Saturday, September 6, 2008

Quality Control

အခုနတုန်းက ကြော်ငြာရိုက်ခွေကို Capture ဖမ်းလိုက်တယ်။ ပြီးရင် Edit လုပ်လိုက်တယ်။ Edit လုပ်ပြီးသားဟာကို Refine ပြန်လုပ်ချင်တဲ့အခါကျတော့ စာလုံးတွေ၊ Effect တွေကို ပြင်ပ အခြား Software တွေထဲမှာ မျိုးစုံလုပ်လိုက်တယ်။ ပြီးရင် ခုနတုန်းက ဆက်ထားတဲ့ဟာတွေ အားလုံးကို After Effect ထဲမှာပေါင်းပြီးတော့ Render ပြန်ထုတ်တယ်။ Render လုပ်ပြီးတော့ စိတ်ကြိုက် Movie လေးတစ်ခု ရတော့မှ ကျွန်တော်တို့ဟာ VCD, DVD အဖြစ်ပြန်ပြီးတော့ Compress လုပ်ချလိုက်တယ်။ ပြီးတော့မှ Writer တွေနဲ့ ပြန်ခုတ်လိုက်တယ်။ VCD ဆိုရင်လည်း CD Writer ၊ DVD ဆိုရင်လည်း DVD Writer ။ စသည်ဖြင့် ဒီပစ္စည်းလေးတွေကတော့ လိုအပ်တာ ပေါ့။ ကျွန်တော်တို့တွေ ပြန်ပြီးတော့ ခုတ်လိုက်ကြတယ်။ အခု Internet ကခေတ်စားလာတော့ Internet ထဲမှာ ထည့်ဖို့အတွက်ကို Web Side တွေထဲမှာ Movie Clip လေးတွေ ထည့်တာရှိ တယ်။ Size သေးသေးလေးတွေနဲ့။ Click လေး ထောက်ကြည့်လိုက်ရင် Movie လေးက ပေါ်လာ တယ်။ အဲဒီ Web Side အတွက်လည်း ကျွန်တော်တို့က လုပ်ပေးရတယ်။ MPEG 4 နဲ့သော် လည်းကောင်း၊ အခြားသော AVI File, Quick Time File သေးသေးလေးတွေနဲ့ သော်လည်း ကောင်းလုပ်ပေးရတယ်။ အဲဒီအတွက် ကျွန်တော်ဟာ နောက်ဆုံးမှာ Compression လုပ်တဲ့ Theory တွေကို ထပ်ပြီးတော့သင်ပေးပါမယ်။ Compress လုပ်တယ်ဆိုတာဘယ်လိုလုပ်ရသလဲ။ အဲဒီတော့ Quality ဆိုတဲ့နေရာမှာ ခုနတုန်းက ဒီလိုမောင်းထည့်လိုက်တာတော့ ဟုတ်ပါပြီ။ ဒီဟာ တစ်ခုကို ကိုယ်ရိုက်ကူးထားတဲ့ ကင်မရာထဲမှာရှိနေတဲ့ အခွေမှာရှိနေတဲ့ Quality အတိုင်း မြန်မာ့အသံ မြဝတီအတိုင်း လွှင့်ချင်တာ။ အဲဒီမှာ Quality ဆိုတာကို ဘယ်လိုထိန်းမလဲဆိုတဲ့ ကိစ္စရှိတယ်။
ဘာကြောင့်မို့လို့ Video Capture Card တွေကိုသုံးရတာလဲ။ ဘာလို့ သိန်းနှစ်ဆယ်တွေ၊ သိန်းသုံးဆယ်တွေပေးပြီးတော့ ဝယ်ကြတာလဲ။ အဓိကက Quality ပါပဲ။ ခုန ကျွန်တော်ပြောသလို ပေါ့။ Video Capture Card ရဲ့ လုပ်ငန်းစဉ်ကဘာလဲ။ အပြင်မှာရိုက်ထားတဲ့ ရိုက်ခွေထဲက Quality အတိုင်း တသွေမတိမ်းရအောင် ဖမ်းပေးနိုင်တယ်လေ။ Capture ရပြီ ။ File ဖြစ်သွားပြီ။ အဲဒီ File ကို Play ကြည့်လိုက်ရင် အပြင်မှာ ခုနတုန်းကတွေ့တဲ့အတိုင်း ပြန်ရတယ်။ အစ်ကိုတွေ၊ အစ်မတွေ အခွေကူးဖူးကြမှာပေါ့။ အောက်စက်နှစ်လုံးကိုဆင့်ပြီးတော့ ပေါ်ခွေကနေ အောက်ခွေ ထဲကို ကူးထည့်လိုက်တယ်။ ဘယ်လိုမှမတူနိုင်ဘူး။ အပေါ်ခွေကို ကြည့်လိုက်ရင် ကောင်းတယ်။ အောက်ခွေကို ကြည့်လိုက်ရင် နည်းနည်းလေးတော့ ကျတာပဲ။ ဒါဟာ အပြင်လောကမှာ ဘယ်လို မှ မလွှဲမရှောင်သာဖြစ်တာပဲ။ ကျွန်တော်တို့ဆီမှာကျတော့ အဲလောက်ကြီးမဖြစ်တော့ဘူး။ အပြင် မှာထိုးကြည့်လိုက်တဲ့ Quality နဲ့ Capture ဖမ်းပြီးတော့မှ ကြည့်တဲ့ Quality နဲ့က တော်ရုံတန်ရုံ လူပြိန်းမျက်စိနဲ့ဆို လုံးဝမသိသာဘူး။ အတူတူပဲ။ ဒါကြောင့်မို့လဲ ဒီ Capture Card တွေကို ဈေးကြီးပေးပြီးတော့ ဝယ်ကြတာပဲ။ တစ်ခါ မြန်မာ့အသံ၊ မြဝတီမှာ လွှင့်ထုတ်ဖို့အတွက် ဒီ Quality အတိုင်းရအောင် ဘာတွေနဲ့ ကျွန်တော်တို့ ပို့ကြမှာလဲ။ မြန်မာ့အသံ၊ မြဝတီရဲ့ တကယ့် Professional Video Format ဟာ Betacam ဖြစ်ပါတယ်။ အဲဒီ Betacam အမျိုးအစားဟာ အပြင်မှာ တွေ့ရခဲပါတယ်။ သူ့ရဲ့ စက်ကြီးဟာလည်း အကြီးကြီးပါ။ အဲဒီ Betacam အခွေထဲကို ခုန ကားဆက်ထားတဲ့ဟာ တွေမောင်းသွင်းလိုက်လို့ရှိရင် ခုနကလိုပဲ ဒီမှာတွေ့တဲ့ Quality အတိုင်း တသွေမတိမ်းဝင်သွားပါ တယ်။ သူက Professional လေ။ အခွေလွတ် တစ်ခွေကို တစ်သောင်းပေးရတယ်။ သုံးဆယ်မိနစ် စာ အခွေလွတ်တစ်ခွေကို တစ်သောင်းပေးရတယ်။ စက်တစ်လုံးရဲ့ တန်ဖိုးက သိန်းလေးဆယ် လောက်တန်တယ်။ အဲဒီအတွက် ကျွန်တော်တို့ဟာ အဲဒီအခွေလေးကိုယူပြီး မြန်မာ့အသံ မြဝတီ ကို ဒါကတော့ ကျွန်တော့်ကြော်ငြာပါဆိုပြီး သွားပေးလိုက်တော့မှ မြန်မာ့အသံ၊ မြဝတီက ထုတ်လွှင့်ပေးတာပါ။ ကျွန်တော်တို့ အခုကြည့်နေတဲ့ တရုတ်ကားတွေ အကုန်လုံး Betacam နဲ့လာတာ။ Betacam အခွေအကြီးကြီးတွေ တရုတ်ပြည်ကဝယ်တာ၊ လက်ဆောင်ပေးတာလည်း ရှိတယ်။ ဇာတ်လမ်းတွဲတစ်ခုကို အခွေလေးဆယ်တို့၊ အခွေ ငါးဆယ်တို့။ အဲဒါကြီးတွေနဲ့ပြတာ။ ဒါမို့လို့ Quality ကောင်းတာပါ။ တီဗွီကလာတဲ့ ပေါ်လစီကားတွေ Quality မကောင်းဘူးလား။ ကောင်းတယ်။ ကျွန်တော်တို့ အပြင်မှာ ငှားကြည့်တဲ့ ဗီဒီယိုခွေနဲ့ တူလား။ မတူဘူး။ ကြည်တောက်နေတာပဲ။ ဘာကြောင့်လဲ ကိုဇင်ယော်မောင်မောင်တို့ ဘာတို့က ရိုက်ကတည်းက Betacam နဲ့ ရိုက်တာ။ ဆက်တော့ အဲဒီကွန်ပျူတာတွေနဲ့ ဆက်တာ။ ပြီးရင် တစ်ခါတည်း အဲဒီ Betacam တွေနဲ့ မြန်မာ့အသံကို လွှင့်ခိုင်းတာ။ မတူဘူး။ ကျွန်တော်တို့ မြန်မာဗီဒီယိုကား ဆိုတာက ရိုက်တော့ ရိုးရိုး VHS အခွေလေးနဲ့ ရိုက်တာ။ ကားဆက်တော့ ကွန်ပျူတာတွေဘာတွေ မတတ်နိုင်ဘူး။ Jogging နဲ့ Analog Editing ဆိုတာ။ Deck to Deck ဆက်တာ။ ကွန်ပျူတာ အခြေခံမဟုတ်ဘူး။ အဲဒါတွေနဲ့ဆက်တယ်။ ပြီးရင် အခွေနဲ့ပြန်ထုတ်တယ်။ Quality တွေက မှုန်တိ မှုန်ဝါးဖြစ်သွားတယ်။ အဲဒီလိုမျိုး Professional Quality ရအောင် Output ထုတ်ရတဲ့ စက်တွေကိုလည်း မြင်ထားရတယ်။ အဲဒီစက်တွေကိုလည်း သိထားရမယ်။

No comments: