်ချိုး ကိုးချိုးရှိတယ်။ ရုပ်ရှင်ကို ဘာကြောင့်လူတွေက တန်ဖိုးထားကြလဲဆိုတော့ ရုပ်ရှင်ဟာ တစ်နေရာတည်းမှာ လူတွေတစ်စု တစ်ဝေးထဲကြည့်လို့ရတယ်။ Quality ကလည်းတအားကိုကောင်းတယ်။ ဒါကြောင့်လူတွေ ရုပ်ရှင် ကိုကြည့်ခြင်းဖြစ်တယ်။ နည်းပညာအရကြည့်ရင်လည်း ရုပ်ရှင်ဟာ ဗီဒီယိုထက်ကို Quality ကောင်းတယ်။

No comments: