Thursday, September 11, 2008

Storage Media & Data Rate

ကျွန်တော်တို့ဆီမှာ ပုံမှန်အလုပ်လုပ်တဲ့အခါ ရိုးရိုးကွန်ပျူတာတွေမှာ 4.5 MB/S နဲ့ဖမ်းလို့ ရှိရင်တောင်မှ မိနစ် သုံးဆယ်စာဆိုရင် 7 GB ရှိတယ်။ တစ်နာရီကို 14 GB ရှိတယ်။ တကယ်လို့ ကိုယ်က ရုပ်ရှင်တစ်ခုကို နာရီဝက်စာကို တစ်ဖိုင်တည်းပဲဖမ်းလို့ရှိရင် နာရီဝက်စာပမာဏကြီးဟာ 7 GB ရှိတယ်။ နည်းတဲ့ ပမာဏကြီးမဟုတ်ဘူး။ Pentium 4 တော်ရုံတန်ရုံလောက်နဲ့ အလုပ်လုပ် လို့မရတာ အဲဒါပဲ။ ရုပ်ရှင်တစ်ကားရိုက်လို့ရှိရင် Raw အခွေက ၂၀ လောက်ရှိတယ်။ နှစ်ဆယ် လောက်ကို နှစ်နာရီစာပြန်ဆက်မယ်ဆိုရင် အနည်းဆုံး အထဲကို ခြောက်နာရီစာလောက် ဒါမှမ ဟုတ် လေးနာရီစာလောက် ထည့်ထားရတယ်။ အဲဒီထဲမှာ Raw တွေကိုပြန်ဆက်တာ။ ရုပ်ရှင် တစ်ကား လေးနာရီဆိုရင် 56 GB ကုန်မယ် ကုန်မယ်။ ကျွန်တော်တို့ဟာ အလုပ်လုပ်တဲ့အခါမှာ 40 GB လောက် သွားထည့်ထားရုံနဲ့ အလုပ်လုပ်လို့မရဘူး။ 40 GB ကသက်သက် တစ်ဘက်က နေပြီးတော့ 120 GB တို့ 60 GB တို့ ထပ်ထည့်ထားမှ ရုပ်ရှင်တစ်ကားလောက် ဆက်လို့ရမယ်။ ဘာကြောင့်လဲဆိုတော့ 80 GB ရှိတဲ့ Hard Disc တစ်လုံးကို 80 GB အပြည့် Storage မလုပ်ရဘူး။ 80 GB ကို ကျပ်နေအောင်သွင်းလိုက်ရင် Data တွေကို ပြန်ပြီးတော့သုံးစွဲလို့ရှိရင် နည်းနည်း ပြဿနာရှိတယ်။ 5 GB လောက်ချန်ထားပေးရတယ်။ 80 GB ကိုသုံးချင်ရင် 75 လောက်အထိသုံး လို့ရတယ်။ ကျန်တဲ့ 5 GB ကို နေရာအလွတ်ကလေး နည်းနည်းချန်ထားပေးရတယ်။ အဲဒါချန်ထား ပေးမှ Audio , Video တွေကို Edit လုပ်တဲ့အခါမှာ ချောင်ချောင်ချိချိသွားတယ်။ 75 GB ချန်ထား တဲ့ Hard Disc က ငါးနာရီစာပဲ Capture လုပ်လို့ရတယ်။ Data Transfer Rate ဆိုတာက Customize ပါ။ ကိုယ်ပြုပြင်ပေးလို့ရတယ်။ 4.5 နဲ့လိုချင်ရင် 4.5 နဲ့ ဖမ်းလို့ရတယ်။ 3.5 နဲ့ လိုချင်ရင် 3.5 နဲ့ဖမ်းလို့ရတယ်။ 9.0 နဲ့လိုချင်ရင် 9.0 နဲ့ဖမ်းလို့ရတယ်။ အဲဒါဟာ ကိုယ်ဝယ် လိုက်တဲ့ Card ပေါ်မှာ မူတည်တယ်။
Video Capture Card လောကမှာ Home Video အတွက် သုံးတဲ့ Video Capture Cardဆိုတာ ရှိတယ်။ Semi-Professional သုံးတဲ့ Video Capture Card တွေရှိတယ်။ Professional သုံးတဲ့ Video Capture Card တွေရှိတဲ့အပြင်ကို Studio Type ဆိုတဲ့ Video Capture Card တွေရှိတယ်။ Studio Type Video Capture Card တွေဟာ ခုနပြောတဲ့ ITU-R 601 ဆိုတဲ့ 26.01MB/s ရှိတဲ့နှုန်းထားအထိ ထားပြီးတော့ဖမ်းလို့ရတယ်။ Professional Card တွေဟာ 15.0 MB/s အထိဖမ်းလို့ရတယ်။ Semi-Professional ထဲမှာ ကျွန်တော်တွေ့ဖူး တာ အများဆုံးက 3.6 ပဲတွေ့ဖူးတယ်။ Home Video သည် 2.5 အောက်မှာပဲရှိတယ်။ Video Capture Card တစ်ခုရဲ့ ဈေးနှုန်းဟာ ဘာလို့ကွာသွားသလဲဆိုရင် အဲဒီပေါ်မှာမူတည်တယ်။ Data Transfer Rate ကောင်းရင် အရုပ် Quality ကောင်းမယ်။ Data Transfer Rate မကောင်းရင် အရုပ် Quality မကောင်းဘူး။
Home Video, Semi-Professional, Professional နဲ့ Studio Type ဆိုပြီး လေးမျိုးခွဲခြား ထားတယ်။ Home Video ဆိုတဲ့ Card လေးတွေဟာ ရှစ်သောင်းကနေ နှစ်သိန်း သုံးသိန်း ပတ်ဝန်းကျင်လောက်မှာရှိတယ်။ Semi-Professional ဆိုတဲ့ Card က လေးသိန်းကနေ သိန်းနှစ်ဆယ်ပတ်ဝန်းကျင်လောက်ရှိတယ်။ Professional Card ကတော့ သိန်းအစိတ်ကနေ သိန်းနှစ်ရာလောက်ထိ ရှိတယ်။ Studio Type တွေကတော့ အနည်းဆုံး သိန်းခြောက်ရာလောက် ရှိတယ်။ အဲဒါ Video Capture Card တွေချည်းပဲနော်။ ဘာမှမပါဘူး။ Card ဝယ်လိုက်ရင် ဘာ Unit တွေပါလဲ။ မနေ့က ကျွန်တော်ပြောခဲ့ပြီ။ Breakout Box တစ်ခုပါမယ်။ အထဲမှာစိုက်တဲ့ Card တစ်ခုပါမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်ရှိအလုပ်လုပ်စားနေကြတာ Semi-Professional Card တွေနဲ့ပဲ အလုပ်လုပ်စားနေကြတာ။ 3.6 MB/s ရှိတယ်။ အဲဒါနဲ့ ဖမ်းနိုင်တဲ့ အခြေအနေ ရှိတယ်။ Professional နဲ့လုပ်စားနေတဲ့ Video Editing ခန်းက ဆယ်ခု ဆယ့်ငါးခုလောက်ပဲ ရှိတယ်။ ပြီးတော့ ဈေးနှုန်းချင်းလည်းမတူဘူး။ Semi-pro Card နဲ့ တစ်ဂျူတီစာကားဆက်မယ် ဆိုရင် တစ်သောင်းခွဲလောက်ပဲပေးရတယ်။ Professional Card နဲ့ဆိုရင် နှစ်သောင်းကနေ သုံးသောင်းအထိပေးရတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ သူတို့ကလည်း ရင်းနှီးမြှုပ်နှံထားရတာ ချင်းမတူတော့ သူတို့ယူတဲ့ဈေးတွေကလည်းမတူဘူး။ Semi-pro Card က သိန်းနှစ်ဆယ်လောက် ဝယ်ပြီးတော့ Pentium လိုဟာမျိုးထဲမှာပဲ စိုက်လိုက်တယ်။ Canopus DV Strom 2။ ဒါဆိုရင် ပေါက်ဈေး ဆယ့်ခြောက်သိန်းလောက် ရှိတယ်။ ဒါဟာ Semi-Professional တန်းမှာရှိတယ်။ အချို့တွေဆိုရင် အဲဒါနဲ့ ကြော်ငြာလောက်ထိဆက်ကြတယ်။ DVD, VCD တွေလည်း အဲဒါနဲ့ပဲ ဆက်တာတွေ့ရတယ်။ ဘာဖြစ်လို့ဈေးနှုန်းချင်းကွာသွားတာလဲဆိုတော့ Data Transfer Rate ပေါ်မှာ တစ်ချက်မူတည်သလို VIA လို့ခေါ်တဲ့ ကြိုးတွေအဝင်အထွက် လုပ်လို့ရတဲ့အပေါ်မှာ လည်းမူတည်ပါတယ်။ VIA ဟာ Professional Card အစစ်ဆိုရင် ဘယ်လိုသတိထားနိုင်သလဲဆို တော့ ကျွန်တော်တို့ Betacam လို့ခေါ်တဲ့ အောက်စက်တစ်မျိုးရှိတယ်။ ပေါင်လေးဆယ်လောက် လေးတယ်။ တစ်လုံးကို သိန်းခုနစ်ဆယ်လောက်ပေးရတယ်။ မြန်မာ့အသံမှာ အများကြီးရှိတယ်။ Betacam Player Recorder ဆိုတာ။ အဲဒီ Betacam ဆိုတာ ထုတ်လွှင့်တဲ့နေရာမှာ အကောင်း ဆုံးသော Master Format ဖြစ်တယ်။ Betacam အခွေဟာ အသေးနဲ့ အကြီး နှစ်မျိုးရှိတယ်။ အိမ်မှာကြည့်နေတဲ့အခွေတွေနဲ့ ဘာမှမဆိုင်ဘူး။ တိပ်သားတွေဘာတွေရော အရမ်းကောင်းတယ်။ Betacam ဟာ အရုပ်ချည်းပဲ 3 Channel ထွက်တယ်။ အရုပ်ကြိုးက ရိုးရိုးအိမ်သုံးဆိုရင် တစ်ကြိုးပဲ ထွက်တယ်။ Betacam က အရုပ်ချည်းပဲ သုံးကြိုးထွက်တယ်။ အသံက နှစ်ကြိုးထွက်တယ်။ Input မှာတင် ငါးကြိုးဝင်သွားတယ်။ Betacam Output ပြန်ထွက်လာရင် နောက်ထပ် ငါးကြိုးပြန်ထွက် လာတယ်။ သူ့အတွက်က Breakout Box မှာတင် Betacam အတွက်ချည်းပဲဆယ်ပေါက်ပါရမယ်။ Input အတွက်က ငါးပေါက်ရယ်။ Output အတွက်က ငါးပေါက်ရယ်။ အရုပ်သုံးကြိုးနဲ့ အသံနှစ်ကြိုးနဲ့။ Professional လို့ပြောလို့ရတဲ့ Card တွေဟာ အကုန်လုံး Betacam အတွက်ကို Component VIA ပါတယ်။ Semi-Professional အထိက ဘာပါလဲဆိုတော့ နံပါတ်တစ် Composite လို့ခေါ်တဲ့ အိမ်သုံးအောက်စက်နဲ့ သုံးတာရယ်၊ SVHSလို့ခေါ်တဲ့ Quality Super VHS တွေအတွက် S Video အတွက်ရယ်၊ Digital Video အတွက် IEE 1394 ဆိုတဲ့ Fire Wire အပေါက်ရယ် ဒီသုံးကြိုးပဲပါတယ်။ Capture Card တစ်ခုရဲ့ ဖမ်းယူနိုင်စွမ်းအားပေါ်မှာ မူတည်ပြီး သူတို့ရဲ့ လုပ်နိုင်တဲ့ Function တွေရယ်၊ သူတို့ရဲ့ Quality တွေရယ်ဟာလည်းခြားနားသွားတယ်။
Data Transfer Rate ကိုအရှင်ထားသလဲဆိုတော့။ ဥပမာ ကျွန်တော်တို့ အလုပ်လုပ်ကြ တယ်။ ဒါက C ၊ ဒါက D။ C ဆိုတဲ့ Hard Disc ကို Hard Drive လို့ခေါ်တယ်။ D ကျတော့ Storage Hard Drive လို့ခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ C ဆိုတဲ့ Hard Disc ရဲ့ အလုပ်က နံပါတ်တစ် Window ကြီးတက်လာအောင်လုပ်ပေးရတယ်။ Window တက်လာဖို့အတွက် System File တွေဟာ Hard Disc ထဲမှာ ထည့်ထားရတယ်။ Window တက်လာပြီးရင် Video Card ကိုစိုက်ထားတဲ့အတွက် Video Card နဲ့ ပတ်သက်တဲ့ System File တွေကို ထည့်ထားပေး ရမယ်။ ဒီ Video Card နဲ့ အလုပ်တွဲလုပ်မယ့် Software တွေ။ သူ့ရဲ့အလုပ်က အရမ်းများသွားပြီ နော်။ Window တက်လာအောင်လုပ်ရမယ်။ Video Card ကိုနားလည်အောင် လုပ်ပေးရမယ်။ Software တွေကိုနားလည်အောင် လုပ်ပေးရမယ်။ သူ့မှာအလုပ်တအားများတဲ့အတွက် သူ့အထဲ မှာ ဗီဒီယိုရုပ်သံတွေကို သိမ်းဆည်းခြင်းမပြုရပါဘူး။ သူ့ကို သက်သက်ထားရပါတယ်။ ကွန်ပျူတာ တစ်လုံးဝယ်လိုက်ရင် C ဆိုတဲ့ Hard Disc တစ်လုံးပါလာလိမ့်မယ်။ C Hard Disc ဟာ Pantium4 ဆိုရင် 40 GB ရှိတယ်။ အဲဒီ 40 GB ကိုမထိပါနဲ့။ သူ့ဆီမှာ Video Data တွေသွားမသိမ်းပါနဲ့။ နောက်ထပ်တစ်လုံး ထပ်ထည့်ပါ။ ထပ်ထည့်ပြီးတော့မှ အဲဒီ Hard Disc ကိုကျတော့မှ ခုန System File တွေဘာမှမထည့်ပဲနဲ့ အလွတ်ထားပါ။ Storage Hard Drive ဖြစ်တယ်။ ရုပ်သံတွေကို အဲဒီမှာ သိမ်းဆည်းပါ။ ကျွန်တော်တို့ စက်တစ်လုံးဆင်တဲ့အခါမှာ C က 40 ရှိမယ်။ နောက်တစ် လုံးထပ်ထည့်တာက 60 GB ရှိမယ်။ အဲဒီ 60 GB မှာ ကျွန်တော်တို့က 40 GB သုံးထားတယ်။ သူ့မှာ Free Space က 20 GB ကျန်မယ်။ ဒီ 20 GBကို 16 GBလောက်ပဲသုံးလို့ရမယ်။ အများဆုံး သုံးမှ 17 GB လောက်ပဲသုံးလို့ကောင်းမယ်။ 3 GB လောက်ကို ခဏထားမယ်။ ကျွန်တော်တို့တွေ 60 GB ကို 40 GB သုံးထားတယ်။ 20 GB ကျန်တယ်။ 20 GB မှာ အများဆုံးသုံးနိုင်တဲ့ Storage က 17 GB ပဲရှိတယ်။
ကျွန်တော့်မိတ်ဆွေတစ်ယောက် ကျွန်တော့ဆီလာတယ်။ နာရီဝက်စာလောက် မှတ်တမ်း လေးတစ်ခု တည်းဖြတ်ချင်တယ်တဲ့။ အဲဒီမှတ်တမ်းတည်းဖြတ်ဖို့ ရိုက်ထားတဲ့ ရိုက်ခွေက တစ်နာရီ ခွဲစာရှိတယ်။ တစ်နာရီခွဲစာ အလုပ်လုပ်ပေးစမ်းပါတဲ့။ ကျွန်တော်က တွက်ကြည့်လိုက်တယ်။ ကျွန်တော့် Card က 4.5 နဲ့ဖမ်းလို့ရတယ်။ ဒါက တစ်စက္ကန့်စာ။ ၆၀ နဲ့မြှောက်ရင် တစ်မိနစ်စာရ တယ်။ တစ်မိနစ်စာကို 270 MB ကုန်မယ်။ တစ်မိနစ်စာကို ၆၀ နဲ့ထပ်မြှောက်လိုက်ရင် တစ်နာရီ စာရတယ်။ 16200 MB ကုန်မယ်။ တစ်နာရီစာကိုမှ အစား ၂ ဆိုရင် 8100 ရတယ်။ 8100 နဲ့ခုနက 1600 ပေါင်းကြည့်လိုက်ရင် တစ်နာရီခွဲစာရမယ်။ တစ်နာရီခွဲစာသော Hard Disc Space ဟာ 23.7 GB ရှိတယ်။ 4.5 နှုန်းနဲ့ ကျွန်တော်စံထားပြီး အလုပ်လုပ်တဲ့အခါမှာ ဘယ်လောက်ကုန်သွား သလဲဆိုတော့ 23.7 GB ကုန်သွားတဲ့အတွက် ဒီအလုပ်ဟာ ကျွန်တော့ဆီမှာ လက်ခံစရာ အကြောင်းမရှိဘူး။ ကျွန်တော့်ဆီမှာ တစ်နာရီခွဲစာ ဖမ်းလို့မရဘူး။ ကျွန်တော့် Hard Disc က ပြည့်နေတယ်။ နည်းနည်းလျှော့ဖမ်းလို့ရမလားလို့ ပြောကြည့်တော့ - ရတယ် Quality တွေ ဘာတွေ သိပ်ပြဿနာမရှိဘူး။ ဒါလေးဆက်လို့ရရင် ပြီးတာပဲဆိုရင် ကျွန်တော်လျှော့လို့ရပြီ။ 2.5MB/s အမြှောက် ၆၀ ဆိုရင် တစ်မိနစ်ရမယ်။ အမြှောက် ၆၀ ဆိုရင် တစ်နာရီစာရမယ်။ တစ်နာရီခွဲစာကို 1024 နဲ့စားရင် GB ရမယ်။ 13.1 GB ကျွန်တော် ကောင်းကောင်းအလုပ်လုပ်လို့ ရတယ်။ စေတနာနည်းနည်းပါရင် Data Rate ထပ်တင်ပေးလို့ရတယ်။ 3 နဲ့တစ်ခါပြန်တွက်ကြည့် တယ်။ 3 MB/s အမြှောက် 60 ဆိုရင် တစ်မိနစ်စာ။ အမြှောက် 60 ဆိုရင် တစ်နာရီစာ။ 10800။ 10800 တစ်ဝက်က 5400 ။ ပေါင်းတော့ 16200 ။ အစား 1024 ဆိုတော့ 15.8 Gigabyte ။ တစ်နာရီခွဲစာဖမ်းရင် 3.0 MB/s နဲ့ဖမ်းလိုက်တဲ့အချိန်မှာ 15.8 GB ရှိပါတယ်။ သူ့ကို 3.0 MB/s နဲ့ လက်ခံပြီးတော့ အလုပ်လုပ်ပေးလိုက်တယ်။ သူက တော်ရုံတန်ရုံလောက်ပဲ ကားဆက်တဲ့အခါကျ တော့ တစ်ဂျူတီတည်းနဲ့ ပြီးသွားတယ်။ တစ်သောင်းခွဲပဲကျတယ်။ ဒါတွေကို မသိရင် ဖမ်းလို့မရ ဘူးဆိုပြီး မလုပ်ဘဲနေလိုက်ရင် ကိုယ်ပဲအလုပ်လွတ်သွားမယ်။ အဲဒီသဘောတွေရှိတယ်။
အဲဒီတော့ Data Transfer Rate ဆိုတာ ပြန်ပြောလို့ရှိရင် ရုပ်သံတစ်ခုကို Hard Disc ထဲကို Data အဖြစ် သိမ်းဆည်းတဲ့အခါမှာ ကူးပြောင်းစဉ်ကတည်းက ကူးပြောင်းလာခဲ့တဲ့နှုန်းထား ကို Editor ကနေ သတ်မှတ်ပေးရတယ်။ တကယ်လို့ မသတ်မှတ်ပေးခဲ့ဘူးဆိုရင် Default Factory Setting စက်ရုံကထုတ်လုပ်လိုက်တဲ့ Setting အတိုင်းပဲသွားလိမ့်မယ်။ Video Capture Card တွေဝယ်လို့ရှိရင် Card တွေရဲ့အပေါ်မှာ Factory Setting တွေပါတယ်။ အဲဒါတွေကိုလိုက် ကြည့်ရတယ်။ Data Transfer Rate ကြီးတဲ့အခါမှာ အလုပ်လုပ်တဲ့အခါ Quality ကောင်းတာမှန် ပေမယ့် ကိုယ့်စက်ဟာ Loading တအားကြီးတယ်။ တစ်အားကို သတိထားရတယ်။ အဲဒီတော့ ကျွန်တော်တွေ့ဖူးသလောက်က ရန်ကုန်မှာ 12.0 MB/s ရတဲ့ Video Capture Card တွေကို Apple Macintosh စက်တွေမှာပဲတွေ့ဖူးတယ်။ IBM မှာစိုက်တဲ့စက်တွေဟာ 15.0 လောက်အထိ ရတာတွေ့ဖူးတယ်။ အဲဒါအများဆုံး။ DPS Velocity ဆိုတဲ့ Card ။ Version 5.0 ဆိုပြီးတော့ သူက Professional Card ။ သူက Up To Date ပေါ့ ။ 3.6 ထက်များသွားတော့ Proလို့သတ်မှတ်တယ်။ 3.6 ထက်များတဲ့အပြင်ကို Betacam အတွက် Component Input, Output တွေပါတယ်။ ဒါကြောင့်သူ့ကို Professional လို့သတ်မှတ်တယ်။ သူက 5.0 ရတယ်။ Average Data Transfer Rate ကိုလိုချင်လို့ရှိရင် Total Size ကို MB ဖွဲ့ရမယ်။ ပြီးရင်သူ့ကို Duration နဲ့စားရမယ်။ Duration ကလည်း စက္ကန့်ဖြစ်ရမယ်။ File ရဲ့ Total Size ကဘယ်လောက်လဲ။ သူ့ရဲ့ Duration ကဘယ်လောက်လဲ။ ကျွန်တော်ပြောင်းပြန် ပြန်တွက်ပြမယ်။ Ferry Movie ရဲ့ Properties ကို ဖော်ပြထားတဲ့နေရာမှာ သူ့ရဲ့ Total Duration က 8 Second နဲ့ 28 Frame ။ 28 Frame ဆိုတော့ 9 Second နားကိုနီးနေပြီ။ 6.25 KB ကို 1024 နဲ့မြှောက်ရမယ်။ ။ မက်ဂါဗိုက်ကို ကီလို ဗိုက်လုပ်ချင်လို့။ 6400 ဆိုတာ သူ့ရဲ့ Total Size ။ ကီလိုဗိုက်ဖွဲ့ထားတာ။ အဲဒါမှ 9 နဲ့စားမယ်။ 711 ထွက်တယ်။ သူတွက်ထားတာက 716 ရှိတယ်။ ဘယ်လောက်မှမကွာဘူးနော်။ Average လို့ ပြောကတည်းက သူက အတိအကျထွက်ချင်မှ ထွက်မယ်။ ဒါပေမယ့် အနီးစပ်ဆုံးထွက်တယ်။
နောက်တစ်ခုကြည့်ရအောင် ferry ပြီးလို့ရှိရင် နောက်တစ်ခုတွက်ကြည့်ရအောင်။ Sail by Movie တဲ့။ သူ့ရဲ့ Total Size ကဘယ်လောက်လဲဆိုတော့ 2.31 MB/s /1024 နဲ့မြှောက်။ 2365 KB ရှိမယ်။ သူက 5 Second နဲ့ 10 Frame ဆိုတော့ 5.35 နဲ့ စားလိုက်ရင်ရတယ်။ 442 ရတယ်။ သူကဘယ်လောက်ရှိလဲ။ 444 ရှိတယ်။ အဲဒါကိုပြောတာ Total Size ကို MB ဆိုရင် KB ဖွဲ့လိုက်။ ဒါဆိုရင် Average Data Rate ဆိုပြီးထွက်လာတယ်။ ခုန ကျွန်တော်ပြောသလိုပေါ့ ကိုယ့်မှာ Hard Disc Space ကဘယ်လောက်ရှိတာလဲ။ Customer လာအပ်တဲ့ Duration ကဘယ်လောက်ရှိတာ လဲ။ ခုန ကျွန်တော်ပြောသလိုပြောင်းပြန် ပြန်တွက်တာပဲ။ ဥပမာ ကိုယ့်မှာ Hard Disc Space က 17 ကျန်မယ်။ Customer ကလာအပ်တာ တစ်နာရီခွဲ။ ကိုယ့်စက်ရဲ့ Data Transfer Rate ကဘယ် လောက်လဲ။ 3.0 ။ အဲဒါကိုမှ ကျွန်တော်ပြန်လှည့်ပြီး မြှောက်လိုက်တဲ့အခါမှာ ကိုယ်အလုပ်လုပ် နိုင်ခြေရှိမရှိဆိုတာကို ပြန်ပြီးတော့တွေ့တယ်။
တစ်ခုလောက် ကျွန်တော်တို့ စမ်းကြည့်ရအောင်။ ကျွန်တော် Hard Disc ထဲမှာ 24 GB ပိုတယ်တဲ့။ သုံးနာရီစာ ကျွန်တော်အလုပ်လုပ်ချင်တယ်။ 24 GB ကို သုံးနာရီဖမ်းချင်တယ်ဆိုတော့ ကျွန်တော်ဘယ်လောက် Data Transfer Rate နဲ့ဖမ်းလို့ရသလဲ ဆိုတဲ့ဟာကို ပြောင်းပြန် ပြန်တွက်ပြမယ်။ 24 GB ကို MB ဖွဲ့တော့ 1024 နဲ့မြှောက်မယ်။ ဒါက Hard Disc Space ရဲ့ Free MB ဖြစ်သွားပြီ။ သူ့ရဲ့ Duration ကသုံးနာရီဆိုတော့ 60 Minute သုံးခါဆိုတော့ တစ်ရာ့ရှစ်ဆယ် မိနစ်။ ခြောက်ဆယ်နဲ့ တစ်ခါထပ်မြှောက်ရင် စက္ကန့်ဖြစ်သွားမယ်။ 10800 စက္ကန့်ရှိတယ်။ သုံးနာရီ ဆိုတာ တစ်သောင်းရှစ်ရာ စက္ကန့်ရှိတယ်။ ခုနက 25190 MB ကို 10800 နဲ့စားရမယ်။ 2.3 ထွက် တယ်။ ကျွန်တော် 27 GB ထဲကို Capture ဖမ်းချင်ရင် ကျွန်တော် 2.3 MB/s နဲ့ဖမ်းရမယ်။ ကိုယ်ဖမ်းလို့ရတဲ့ Data Transfer Rate ထွက်လာတယ်။ 2.3 နဲ့ပြောင်းပြန် ပြန်တွက်ကြည့်ရင် 24 ဆိုတာ ဟုတ်ရဲ့လားဆိုတာ ပြန်တွက်ကြည့်လိုက်။ 2.3 MB/s သုံးနာရီစာဖမ်းမှာဆိုတော့ အမြှောက် 60 ဆိုရင် တစ်မိနစ်။ အမြှောက် 60 ဆိုရင် တစ်နာရီ။ တစ်နာရီကို သုံးနဲ့မြှောက်။ အဲဒါ ကိုမှ 1024 နဲ့ပြန်စားကြည့်လိုက်။ 24.2 ထွက်တယ်ဆိုတော့ .၂ ကျော်သွားပြီ။ နည်းနည်း Safe ဖြစ်အောင် 2.2 လောက်နဲ့ဖမ်းလို့ရတယ်။ ပြန်တွက်ကြည့်ရအောင်။ 2.2 အမြှောက် 60 ဆိုရင် တစ်မိနစ်၊အမြှောက် 60 ဆိုရင် တစ်နာရီ။ အမြှောက် ၃။ အဲဒါကို 1024 နဲ့စား။ 23.2 GB ။ 2.2 MB/s နဲ့ဖမ်းလို့ရှိရင် သုံးနာရီကို 23.2 GB ကုန်မယ်။ ဒါကြောင့် ဒီ Hard Disc ထဲမှာ အလုပ်လုပ် လို့ရတယ်။ ဒါပေမယ့်လည်း ခုနကျွန်တော်ပြောတဲ့ Free Space ကိုအများကြီး ချန်လို့မရတော့ ဘူး။ 1 Gig လောက်ပဲချန်လို့ရတော့မယ်။ သိပ်တော့မကောင်းဘူးပေါ့။ အလုပ်ကတော့ လုပ်လို့ရ တယ်။ Data Transfer Rate ဆိုတာ အဲဒါပဲ။

No comments: